ကူမင်း ခရီးစဉ် ( ၄ညအိပ် / ၅ရက်ခရီးစဉ် )


ရန်ကုန်မြို့မှ ကူမင်းမြို့သို့ CA 416 ( 12:15 - 15:45 ) လေယာဉ်ဖြင့် ပျံသန်းရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်ပါမည်။
ညအိပ်-ကူမင်း


နံနက်စာသုံးဆောင်ပြီးလျှင်ကားဖြင့် ( jiuxiang Scenic Area ) ဂျိုရှမ်းသဘာဝလိုဏ်ဂူသို့သွားရောက်လည်ပတ်ပါမည်။ ဂျိုရှမ်း သဘာဝလိုဏ်ဂူကြီးသည် ထူးခြားအံ့မခန်းသော သဘာဝဂူတွင်းအလှ ရှု့ခင်းများဖြစ်သော ကျောက်စွယ်ကျောက်သားများ၊ လှပ သောအမွှာရေတံခွန်နှင့် နတ်လယ်ခင်းများ၊ နတ်သမီးနန်းတော်နှင့် အခြားသဘာဝဆည်ကလေး၊ ထုံးကျောက်ရုပ်ထုများ စသည့် တို့ဖြင့် ကျော်ကြားသော စီလင်မြို့သို့ရောက်၍ ထူးခြားသော “Stone Forest “ စီလင်ထုံးကျောက်တောင် ပုံသဏ္ဌန် အမျိုး မျိုးနှင့် ရှားပါးသောထုံးကျောက်တုံးတို့ကို လည်ပတ်လေ့လာနိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-ကူမင်း


နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ကူမင်းမြို့လယ်ခေါင်နှင့်မီတာ(၆၀၀၀)ကျော်ဝေးကွာသော သက်တမ်း(၃၀၀)ကျော်ရှိ ချင်မင်းဆက်ကစတင်တည်ဆောက််ခဲ့သော Daguan Pavilion ပန်းခြံသို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ကူမင်းမြို့ရှိ နာမည်ကြီး တောင်(၄)တောင်အနက် တောင်(၁)တောင်ဖြစ်သည့် စီရှန်းသို့သွားရောက် လည်ပတ်ပါမည်။ ၄င်းတောင်ကို ကူမင်းမြို့၏ လှပစွာအိပ်စက်နေသော မင်းသမီးဟုလည်း တင်စားခေါ်ဝေါ်ကြပါသည်။ လျောင်းတော်တောင်ဟုလည်းတင်စားခေါ်ဝေါ်ကြပါသည်။ တောင်ထိပ်သို့ Cable Car ဖြင့် တက်ရောက်၍ နာမည်ကျော်ဒဿနိက အဆောက်အအုံဖြစ်သော Huating Temple ၊ Taihua Temple ၊ San Qing Pavilion နှင့် နဂါးတံခါးတို့ကိုလှည့်ပတ်ကြည့်ရှု့နိုင်ပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အနားယူပါမည်။
ညအိပ်-ကူမင်း


နံနက်စာသုံးဆောင်ပြီးလျှင် တိုင်းရင်းသားကျေးရွာသို့ သွားရောက်လည်ပတ်ရာ တိုင်းရင်းသားတို့၏ ဓလေ့နှင့်ရိုးရာအကဖျော်ဖြေမှု များကို ဝင်ရောက်ကြည့်ရှု့ပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ကူမင်းမြို့၏အစည်ကားဆုံးမြို့လည်ခေါင်ရွှေဥမင်းကြက်ဖမုခ်ဦး နှင့်တုံစီးစေတီသို့ သွားရောက်လည်ပတ်ဖူးမြော်ပါမည်။ ဆက်လက်ပြီး နမ့်ပင် ဈေးလမ်းမကြီးတွင် မိမိလွတ်လပ်စွာ ဈေးဝယ်လည်ပတ်နိုင်ပါသည်။ ညစာသုံး ဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ်-ကူမင်း
နံနက်စာသုံးဆောင်ပြီးလျှင်ကူမင်းမြို့မှ CA 415 ( 10:45 -11:15 ) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ပျံသန်းရောက်ရှိပါမည်။


(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
Fully Light Travels & Tours Co.Ltd.
844 769380





