ကမ္ဘောဒီးယား(၆)ရက်ခရီးစဉ်



လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်း၍ ဘန်ကောက်မှတဆင့် ညနေ PG-907 (13:45- 14:45) လေယာဉ်ဖြင့် Siem Reap မြို့သို့ ပျံသန်းရောက်ရှိပါမည်။ ဆက်လက်၍ Les Artisans d’ Angkor,Stone Carving Of Khmer Artisans တို့ကို သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဆီရမ်ရိမြို့အလှကို ကြည့်ရှုရင်း Shopping ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-ဆီရမ်ရိ



ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် ‘ခမာဘုရင်’ မျိုးနွယ်များ၏ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံကြီးကို သွားရောက် လည်ပတ်ပါမည်။ “Angkor Thom” မြို့ဟောင်းကြီးသို့ လှည့်ပတ်လေ့လာရာ “ Bayan Temple ” , “Terrace of Elephant” , “Leper King Terrace ” ဆင်တိုက်ပွဲများကို ကြည့်ရှု့လေ့လာပါမည်။ ညနေခင်းတွင် “Phnom Bakheng” ပါကိန်းဘုရားအား ဖူးမြော်ပြီး တောင်ပေါ်သို့ သွားရောက်၍ နေဝင်ဆည်းဆာရှု့ခင်းအား သွား ရောက်ရှု့စားပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-ဆီရမ်ရိ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အမျိုးသမီးများဦးစီးပြီး ထွင်းထုတည်ဆောက်ထားသော“Banteay Sry Temple”,“Angkor Wat Palace”,ရှေးဟောင်းတရားရုံးနှင့်“Angkor Wat” ဘုရားကျောင်းကြီးထဲတွင်ဝင်ရောက်လေ့လာလည်ပတ်ပါမည်။Angkor Wat သည်AD 802-1201b အတွင်း တည်ဆောက်ခဲ့သော အဆောက်အဦးဖြစ်ပြီး စတုရန်းကီလိုမီတာ (၄၀)ကျယ်ဝန်းရာ အဆောက်အဦးပေါင်း ၆၀၀ ကျော် ရှိပါသည်။ ပြောင်မြောက်သော ကျောက်ဆစ်လက်ရာဖြင့် ကမ္ဘာပေါ်တွင် နာမည်တွင်ခဲ့ပါသည်။ ထို့နောက် ခမာရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်နှင့် “Special Buffet” ဖြင့် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-ဆီရမ်ရိ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Prasat Kravan, Sras Srang, Banteay Kdei, Takeo, Taprohm စသည့် အထင်ကရနေရာများကို သွားရောက်ကြည့်ရှု့လေ့လာပါမည်။ အရှေ့တောင်အာရှနိုင်ငံရှိ အကြီးဆုံးဖြစ်သော အင်း(Tonle Sap Lake) သို့ သွားရောက်လေ့လာလည်ပတ်ရာ ထိုအင်းကြီးထဲတွင် နေ့စဉ်မှီခီုနေထိုင်ကျက်စားကြသော ဒေသခံများ၏ ဘဝဓလေ့များကိုလည်း တွေ့မြင်ကြရပါမည်။ ထို့နောက် Cruise စီးရန် ပို့ဆောင် ပေးပါ မည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-ဖနွမ်းပင်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့တော်ရှိ ငွေဘုရားတည်ထားလျှက်ရှိသော “Silver Pagoda” ၊”Royal Palace” နန်းတော်နှင့် ဥယာဉ်များ ၊နန်းတွင်းထဲရှိ ရှေးခေတ်အဖိုးတန် အမွေအနှစ်များ၊ မြဘုရားနှင့်ကျောင်းတိုက်များ ကိုလည်း ဖူးမြော်လေ့လာပါမည်။ ထို့နောက် အထင်ကရဖြစ်သော “Independence Monument” လွတ်လပ်ရေးကျောက်တိုင်နှင့်National Museum, Tuol Sleng Museum (သို့) S21 ခေါ် ခမာ အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ပြုပြင်ဖန်တီးထားသော အကျင်းထောင်အား လေ့လာပါမည်။ ဆက်လက်၍ အိမ်ပြန်အမှတ်တရလက်ဆောင်များ ဝယ်နိုင်ရန် “Russian Market” (Phsar Toul Tom Pong) သို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်- ဖနွမ်းပင်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Wat Phnom Hill သို့လည်ပတ်ကြပါမည်။ ထို့နောက် “Phnom Penh” မြို့မှ PG-930( 13:45-14:55 ) လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိရာ ထိုမှတဆင့် PG-703 (16:45-17:35) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။