Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ရန်ကုန် - ဘန်ကောက် - ပတ္တရား   (၄ညအိပ်/၅ရက်ခရီးစဉ်)

Day 1       ရန်ကုန် - ဘန်ကောက် - ပတ္တရား
( L / D )

bangkok-06bangkok-07

ရန်ကုန်မြို့မှ (DD-4231 08:00-09:50) လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် Tour Guide    မှလာရောက် ကြိုဆိုပါမည်။ထိုနောက် Asia’s Hawaii ဟု ကျော်ကြားသော ပတ္တရားသို့ သွားရောက်မည်။ ထို.နောက် သာယာလှပဖွယ် NongNoochTripical Garden  တွင် လည်ပတ်ရင်း    ထိုင်းရိုးရာဖျော်ဖြေပွဲအကများ နှင့် ဆင်လိမ္မာလေးများ၏ဖျော်ဖြေမှုများကို၀င်ရောက်ကြည့်ရှုပါမည်။  နေ့လည်စာကို NongNooch Triopical Garden ထဲတွင် သုံးဆောင်နိုင်ပါသည်။ ပြီးလျှင် Tiger Zoo သို. သွားရောက်ပြီး    မိချောင်းဥယျာဉ်ကြီးထဲတွင် မိချောင်းပြပွဲ ၊ ဆင်ပြပွဲ၊ ကျားပြပွဲ ၊ ၀က်ပြပွဲ စသည်တို.ကို ၀င်ရောက်ကြည့်ရှုပါမည်။ ဆက်လက်၍ ပတ္တရားရေပေါ်စျေးသို့ သွားရောက်လည်ပတ်ကြပါမည်။ ထိုနောက် Gay Show အားသွားရောက်ကြည့်ရှုရာ ဆန်းကြယ်သော Setting  တင်ဆက်မှု နှင့်ထူးခြားသော    Performance  များကိုတွေ့မြင်နိုင်ပါသည်။     ညစာသုံးဆောင်ပြီးနောက်  ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

ညအိပ် - ပတ္တရား

Day 2      ပတ္တရား - ဘန်ကောက်
( B / L / D )

pattaya-city-03pattaya-city-04

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင် speed boat ဖြင့် ပတ္တရား၏ သာယာလှပသော Coral Island သို့သွားရောက်ပြီး လှပသော သဲသောင်ဖြူပေါ်တွင် စိမ်းပြာရောင်ပင်လယ်ရေဖြင့် ၀န်းရံထားသော ကျွန်းပေါ်တွင် မိမိရင်ခုန်စွာ လေထီးစီးခြင်းရေပေါ် Water Sports မျိုးစုံကို (မိမိစရိတ်ဖြင့်)ပျော်ရွှင်စွာကစားပါမည်။ထို့နောက် Art In Paradise သို့သွားရောက် လည်ပတ်ကြပါမည်။ Art In Paradise သည် ထူးခြားပြောင်မြောက်သော 3D Art Museum တစ်ခုဖြစ်ပြီး 3D ပန်းချီကားများနှင့် အတူဓါတ်ပုံရိုက်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါသည်။ ဆက်လက်၍ဘန်ကောက်သို့ ကားဖြင့်ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမည်။

ညအိပ်-ဘန်ကောက်

Day 3      ဘန်ကောက်
( B / L / D )

safary-world-03safary-world-04

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးသော တိရိစ္ဆာန်ဥယျာဉ် အပန်းဖြေစခန်းဖြစ်သည့် Safari Worldအတွင်းရှိ ကုန်းနေ၊ ရေနေ၊ လေပေါ်ပျံဝဲနေသော သတ္တဝါများ၏ သဘာဝအလေ့အထများအား လေ့လာပြီးချစ်စရာ သတ္တဝါလေးများ၏ ပြပွဲမျိုးစုံကို တွေ.မြင်ခံစားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကြပါမည်။ ပြီးလျှင် Center World  ၊ Big  C  နှင့် Terminal 21 များသို့ Shopping ထွက်ရန်ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - ဘန်ကောက်

Day 4      ဘန်ကောက်
( B / L / D )

bangkok-08bangkok-09

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဘုရင့်နန်းတော် (The Royal Grand Palace) နှင့် မြဘုရား (The Emerald Buddha Temple), ဖယောင်းရုပ်ထုပြတိုက် Madame tussaud တို.ကို သွားရောက်လည်ပတ်ပါမည်။ ညစာကို Chao Phraya မြစ်တစ်လျှောက် သာယာငြိမ့်ညောင်းဖွယ် Cruise စီးရင်း Dinner သုံးဆောင်နိုင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ  အိပ်စက်အနားယူပါမည်။

ညအိပ် - ဘန်ကောက်

Day 5      ဘန်ကောက် - ရန်ကုန်
( B / L )

water-sport-05water-sport-04

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နိုင်ငံတကာအဆင့်မှီ သဲထိတ်ရင်ဖိုကစားကွင်းများနှင့် သာယာလှပသော အပန်းဖြေနေရာများရှိရာ ထင်ရှားသော Drean World သို့ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို Dream World ထဲတွင် Lunch Cupon ဖြင့် သုံးဆောင်နိုင်ပါသည်။ ထိုနောက် လေဆိပ် သို့ပို့ဆောင်ပေးပြီး DD-4238(19:30-20:15 ) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ရောက်ရှိပါမည်။

ဧည့်သည်တော်များရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF