Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

အင်ဒိုနီရှား ဘာလီကျွန်း (၄ ညအိပ် / ၅ ရက်ခရီးစဉ်)

Day 1      Yangon - Bali
( L or D )

ရန်ကုန်မြို.မှ အင်ဒိုနီရှားနိုင်ငံ လေဆိပ်ဖြစ်သော Ngurah Rai International Airport သို့ လေယာဉ် ဖြင့်ပျံသန်းထွက်ခွာပါမည်။ လေဆိပ်တွင် Tour Guide မှလာရောက်ကြိုဆိုပြီး ဟိုတယ်တွင် Check in ၀င်ရောက်အနားယူပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ် -4*ဟိုတယ်

Day 2      Bangkok Dance - Kintamani Volcano & Ubud Tour
( B / L / D )
broung-dance-01
broung-dance-01
broung-dance-01
 

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Batubulan သို့သွားရောက်ကာနာမည်ကျော်ရိုးရာအကတစ်ခုဖြစ်သော Barong Dance အကကို ကြည့်ရှုခံစားပါမည်။ ထိုနောက် Batubulan ပါတိတ်စင်တာ Batik Centre နှင့် Celuk and Mas The Centre of Wood Carving , Gold and Silver ငွေထည်ပစ္စည်းများ အပါအဝင်ရိုးရာပစ္စည်းများကို လေ့လာကြပါမည်။ ဘာလီ၏နာမည်ကြီးဘုရားကျောင်း Tampak Siring သို့သွားရောက်လေ့လာကြပါမည်။ ထိုဘုရားကျောင်းမှ သန့်ရှင်းစင်ကြယ်သော ရေကိုချိုးခြင်းဖြင့် ရောဂါဘယကင်းဝေးသည်ဟုဒေသခံလူမျိုးများကယုံကြည်ကြပါသည်။ ဆက်လက်၍ နေ့လည်စာကို Batur တောင်အနီးရှိ Kintamani Area တွင်ကန်ရေပြင်အလှကိုကြည့်ရှုခံစားရင်းသုံးဆောင်ကြပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Tegalalang Rice Terraces သို့သွားရောက်လေ့လာကြပါမည်။ ညစာကို Jimbaran ကမ်းခြေတွင် ပင်လယ်စာဖြင့်အရသာရှိစွာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ check in ၀င်ပြီးနှစ်ခြိုက်စွာ အိပ်စက်အနားယူပါမည်။

ညအိပ် -4*ဟိုတယ်

Day 3      Bedugul - Tanah Lot Sunset Tour
( B / L / D )
bedugel-01
bedugel-02
bedugel-03
 

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ရှေးဟောင်းဘုရားကျောင်း Taman Ayun သို့လည်ပတ်ကြပါမည်။ ထို့နောက် Candi Kuning ရိုးရာပန်းနှင့်သစ်သီးစျေးသို့ပို့ဆောင်ပေးပါမည်။ ဆက်လက်ပြီး ထင်ရှားကျော်ကြားသော Tanah Lot ဘုရားကျောင်းနှင့် Ulundanu ဘုရားကျောင်းသို့သွားရောက်မည်။ Tanah Lot ဘုရားကျောင်းသည် Berabon Country ၏ ကမ်းရိုးတန်းတွင်တည်ရှိပြီး ကျောက်ဆောင်ကြီးများပေါ်တွင် တည်ဆောက်ထားပါသည်။ ထို့နောက် Monkey Forest တွင် ချစ်စရာမျောက်ကလေးများအားသွားရောက်ကြည့်ရှုပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ check in ၀င်ပြီးနှစ်ခြိုက်စွာ အိပ်စက်အနားယူပါမည်။

ညအိပ် -4*ဟိုတယ်

Day 4      Nusa DuaWater Sport Activities & Southern Part Of Bali Tour
( B / L / D )
nusa-01
nusa-02
nusa-03
 

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Tanjung Benoa (Water Sport Activities) ဖြစ်သော Banana Boat (INCLUDE IN PACKAGE)Tour မှ စီစဉ်ပေးသော ရေပေါ်ကစားနည်းအား ပျော်ရွှင်စွာ ကစားပါမည်။ Krisna Souvenir Shop, Duty free Shop, Brasco Fashion Shop များသို့စိတ်တိုင်းကျ စျေးဝယ်ထွက်ရန် ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ကြပြီးနောက် သာယာလှပသည့် Pandawa ကမ်းခြေတွင် အမှတ်တရဓါတ်ပုံများသွားရောက်ရိုက်ကူးကြပါမည်။ ထိုနောက် ပင်လယ်ရေမျက်နှာပြင် အထက်မီတာ၁၀၀ခန့်ရှိသော တောင်အငူပေါ်ရှိ Benoa ရေကန်၏ အထက်တွင် ဘာလီရိုးရာယဉ်ကျေးမှုအရ ရေစောင့်နတ်သမီး Dawi ကို အဓိကပူဇော်ပသရာ Uluwatu ဘုရားကျောင်းသို့သွားရောက်ပြီး ဆည်းဆာအလှကို ကြည့်ရှုခံစားပါမည်။ ထိုနောက် ဘာလီကျွန်းသားတို့၏ ရိုးရာအကဖြစ်သော Balinese Dance ကိုကြည့်ရှုခံစားပါမည်။ ထို့နောက်ဟိုတယ်သို့ check in ၀င်ပြီးနှစ်ခြိုက်စွာအိပ်စက်အနားယူပါမည်။

ညအိပ် -4*ဟိုတယ်

Day 5      Bali - Yangon
( B )

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Free and Easy မိမိတို့လွတ်လပ်စွာ လည်ပတ်ပါမည်။ ထိုနောက် လေဆိပ်သို့ပို့ဆောင်ပေးပြီးလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့အေးချမ်းပျော်ရွှင်စွာ ပြန်လည်ရောက်ရှိပါမည်။

ဧည့်သည်တော်များရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF