ရန်ကုန်- တိုင်ပေ-တိုင်ကျုံး-တိုင်ပေ- ရိလန်-တိုင်ပေ- ရန်ကုန် ( ၅ညအိပ်/ ၆ရက်ခရီးစဉ်)
ရန်ကုန်လေဆိပ်မှတိုင်ပေမြို့သို့ CI-7916(10:50-16:10) လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။လေဆိပ်တွင်ဒေသခံ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီးလျှင် ညစာသွားရောက်သုံးဆောင်ပါမည်။ ဆက်လက်၍ Ximending ညဈေးတန်းသို့ Shooping ထွက်ပါမည်။ ထို့နောက်ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်ပေ



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Chiang Kai-Shek Memorial Hall, YehliuGro Park ကို လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ရာစုနှစ်တစုတိုင်အောင် ပင်လယ်၏တိုက်စားမှုကြောင့် သဘာဝအတိုင်းဖြစ်တည်နေသောကျောက်တောင် ပုံသဏ္ဍန်များကြောင့် ကျော်ကြားလာသော ပန်းခြံတခုဖြစ်ပါသည်။ Queen Head ဘုရင်မဦးခေါင်းပုံ၊ နတ်သမီးဖိနပ်၊ ဖယောင်း တိုင်ပုံစံကျောက်တုံးများကိုလည်း စိတ်ဝင်စားဖွယ် တွေ့မြင်ရမည်ဖြစ်ပါသည်။ဆက်လက်၍အိမ် (၉)အိမ်ဟုထင်ရှားကျော်ကြား သော Jiufen ဈေးတန်းတွင်ဝင်ရောက်လည်ပတ်ပြီးတိုင်ပေမြို့၏ရှေးအကျဆုံးအဆောက်အဦးများကိုလည်းတွေ့မြင်ရပါမည်။ ထို့နောက် ရေသူမဆိပ်ကမ်းဒေသသို့လည်း ပို့ဆောင်ပေးပါမည်။ညစာသုံးဆောင်ပြီးလျှင်တိုင်ပေမြို့၏အစည်ကားဆုံးဖြစ်သော Shi Lin ညဈေးတန်းကို မိမိစိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ပါသည်။ထိုနောက်ဟိုတယ်သို့ဝင်ရောက်အိပ်စက််အနားယူပါမည်။
ညအိပ်-တိုင်ပေ



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင်ကားဖြင့်တိုင်ကျုံးမြို့သို့ထွက်ခွာပါမည်။ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံးကန်တော်ကြီးပန်းခြံရှိ Sun Moon Lake သို့ပို့ဆောင်ပေးပါမည်။ ရေကန်ကြီးအတွင်းတွင်သင်္ဘောဖြင်လည်ပတ်ကြပြီး နောက်အနီးအနားတွင်တည်ရှိ သော Wen Wu Temples နှင့် Xuanguang Temple တို့ကိုလည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ညဈေးတန်းသို့သွား ရောက်ပို့ဆောင်ပေးပါမည်။ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်ကျုံး



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင်တိုင်ကျုံးမြို့မှကမ္ဘာ့အမြန်ဆုံးကျည်ဆံရထားဖြင့်တိုင်ပေမြို့သို့ထွက်ခွာပါမည်။ဆက်လက်၍ ကားဖြင့်ရိလန်မြို့သို့ထွက်ခွာပါမည်။ ရိလန်မြို့ရှိ ခရိုင်အစိုးရရုံးသို့သွားရောက်ပြီးဖွံဖြိုးတိုးတက်သော ထိုင်ဝမ်နိုင်ငံ၏ စည်းစနစ် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်ပုံတို့ကိုလည်း တွေ.နိုင်ပါမည်။ထို့နောက် National Center for Traditional Arts နှင့်သစ်ခွ ပန်းဥယျာဉ်သို့ သွားရောက်၍အရောင်အသွေးစုံလင် စွာဖူးပွင့်နေကြသော သစ်ခွပန်းမျိုးစုံလင်စွာရှု့မြင်ခံစားနိုင်ပါသည်။ ညစာ သုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်- ရိလန်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ရိလန်မြို့မှထိုင်ဝမ်၏အရှည်လျားဆုံးသော ဥမင်လိုဏ်ခေါင်းကိုကားဖြင့်ဖြတ်ကျော်၍ တိုင်ပေမြို့သို့ ရောက်ရှိပါမည်။ ထိုင်ဝမ်၏ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်အများဆုံးထိန်းသိမ်းထားနိုင်သော National Palace Museum သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ထိုင်ဝမ်နိုင်ငံတိုင်ပေမြို့၏ သင်္ကေတတစ်ခုဖြစ်ပြီး အမြင့်ဆုံး အဆောက်အဦးဖြစ်သည့် 101 Building ကိုသွားရောက် လည်ပတ်ကြပါမည်။ ကမ္ဘာ့ဒုတိယအမြန်ဆုံးဓာတ်လှေကား ဖြင့်ထိုအဆောက်အဦး၏ ၈၉ ထပ်ပေါ်မှ တိုင်ပေမြို့၏ရှု့ခင်းများကို ကြည့်ရှု့ခံစားနိုင်ပါသည်။ ဆက်လက်၍ဝူဖန်ဖူသို့ Shooping ထွက်ပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်ပေ
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင်လေဆိပ်သို့ပို့ဆောင်ပြီး CI7915 (07:00- 09:50)ဖြင့်ရန်ကုန်မြို့သို့ချောမောစွာပြန်လည် ရောက်ရှိပါမည်။