သြစတြေးလျအလည်အပတ် ခရီးစဉ်(၈ ညအိပ်၊ ၉ ရက် ခရီးစဉ် )


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leader နှင့်တွေ့ဆုံ၍ Singapore သို့ထွက်ခွာ၍ နေ့လည်စာကို လေယာဉ်ပေါ်တွင်သုံးဆောင်ပါ မည်။ ဆက်လက်၍ Sydney သို့ထွက်ခွာပါမည်။
ညအိပ်- Sydney
နံနက်ပိုင်းတွင် Sydney လေဆိပ်သို့ရောက်ရှိ၍ Local Guide မှလာရောက်ကြိုဆိုပါ မည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် “4Star” အဆင့်ရှိ Hotel တွင် Check-In ၀င်၍ အနားယူပါမည်။ညနေပိုင်းတွင် “Bondi Beach” သို့သွားရောက်ကာ အနားယူ အပန်းဖြေပါမည်။ နေ့လည်စာနှင့်ညစာကို “Local Restaurant” တွင်သုံးဆောင် ပါမည်။ ထို့နောက် ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်- Sydney

Hotel တွင် နံနက်စာသုံးဆောင်ပြီးလျှင် “Sydney Fish Market” နှင့် “Royal Botanic Garden” တို့ကို လေ့လာ လည်ပတ်ကြပါမည်။ Sydney မြို့၏ အထင်ကရ နေရာများဖြစ်ကြသော “Mrs.Macquarie’s Point” ၊ လှပဆန်းကျယ်သော ဗိသုကာလက်ရာတို့ဖြင့် တင့်တယ်လှသည့် “Sydney Opeara House” တို့ကို သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Sydney ၏ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် The Rock သို့ သွားရောက်လည်ပတ်ပြီး နာမည်ကျော် “Sydney Harbours Bridge” နှင့် အမှတ်တရဓာတ်ပုံရိုက်ကြပါမည်။ နေ့လည်စာ နှင့် ညစာကို “Local Restaurant” တွင် သုံးဆောင် ပါမည်။ ထို့နောက်ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်- Sydney


Hotel တွင် Buffet ဖြင့်နံနက်စာသုံးဆောင်ပြီးလျှင် ရင်သပ်ရှု့မောဖွယ်သာယာ လှပသောရှု့မျော်ခင်းများကိုကြည့်ရှုခံစားနိုင်မည့်သဘာဝတောင်တန်း “Blue Mountains” သို့ထွက်ခွာပါမည်။ “Wentworth” ရေတံခွန်နှင့် “Jamison” တောင်ကြားတို့၏ အလှကိုကြည့်ရှု့ခံစားပြီး နေ့လည်စာသုံးဆောင်ကြပါမည်။ လေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာသော “ThreeSisters” တောင်စွယ်နှင့် ပဲ့တင်သံဖြစ်ပေါ်ရာ “Echo Point” တို့ကိုလည်း “Scenic Railway” ပေါ်မှ ကြည့်ရှု့ခံစားပြီးထူးခြားအံ့ဖွယ် “Jenolan Cave ၊Grand Arch”နှင့်လျှို့ဝှက်ဆန်းကြယ်သော“Blue Lake” အစရှိသောနေရာများသို့ သွားရောက် လေ့လာလည်ပတ်မည်။ထို့နောက်ညနေပိုင်းတွင် “Sydney” သို့ပြန်လည်ထွက်ခွာပါမည်။ ညစာကို “Loacal Restaurant” တွင်သုံးဆောင် ၍ ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်- Sydney


Hotelတွင် Buffet ဖြင့် နံနက်စာသုံးဆောင်ပြီးနောက် “Featherdale Wild Life Park” သို့သွားရောက်ကာ ချစ်စဖွယ်သားပိုက်ကောင်လေးများနှင့် သြစတြေးလျ၏ရှားပါးတိရိစ္ဆာန်စိတ်များကို လှည့်ပတ်လေ့လာကြပါမည်။ ထို့နောက် “Darling Harboun St.Mary Cathedral ၊ Hyde Park “နှင့် ရှေးဟောင်းအနုပညာလက်ရာများ စုဝေးရာ “NSW Arts Gallery” တို့ကို သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို “Local Resturant” တွင် သုံးဆောင်ပြီး “Sydney Tower Eye” သို့သွားရောက်လည်ပတ်ကြပါမည်။ “Sydney Harbour” တွင် Cruise စီးရင်း Sydney မြို့၏အလှကို ကြည့်ရှု့ကာညစာသုံးဆောင်ကြပါမည်။ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
ညအိပ်- Sydney


ဟိုတယ်တွင် Buffet ဖြင့်နံနက်စာသုံးဆောင်ပြီးလျှင် Check-Out ထွက်ပါ မည်။ Sydney လေဆိပ်မှပြည်တွင်းလေကြောင်းဖြင့်နေ့လည်တွင်ထွက်ခွာပြီး ”Gold Coast” သို့နေ့လည်တွင်ရောက်ရှိပါမည်။နေ့လည်စာကို “Local Restaurant” တွင်သုံးဆောင်ပြီးလေဆာနည်းပညာဖြင့်ပြုလုပ်ထားသောအ ထိမ်းအမှတ်ပြတိုက်တစ်ခုဖြစ်သည့် “Point Danger Light House” သို့ သွားရောက်လည်ပတ်ကြပါမည်။သာယာလှပသော“Golden Coast” ကမ်းခြေ များတွင်အနားယူအပန်းဖြေကြပြီးလျှင် “Pacific Fair Shopping Centre” တွင်စိတ်ကြိုက်စျေးဝယ်ထွက်ကြပါမည်။ ညစာကို “Local Resturant” တွင်သုံးဆောင်ပြီးလျှင် 4 Star အဆင့်ရှိ Hotel တွင် Check-In ၀င်၍ အေးချမ်းစွာအိပ်စက်အနားယူကြပါမည်။
ညအိပ်-Gold Coast


ဟိုတယ်တွင် Buffet ဖြင့် နံနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် “Sea World Them Park” သို့သွားရောက်လည်ပတ်ပြီး “Them Park” အတွင်း စိတ်လှုပ်ရှားဖွယ်ကစားနည်းမျိုးစုံနှင့်ပျော်ရွှင်ဖွယ်ရေကစားနည်းများကိုစိတ်ကြိုက် အပန်းဖြေကစားကြပါမည်။ နေ့လည်စာကို “Sea World Restaurant” တွင် သုံးဆောင်ပြီးလျှင်ချစ်စဖွယ် “Dolphin” လေးများနှင့်အခြားချစ်စဖွယ်ရေသတ္တဝါ လေးများ၏သရုပ်ပြတင်ဆက်မှုတို့ကိုကြည့်ရှုခံစားအပန်းဖြေကြပါမည်။ ညနေပိုင်း တွင်နာမည်ကျော် “Marina Mirage” တွင်စိတ်ကြိုက်စျေးဝယ်ထွက်ပြီး ညစာကို ”International Buffet” ဖြင့်သုံးဆောင်ကြပါမည်။ ဟိုတယ်သို့အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-Gold Coast


ဟိုတယ်တွင် Buffet ဖြင့် နံနက်စာသုံးဆောင်ပြီးနောက် Check-Out ထွက်ကာ “Brisbane” သို့ ဆက်လက်ထွက်ခွာကြပါမည်။နေ့လည်စာသုံး ဆောင်ပြီးနောက် “City Tour” အနေ ဖြင့် City Hall ၊ parliament House ၊ St.John’t Cathedral နှင့် Thresury Casino တို့ကိုလည်ပတ်ကာသာယာလှပသော South Bank Parklands နှင့် Kangaroo Point တို့ကိုသွားရောက်လေ့လာပါမည်။ညနေပိုင်းတွင် Queen Street Mall တွင် စိတ်ကြိုက်စျေးဝယ်ထွက်ပြီးညစာကို Hot pot Buffet ဖြင့်သုံးဆောင်ကြပါမည်။ Brisbane လေဆိပ်သို့ထွက်ခွာပြီး Singapore သို့ထွက်ခွာပါမည်။
Singapore သို့ Transit ဖြတ်သန်းပါမည်။ နံနက်စာကိုလေယာဉ်ပေါ်တွင် သုံးဆောင်ပါမည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မနက်တွင်စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။


(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
Fully Light Travels & Tours Co.Ltd.
844 769380





