Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ဥရောပ (၆) နိုင်ငံ ၁၄ ရက် - ၁၃ ညခရီးစဉ်
ပြင်သစ် - ဘယ်လ်ဂျီယံ - နယ်သာလန် - ဂျာမနီ - ဆွစ်ဇာလန် - အီတလီ

Day 1      ရန်ကုန် -  ဘန်ကောက် -  ပြင်သစ်
( - / -/ D )

ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘန်ကောက် သို့ TG 306 (19:45-21:40)  လေယာဉ်ဖြင့် ထွက်ခွာပါမည်။ ဆက်လက်၍ ဘန်ကောက် မှတဆင့် TG 930 ( 00:05-07:05 ) လေယာဉ်ဖြင့်ပြင်သစ်နိုင်ငံသို့ ပျံသန်း ရောက်ရှိ၍  ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို၍ ညစာသုံးဆောင်ပါမည်။ ထို့နောက်  ဟိုတယ်သို့ check in  ဝင်၍    အိပ်စက်အနားယူပါမည်။

ညအိပ်- ပြင်သစ်

Day 2      ပြင်သစ်
( B / L / D )

europe-01europe-02

ဟိုတယ်တွင်နံနက်စာ  သုံးဆောင်ပြီးလျှင် Versailles သို့ကားဖြင့်  ထွက်ခွာပါမည်။ ထိုနောက် ကမ္ဘာကျော် Versailles Palace” သို့ သွားရောက် လည်ပတ်ပါမည်။ထိုနောက် ပဲရစ်မြို့လယ် ပေ၁၀၆၃ ပေမြင့်ပြီး အထပ်ပေါင်း ၈၂ ထပ်ရှိသည့် Effel Tower မျှော်စင်၏  ဒုတိယထပ်မှ မြို့အလှကို ခံစားနိုင်ရန် ပို့ဆောင်ပေးပါမည်။ဆက်လက်၍     Seine River တွင် အပျော်စီး Cruise စီးရင်း     ပြင်သစ်မြို့အလှကိုကြည့်ရှုခံစားကြပါမည်။ ညစာကို  တရုတ်စားသောက်ဆိုင်တွင်  သုံးဆောင်ပြီးနောက်  ဟိုတယ်တွင်  အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်- ပြင်သစ်

Day 3      ပြင်သစ်
( B / L / D )

europe-03europe-04

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် ပြင်သစ်မြို့၏ အထင်ကရဖြစ်သော Louvre Museum သို့သွားရောက် လည်ပတ်ပါမည်။တရုတ်ပြည် ပီကင်းမှာရှိသည့် Forbidden city Museum ပြီးလျှင် Louvre သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဖြစ်ပါသည်။ ထိုနောက် လွတ်လပ်စွာ စျေးဝယ်ထွက်နိုင်ရန် နာမည်ကြီး Branded များရှိရာ Galleries Lafayette ပို့ဆောင်ပေးပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်- ပြင်သစ်

Day 4      ပြင်သစ် - ဘရစ်ဆဲလ် (ဘယ်လဂျီယမ်)  -  ရိုစတာဒမ် (နယ်သလန်)
( B / L / D )

europe-05europe-06

ဟိုတယ်တွင် နံနက်စာ  သုံးဆောင်ပြီးလျှင်     ကားဖြင့်  ပဲရစ်မှ ဘရပ်ဆဲလ်သို့ရောက်ရှိပါမည်။  နေ့လည်စာ သုံးဆောင်ပြီးလျှင်   တူးရစ် Attraction နေရာ တစ်ခုုဖြစ်တဲ့ Grand Place နှင့်   အနီးရှိ   Manneken Pis ရုပ်ထုကလေး၊   1958 Brussels World's Fair အတွက် Stainless Steel ဖြင့်တည်ဆောက်ထားသည့်   အမ်တမ်ပုံAtomium (ယခုမြူစီယမ် )  ဖြစ်သော  နေရာများအား လည်ပတ်ကြပါမည်။  ထို့နောက် ရိုစတာဒမ် သို့ဆက်လက် ထွက်ခွာပါမည်။ ညစာကိုတရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင်  အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်- ရိုစတာဒမ်

Day 5      ရိုစတာဒမ် (နယ်သလန်) - Zannschans - အမ်စတာဒမ်    (ဟော်လန်)
( B / L / D )

europe-07europe-08

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် Zannschans သို့ကားဖြင့် ထွက်ခွာပါမည်။ ထိုနောက် ရိုးရာ သစ်သားဖိနစ်နှင့် အမ်စတာဒမ်မြို့ရှိ Zaans Schans Cheese စက်ရုံသို့သွားရောက် လည်ပတ်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် အမ်စတာဒမ် City Centre သို့သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်- အမ်စတာဒမ်

Day 6      အမ်စတာဒမ် (ဟော်လန်) - Keukenhof - ကိုလုံ   (ဂျာမနီ)
( B / L / D )

europe-09europe-10

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် Keukenhof သို့ကားဖြင့်သွားရောက်ပါမည်။ ရောင်စုံ ကျုးလစ်ပန်းများဖြင့် အလှဆင်ထားသော Keukenhof Garden ကျူးလစ်ပန်းဥယျောဉ်သို့ သွားရောက်၍ အလှဓါတ်ပုံများ ရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ကိုလုံသို့ထွက်ခွာပါမည်။ကိုလုံသို့ရောက်ရှိရာ ညစာကိုတရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ် - ကိုလုံ

Day 7      ကိုလုံ - ဖရန်ဖတ်   (ဂျာမနီ)
( B / L / D )

europe-11europe-12

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင်ဖရန်ဖတ်သို့ကားဖြင့်သွားရောက်ပါမည်။ဖရန်ဖတ်သို့ရောက်ရှိရာ နေ့လည်စာ သုံးဆောင်ပြီးနောက် ဂျာမနီနိုင်ငံ ဖရန်ဖတ်မြို့ဟောင်းထဲတွင် လွတ်လပ်စွာ လည်ပတ်နိုင်ရန်နှင့် မိမိစိတ်ကြိုက် စျေးဝယ်နိုင်ရန် အချိန်ရရှိပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - ဖရန်ဖတ်

Day 8      ဖရန်ဖတ် - လူဇန်း   (ဆွစ်ဇာလန်)
( B / L / D )

europe-13europe-14

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင်် ဆွစ်ဇာလန်နိုင်ငံ လူဇန်း သို့ကားဖြင့်သွားရောက်ပါမည်။လူဇန်း သို့ ရောက်ရှိရာ နေ့လည်စာ သုံးဆောင်ပြီးနောက်Swiss Guards ဆွစ်တိုင်းပြည်၏ အစောင့်အရှောက်လို့ ယုံကြည်ထားတဲ့ Lion Monument နှင့် Chapel Bridge သစ်သားတံတားများသို့ လည်ပတ်ကြည့်ရှုရန် ပို့ဆောင်ပေးပါမည်။ “Chapel” တံတားကိုဖြတ်ပြီး လမ်းလျှောက်ရင်း လည်ပတ်ကြပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - လူဇန်း

Day 9      လူဇန်း - တစ်လစ် (ဆွစ်ဇာလန်) - မီလန် (အီတလီ)
( B / L / D )

europe-15europe-16

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကားဖြင့် တစ်လစ်မြို့ သို့ ရောက်ရှိ၍ Alps တောင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် အမြင့်ပေ၁၆၀၀၀ကျော်ခန့်ရှိသော Mt Titlis ကို ကေဘယ်ကားစီးပြီး လည်ပတ်ကြပါမည်။နေ့လည်စာ သုံးဆောင်ပြီးလျှင်အီတလီနိုင်ငံ မီလန် သို့ ဆက်လက် ထွက်ခွာ ပါမည်။ မီလန်သို့ရောက်ရှိရာ ၁၇ ရာစုတွင် မာဘယ်ကျောက်သားဖြူဖြင့်ဆောက်လုပ်ပြီးကမ္ဘာပပဉ္စမမြောက် အကြီးဆုံးဘုရားကျောင်း Gotic စတိုင် Duomo di Milano တွင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးရန်ပို့ဆောင်ဆောင်ပေးပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - မီလန်

Day 10      မီလန် - ဗင်းနစ်      (အီတလီ)
( B / L / D )

europe-17europe-18

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကားဖြင့်ဗင်းနစ်သို့ ထွက်ခွာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် ဟိုတယ်တွင်Check in ၀င်ရောက်ပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - ဗင်းနစ်

Day 11      ဗင်းနစ် - ပီဆာ  (အီတလီ)
( B / L / D )

europe-19europe-20

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Venice Island နှင့် San Marco စကွဲယား နှင့် ဘုရားကျောင်း များအား သွားရောက်လည်ပတ်ကြပါမည်။ဗင်းနစ်မြို့ လေးသည် တူးမြောင်းတွေ တစ်လျှောက်တည်ထားသည့် မြို့ ဖြစ်သည့် အတွက်ကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ဗင်းနစ်မြို့လေးအား လမ်းလျှောက်ရင်းလေ့လာလည်ပတ်ကြပါမည်။ ထိုနောက် ၁၉၉၀ ပြည့်နှစ်တွင် တိုင်းတာချက်အရ ၁၀ ဒီဂရီစောင်းနေသည့် အီတလီနိုင်ငံ၏ ထင်ရှားကျော်ကြားသော ပီဆာမျှော်စင်အား သွားရောက် ကြည့်ရှုကြပါမည်။ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - ဗင်းနစ်

Day 12      ပီဆာ - ရောမ     (အီတလီ)
( B / L / D )

europe-21europe-22

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကားဖြင့် ရောမမြို့သို့ ထွက်ခွာပါမည်။ ရောမသို့ရောက်ရှိရာ နေ့လည်စာ သုံးဆောင်ပြီးလျှင်ရှေးခေတ် ရောမလူမျိုးတို့ တရားစီရင်ရာ ၊ မိန့်ခွန်းပြောကြားရာ အတိတ်က ပုံရိပ်တွေဆီ ခေါ်ဆောင်သွားမည့် RomanForum၊သူရဲကောင်းတို့စီးချင်းထိုးရာ The Colosseum သို့သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - ရောမ

Day 13      ရောမ (အီတလီ)
( B / L / D )

europe-23europe-24

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Vitican Museum နှင့် ဗာတီကန်စီးတီး တွင် ရှိသော နှစ်ပေါင်း ၄၀၀ ခန့် သက်တမ်းရှိ St. Peter's Basilica ဘုရားကျောင်း နှင့် ရင်ပြင်သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် အီတလီဗိသုကာပညာရှင်နီကိုလပ်ဆာဗီး၏ဒီဇိုင်းကမ္ဘာတစ်ဝှမ်းလုံးရှိ ရေပန်းများ အားလုံးတွင် အကျော်ကြားဆုံးဖြစ်သည့် အကြွေစေ့ပစ်၍ ဆုတောင်းရသောTreviFountain,Spanish Steps ယခုခေတ်အချိန်တွင် မော်ဒန်ရှိုးပွဲများ ၊Meeting point, စျေးဝယ်ရာနေရာများ စည်ကားနေသည့်နေရာသို့လည်း ပျော်ရွှင်စွာ သွားရောက် လည်ပတ်ကြပါမည်။ ညစာကို တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ် - ရောမ

Day 14      ရောမ - ဘန်ကောက် - ရန်ကုန်
( B / - / - )

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ပါမည်။ ထိုနောက် လေဆိပ်သို့ပို့ဆောင်ပေးပြီး TG 945(13:55 – 05:45 )ဖြင့် ဘန်ကောက်သို့ပျံသန်းရောက်ရှိပါမည်။ ဘန်ကောက်မှတဆင့် TG 305 (17:50 – 18:45 )ဖြင့် ရန်ကုန်မြို့သို့အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။

 

ဧည့်သည်တော်များရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF