ရန်ကုန် - ချိန်တူး - လော့စန်း - အဲန်မေစန်း (၅ရက် / ၄ညအိပ်ခရီးစဉ်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် Tour Leader နှင့်တွေ့ဆုံပြီး ချိန်တူးမြို့ (CA-415 12:30-18: 50 ) ဖြင့်တိုက်ရိုက် ပျံသန်းရောက်ရှိပါမည်။ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် Check In ၀င်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ချိန်တူး



ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ခွမ်းဂျိုင့်လမ်းမ သို့ သွားရောက်လေ့လာပါမည် ။၄င်းလမ်းမသည်ထူးခြားသောတရုတ်ပြည်ခေတ်ဟောင်းကာလ၏ ဗိသုကာလက်ရာနှင့် ခေတ်မီသောလူနေအိမ်ပုံစံများကို ရှု့မြင်ရပါမည်။ထို့မှတဆင့် သင်္ဘောဖြင့် မြစ်သုံးမြစ်ဆုံရာ နေရာရှိ တောင်တစ်ခုလုံးကိုထွင်းထုထားသော လော့စန်းဘုရားကြီးကို သင်္ဘောပေါ်မှ ကြည်ညိုပါမည်။ ဆက်လက်၍ လော့စန်းဘုရားကြီးကို ဖူးမြော်ပါမည်။နေ့လယ်စာသုံးဆောင်ပြီးလျှင်ကားဖြင့် ၁နာရီခွဲကြာ မောင်း၍ အော့မေရှန်းမြို့ သို့ ရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက် အနားယူပါမည်။
ညအိပ်-အော့မေရှန်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အယ်မေတောင်ခြေမှ Cable Train ဖြင့် MT.EMEI တောင်ထိပ်သို့သွားရောက်ပါမည်။၄င်းအမ်မေတောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်ပေပေါင်း ၁၀၀၀၀-ကျော်မြင့်ပြီး ဗုဒ္ဓဘာသာ နှင့် သဘာဝရှု့ခင်းသာဒေသကြီးတစ်ခုဖြစ်ပါသည်။ ၄င်းဘုရားတောင်သည် တရုတ်ပြည်၏ အထွဋ်အမြတ် ကိုးကွယ်သောဘုရားတောင်(၄)တောင်ထဲမှ ဘုရားတောင်တစ်တောင်ဖြစ်သည်။ တောင်ထိပ်တွင် ဖူလျှန်ရဟန္တာ တောထွက်ခဲ့ရာနေရာ ဖြစ်သောကြောင့် တောင်ပေါ်တွင်တည်ထားပြီး ရှု့ခင်းလှပသော တိမ်ပင်လယ်ကြီးနှင့် တိမ်ထက်မြင့်သော ရွှေဘုရားကို ဖူးမြော်ရလိမ့်မည်။ တောင်ပေါ်ဘုရားတွင် နေ့လည်စာကိုသတ်သတ်လွတ်သုံးဆောင်ပါမည်။ ဆက်လက်၍ ကားဖြင့် ချိန်တူးမြို့သို့ထွက်ခွာပါမည် ။ ညစာသုံးဆောင်ပြီးလျှင်စီချွမ်မြို့၏ မှော်ဆန်သောရုပ်ပြောင်းရုပ်လွှဲ အနုပညာဖျော်ဖြေမှု ကိုလည်း သွားရောက် ကြည့်ရှု့ပါမည်။ ထို့နောက်ဟိုတယ်သို့ ၀င်ရောက်အိပ်စက် အနားယူပါမည်။
ညအိပ်-ချိန်တူး



ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် စည်ကားပြီး “CCTV”မှ အမြဲလာရောက်ရိုက်ကူးသည့် ရိုက်ကွင်းတစ်ခု ဖြစ်သော “ကျင်လီ” စျေးလမ်းမကြီးသို့ပို့ဆောင်ပေးပါမည်။ ထို့နောက် “Panda” ဌာနေသို့ သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ “Panda” ပြတိုက်၊ လိပ်ပြာပြတိုက် ၊ “Panda” ၏အပြင်လှုပ်ရှားရာဒေသ ၊ “Panda”၏ မွေးဖွားသည့်နေရာ ပြခန်းများကို ကြည့်ရှု့ကြပါမည်။ ထို့နောက်စည်ကားသော ချွမ်းရှီးစျေးလမ်းမကြီးသို့ မိမိလွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-ချိန်တူး
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ထိုနောက် ချိန်တူးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ(CA-415 08:20-11:30)ဖြင့် ရန်ကုန် သို့တိုက်ရိုက် ပျံသန်းရောက်ရှိပါမည်။