ရန်ကုန် - ဟိုချီမင်း - မူးနဲ - ဒါလတ် - ဟိုချီမင်း (၅ရက်/၄ညအိပ် ခရီးစဉ်)



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖွဲ့ခေါင်းဆောင်နှင့်တွေ့ဆုံပြီးနောက် ဟိုချီမင်းသို့ စတင်ထွက်ခွာပါမည်။ ဟိုချီမင်းမြို့သို့ ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ရောက်ရှိပြီး ဧည့်လမ်းညွှန်၏ဦးဆောင်မှုနှင့်အတူ ဗီယက်နန်နိုင်ငံ၏ ရှေးအကျဆုံးဘုရား ကျောင်း အဆောက်အဦးတစ်ခုဖြစ်သော Notre Dame Cathedral နှင့် အကြီးဆုံး စာတိုက်ကြီးဖြစ်သည့် the Old Post Office သို့သွားရောက်လည်ပတ်မည်။ ညနေစာအား Saigon မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့်လည်ပတ်ရင်း ဖျော်ဖြေမှုများနှင့် အတူ သင်္ဘောပေါ်တွင်သုံးဆောင်ပါမည်။ ထို့နောက် Ben Thanh ညစျေးသို့စျေးဝယ်ထွက်ရန်ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ညအိပ်-ဟိုချီမင်း



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့မှ မူးနဲသို့ကားဖြင့်ထွက်ခွာပါမည်။ သဲကန္တာရပုံစံ အဖြူရောင်-အနီရောင် သဲတောင်ကုန်းနှင့် အခြားတဖက်တွင် စိမ်းစိုနေသော စိုက်ခင်းများ နှင့်သာယာလှပသော ပင်လယ်ကမ်းခြေတို့၏ ထူးဆန်းသော သဘာဝ အလှကို တွေ့မြင် ခံစားနိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်သည်။ ကန္တာရကဲ့သို့ အနီရောင်သဲများဖြင့် ဖြစ်တည်နေသော Mui Ne ကမ်းခြေတွင် ပျော်ရွှင်ဖွယ်ရာ game များကိုလဲ ကစားနိုင်ပြီး အမှတ်တရ ဓါတ်ပုံ များရိုက်ယူနိုင်ရန်နင့် လွတ်လပ်စွာ အပန်းဖြေနိုင်ရန် ပို့ဆောင် ပေးမည်ဖြစ်ပါသည်။ ထိုနောက် သဘာဝအတိုင်းဖြစ်တည် နေသော Fairy Stream or Pink Stream ပင်လယ်နှင့် ပန်းနုရောင်စမ်းချောင်း၊ တံငါရွာနှင်သဲနီနှင့် သဲဖြူတို့ ထူးခြားစွာ ပေါင်းစပ်ဖွဲ့စည်းထားပြီး ရှားပါးငှက်ဆင်များကို အနီးကပ် မြင်တွေ့နိုင်မည့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော သဲကန္တရ Red & White Sand Dune များအား အပန်းဖြေ လည်ပတ်ရန်ပို့ဆောင်ပေးပါမည်။ ညနေစာသုံးဆောင်ပြီးနောက်ဟိုတယ် တွင် အိပ်စက်အနားယူပါမည်။
ညအိပ်-မူးနဲ



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ပြင်သစ်မြို့လေးအဖြစ် ကမ္ဘာကျော်သော ဒါလတ်မြို့သို့ (၄)နာရီကြာ မောင်းနှင်ပြီး Cable Car ဖြင့် ဒါလတ်မြို့ရှိ Robin တောင်သို့ တက်ရောက်မည် ဖြစ်သည်။ ထိုနောက် ကမ္ဘာလှည့်ခရီးသွား အများစု စိတ်ဝင်စားရာ Truc Lam Pagoda နှင့် Phoenix တောင်ထိပ်မှ အလွန်သာယာလှပသော Tuyen Lam Lake တို့၏ အလှ ကိုတွေ့မြင် ခံစားနိုင်မည်ဖြစ်သည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံသားတို့၏ နောက်ဆုံးမင်းဆက် တည်ရှိခဲ့သော နွေရာသီနန်းတော် Bao Dai’s summer Palace သို့သွားရောက် လေ့လာပါမည်။ ဆက်လက်၍ ဒဏ္ဌာရီဆန်ဆန် မှော်ဝင်အိမ်များအား တည်ဆောက်ရာ The Crazy House တွင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ပြီးနောက် ဒါလတ်ညဈေးသို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ညအိပ်-ဒါလတ်
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် အလွန်သာယာ လှပသော ရေတံခွန် Datable ရေတံခွန် သို့ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော Alpine Coaster များစီး၍ တောင်အောက်သို့ဆင်း၍ သွားရောက် လည်ပတ်ပါမည်။ ထိုနောက် ဒါလတ်မှ ဟိုချီမင်းမြို့သို့ ကားဖြင့်ပြန်လည်ထွက်ခွာပါမည်။ လမ်းခရီးတွင် လက်ဖက်ရည် နှင့် ကော်ဖီကြိုက်နှစ်သက် သူများအတွက် Tea & Coffee Shop တွင် အိမ်အပြန် လက်ဆောင်များ ၀ယ်ယူနိုင်ပါသည်။ ဟိုချီမင်းမြို့တွင် ညနေစာသုံး ဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ညအိပ်-ဟိုချီမင်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းလေဆိပ်သို့ထွက်ခွာပြီး ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ပြန်လည်ထွက်ခွာ မည်ဖြစ်သည်။


(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
Fully Light Travels & Tours Co.Ltd.
844 769380





