သီရိလင်္ကာ - သီရိမဟာဗောဓိ - အနုရာဓပူရ - ပေါလောနရုဝ - ကန္ဒီ
( ၅ ညအိပ် / ၆ ရက်) ခရီး



ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ( TG 302 – 03:00 – 04:55 )နာရီတွင် ဘန်ကောက်သို့ ပျံသန်းရောက်ရှိပါမည်။ ဆက်လက်၍ ကိုလံဘိုမြို့သို့ ( TG 307 – 22:10 – 12:00 )နာရီတွင် လေယာဉ်ဖြင့် ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံ Guide မှလာ ရောက်ကြိုဆို၍ ဟိုတယ်သို့ Check- in ဝင်ရောက်အိပ် စက်အနားယူပါမည်။
ညအိပ်- Negombo



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သီရိမဟာဗောဓိပင်တည်ရှိရာ အနုရာဓပူရမြို့သို့ ဆက်လက်ထွက်ခွာမည်။ အိန္ဒယ နိုင်ငံ ဘုရားပွင့်တော်မူရာ ဗောဓိပင်မှအကိုင်းအခက်ကို အသောကမင်းကြီး၏သမီးတော် သံဃမိတ္တာထေရီ မှ သယ်ယူစိုက်ပျိုး ခဲ့သော သီရိလင်္ကာနိုင်ငံသားတို့ အမြတ်တနိုးတန်ဖိုးထားရာ မဟာဗောဓိပင်အား သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် ဘီစီ (၂ ) ရာစုခန့်က ကျောင်းတိုင်ပေါင်း ၁၆၀၀ ခန့်ဖြင့်ဆောက်လုပ်ခဲ့သော Lovanmahapaya ၊ အထင်ရှားဆုံးစေတီဖြစ်သည့် Ruwanadi Seya စေတီတော် ၊ ဘီစီ(၃ )ရာစုခန့်က တည်ထားသော ဗုဒ္ဓရုပ်ပွားတော်များအနက် ထင်ရှားကျော်ကြားသည့် သမာဓိဗုဒ္ဓရုပ်ပွား တော် ၊ ဘီစီ (၃ ) ရာစုခန့်က ကျောင်းတော်တွင် တည်ထားသော Ruvanveliseya ကျောင်းတော် ၊ ရဟန်းသံဃာတော်များ ချိုး တော် ရေ သုံးရာ တနွှာရေကန်နှစ်ခုဖြစ်သည့် kuttam Pokuna သို့သွားရောက်လေ့လာပါမည်။ သီဟို၌ ရှေ့အကျဆုံးဖြစ်ပြီး မြတ်စွာဘုရား၏ ညာဘက်ညှပ်ရိုးတော်မှဋ္ဌာပနာထားသော ထူပါရာမစေတီ ၊ငရုပ်သီးစေတီတို့ကို သွားရောက်လည်ပတ် ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓသာသနာစတင်ထွန်းကားရာ ဘူမိနတ်သန်နေရာဖြစ်သော မဟိန္တလေတောင်ရှိ အမ္ဘတ္တလေစေတီကို သွားရောက်ဖူးမြော်ပါမည်။ ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက် အနားယူပါမည်။
ညအိပ်- Anuradapura



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဗရက္ကမဗာဟုမင်း ၏ နန်းတော်ဟောင်းနေရာ ၊ အကောင်းဆုံးလက်ရာဖြစ်ပြီး ကျောက်သားတွင် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်များတည်ရှိရာ ဂေါဝိဟာရ ဘုရားကျောင်းစွယ်တော်တိုက်ဟောင်း စသည့် သမိုင်းဝင်လေ့လာစရာများရှိသော ပေါလောနရုဝမြို့တော်ဟောင်းကိုလေ့လာမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် သီရိလင်္ကာနိုင်ငံ၏ စွဲဆောင်မှု့အကောင်းဆုံးတစ်ခုဖြစ်သော ရှေးဟောင်း နံရံဆေးရေးပန်းချီများ လေ့လာရန် စီဂီရိယတောင် သို့ တက်ရောက်လေ့လာမည်။ ညစာသုံး ဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - Sigiriya



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒမ္ဘူလ သို့ ဆက်လက်ထွက်ခွာမည်။ ထိုမြို့တွင် ခရစ်တော်မပေါ်မှီ (၁)ရာစုခန့် က ရဟန္တာမထေရ်မြတ်များ သီတင်းသုံးတော်မူခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် ( ၁၅၀ )ကျော်ခန့် ကိန်းဝပ်ရာ Dembulla Rock Temple သို့ သွားရောက်ဖူးမြော်ပါမည်။ နေ့လယ်စာ သုံးဆောင်ပြီးလျှင် ကန္ဒီသို့ ဆက်လက်ထွက်ခွာရာ လမ်းတွင် Spice Garden ( ဟင်းခတ်အမွေးအကြိုင်) စိုက်ခင်းသို့ ဝင်ရောက်လေ့လာပါမည်။ ညနေခင်းတွင် ( ၁၀ )ရက်တိုင်တိုင် ကျင်းပလေ့ရှိသော သီရိလင်္ကာ နိုင်ငံ၏ ယဉ်ကျေးမှုများကို ခံစားနိုင်သည့် စွယ်တော်ပူဇော်ပွဲ၏ မီးရောင်စုံ စီတန်း လှည့်လည်ကြပုံများကို အထူးတန်းမှ ကြည့်ရှု့ ပါမည်။ ညစာ သုံး ဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက် အနားယူပါမည်။
ညအိပ်- Kandy



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကန္ဒီမြို့ရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်မြတ်ထားရာ သာရီရိကဓာတ်တော်ဖြစ်သော စွယ်တော်မြတ်အား သွားရောက် ဖူးမြော်ကြ ပါမည်။ ထိုနောက် နေ့လည်စာ သုံးဆောင်ပြီး လျှင် Little England ဟု တင်စားလောက်သော Nuwara Eliya တောင်ပေါ်သို့သွားရောက်၍ ပန်းချီကားသဖွယ် လှပသော တောင်များ ၊ လျှိုမြောင်များ ၊ ရေတံခွန်များနှင့် လက်ဖက်စိုက်ခင်းများကိုလည်း အံမခန်း တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ၄င်းဒေသသည် မြန်မာနိုင်ငံရှိ ကလောမြို့လေးကဲ့သို့ ရာသီဥတုရှိပြီး စိမ်းလန်းသော စိုက်ခင်းများဖြင့် အလွန်သာယာ လှပပါသည်။ မြူနှင်းများကျသော ဒေသဖြစ်၍ သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက် စိုက်ခင်းများလည်း တွေ့မြင်ရပါမည််။ ထို့ပြင် ၄င်းဒေသရှိ ချစ်စရာအိမ်များမှာ အင်္ဂလိပ်ပုံသဏ္ဍန်များလွမ်းမိုး၍ ဆောက်လုပ်ထားပါသည်။ ညနေပိုင်းတွင် Victori Park သို့ လည်း သွားရောက်လည်ပတ်ရာ ပန်းပေါင်းစုံ နှင့် ရှားပါသည့်ငှက်မျိုးစုံ ကိုလည်း တွေ့မြင်ရပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက် အိပ်စက်အနားယူ ပါမည်။
ညအိပ်- Nuwara Eliya



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Nuwara Eliya ရှိ လက်ဖက်ခြောက် နှင့် လက်ဖက်ရည်မှုန့်များထုတ်လုပ်ရာ (Tea Factory )သို့သွားရောက်၍ အမှတ်တရဓါတ်ပုံရိုက်ရင်းမိမိစိတ်ကြိုက် ဝယ်ယူနိုင်ပါသည်။ ထို့နောက် သီရိလင်္ကာ၏ မြို့တော်ဖြစ်သော ကိုလံဘို သို့ ထွက်ခွာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် မြတ်စွာဘုရားသည် သုံးကြိမ်မြောက် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်တော်မူရာ နေရာနှင့် ဓမ္မစေတီမင်းလက်ထက်တွင် မြန်မာရဟန်းတော်များ စေလွတ် ရဟန်းခံ ( သိက္ခာထပ်ရာ) ကလျာဏီသိမ်တော် နှင့် Gangaramaya Temple သို့ သွားရောက်ဖူးမြော်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် လေဆိပ်သို့ ပို့ဆောင်ပေးပြီး ဘန်ကောက်မြို့သို့ ( TG 380 - 01:20 – 06:15 )လေယာဉ်ဖြင့် ရောက်ရှိပြီး ဆက်လက်၍ ( TG 303 - 07:55 – 08:50 ) ဖြင်ရန်ကုန်မြို့သိုချောမောစွာ ပြန်လည်ရောက်ရှိပါမည်။