Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ဟောင်ကောင် - စိမ်းဂျိတ် - ကွမ်ဂျိုး - ကျူဟိုင် - မကာအို - ဟောင်ကောင်(၈)ရက်ခရီးစဉ်

Day 1      ရန်ကုန် - ဟောင်ကောင် - စိမ်းဂျိတ်
( - / L / D )

hong-kong-09

 

ရန်ကုန်မြို.အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်Tour Leader နှင့်တွေ့ဆုံ၍ လေဆိပ်မှဟောင်ကောင်မြိုသို့UB8027(09:45-14:15) လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းမည်။ ဟောင်ကောင်မြို့သို့ရောက်ရှိ၍ ကားဖြင့်စိမ်းဂျိတ်မြို့သို့  ထွက်ခွာပါမည်။ စိမ်းဂျိတ်မြို့သည် တရုတ်နိုင်ငံ ပထမဦးဆုံး စျေးကွက်စီးပွားရေးစနစ်ပြဋ္ဌာန်းသောမြို့ ဖြစ်ပါသည်။ ဆက်လက်၍ မိမိလွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို.Check In ၀င်ပါမည်။
ညအိပ်-စိမ်းဂျိတ်

 

Day 2      စိမ်းဂျိတ်
( B / L / D )

sein-jeik-01

 

နံနက်စာသုံးဆောင်ပြီးလျှင် စိမ်းဂျိတ်မြို့၏ မြို့ပြတိုက်ကို ၀င်ရောက် ကြည့်ရှု့ရာ စိမ်းဂျိတ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်သမိုင်းကြောင်းကိုတွေ့မြင်ရလိမ့်မည်။ နေ့လည်ပိုင်း တွင် ‘ကျင်ရှိုကျုံဟွာ’‘Splendid China’ တိုင်းရင်းသားကျေးရွာကြီး ‘China Folk Culture Villages’ ကိုဝင်ရောက်၍ တရုတ်နိုင်ငံ၏ အထင်ကရနှင့် တိုင်းရင်းသား ကျေးရွာများ ပေါင်းစည်းထားသော ဥယျာဉ်ကြီးကိုတွေ့ရပါမည်။ထို့နောက် မြင်းစီးတိုက်ခိုက်မှု သရုပ်ပြပွဲ ကိုသွားရောက်ကြည့်ရှု့ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ၀င်ရောက် အိပ်စက်အနား ယူပါမည်။

ညအိပ်-စိမ်းဂျိတ် 

 

Day 3  စိမ်းဂျိတ် - ကွမ်ဂျိုး
( B / L / D )
sein-jeik-02
sein-jeik-04
sein-jeik-03
 

နံနက်ပိုင်းတွင် ကမ္ဘာ.ပန်းခြံ “ Window of the World” သို.၀င်ရောက်လည်ပတ်ရာ ကမ္ဘာ.အံ့ဖွယ် ရှုခင်းများ ၊ မြန်မာနိုင်ငံ၏ ရွှေတိဂုံ ဘုရားပုံစံငယ်၊ ကမ္ဘောဒီးယားနိုင်ငံ၏ “Angkorwat” ၊ ပြင်သစ်နိုင်ငံ၏ မျှော်စင်ကြီး ၊ အီဂျစ်နိုင်ငံ၏ “Pyramid” နှင့် အနောက်တိုင်းနိုင်ငံကြီးများ၏ အထင်ကရနေရာများကိုလည်း  တွေ.ရှိရမည်။ ဆက်လက်၍    ကွမ်ဂျိုးမြို့သို့ ထွက်ခွာပြီး မြို့ပြ သင်္ကေတဖြစ်သော ယဲ့စိုဥယျာဉ်ကြီးထဲရှိ ဆိတ်ငါးကောင်ရုပ်ထု ကိုလည်း သွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက်ကွမ်းဂျိုးမြို့၏ စည်ကားသော ပီကင်းလမ်းမတွင်    လွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။     ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ ၀င်ရောက်အေးချမ်းစွာအိပ်စက်အနားယူပါမည်

ညအိပ်-ကွမ်ဂျိုး

Day 4  ကွမ်ဂျိုး
( B / L / D )

kwun-joe-01

 

နံနက်စာသုံးဆောင်ပြီးနောက်  အာရှအားကစားပွဲတော် ဖွင့်လှစ်ခဲ့သော ဟိုက်စင်းဥယျာဉ် သို့လည်းဝင်ရောက် လေ့လာပါမည်။ဆက်လက်၍ ဟွာချိန် ရင်ပြင်တော်နှင့် ကွမး်ဂျိုးမြို့၏ ရုပ်မြင်သံကြားစင်မြင့် အသစ်အား အပြင်မှရှုစားပါမည်။ ဆက်လက်၍ ထျန်ဟိုချိန်ရင်ပြင်တော် ပေါ်သို့လည်း  သွားရောက် လည်ပတ်မည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်၍  အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

ညအိပ်-ကွမ်ဂျိုး 

 

Day 5      ကွမ်းဂျိုး - ကျူဟိုင်း - မကာအို
( B / L / D )

kwun-joe-02

 

နံနက်စာသုံးဆောင်ပြီးလျှင်ကားဖြင့်  ၂နာရီ ကွာဝေးသော ကျူဟိုင်းမြို့သို့ ထွက်ခွာ ပါမည်။ကျူဟိုင်းမြို့သို့ဝင်ရောက်၍ ပင်လယ်ကမ်းစပ်တွင်ရှိသော နတ်သမီးရုပ်ထု ကို သွားရောက်လေ့လာ ကြည့်ရှုပါမည်။ ဆက်လက်၍ မကာအိုသို့ သွားရောက်ပြီး တာစန်းပါးရှေးဟောင်း“Church”မုဒ်ဦး ၊ အမြှောက်တပ်၊  မာကယ်ဘုရားကျောင်း ၊ ပြိုင်ကားပြတိုက် ၊ Wine ပြတိုက်နှင့်မကာအိုမြို့့၏  ခမ်းနားတင့်တယ်သော အဆောက်အဦးများ ကိုလည်း     ကားဖြင့်သွားရောက်လည်ပတ်ပါမည်။ ထိုနောက် မကာအို မြို့၏ နာမည်ကြီး Casino သို့သွားရောက်ဆော့ကစားကြပါမည်။    ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်-မကာအို

 

Day  6      မကာအို - ဟောင်ကောင်
( B / L / D )

makao-08makao-07

 

နံနက်စာသုံးဆောင်ပြီးလျှင် မကာအိုမှ အမြန်သင်္ဘောဖြင့် ဟောင်ကောင်မြို့သို့ သွားရောက်၍ ကမ္ဘာ. “Top Ten” ၀င် ဥယျာဉ်ကြီး “OceanPark” ကိုဝင်ရောက်လည်ပတ်ပါမည်။ ပန်းခြံထဲတွင်ထူးဆန်းသောပြပွဲများ နှင့် ရေအောက်ကမ္ဘာ့ငါးပြတိုက်များ ကိုဝင်ရောက် ကြည့်ရှု့ပါမည်။ ကမ္ဘာ.ရှားပါးသော “Panda” ၀က်ဝံ၊ မျောက်နီတို့ကို ၀င်ရောက် ကြည့်ရှု့နိုင်ပါသည်။ ထူးခြားဆန်းကြယ်သော ကစားနည်းများကိုလည်း မိမိဆန္ဒဖြင့် ကစားနိုင်ပါသည်။ ဆက်လက်၍ Cabel Train စီးပြီး ဝိတိုရိယ ပင်လယ်ကွေ့၏ အလှအပကို ကြည့်ရှုခံစားနိုင်ပါသည်။  3Dရုပ်ရှင်၊ လင်းပိုင်နှင့် ပင်လယ်ဖျံပြပွဲ၊ သည်းထိပ်ရင်ဖိုကစားနည်းမျိုးစုံ ကိုလည်း မိမိလွတ်လပ်စွာ ကစားနိုင်ပါသည်။ ထို.နောက် ထိုက်ပင် တောင်တက်၍ ဟောင်ကောင်မြို၏ ရှုခင်းကိုကြည့်ရှုပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ အေးချမ်း စွာဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ဟောင်ကောင်

Day  7      ဟောင်ကောင်
( B / L / D )
hong-kong-12
hong-kong-14
hong-kong-11

နံနက်စာသုံးဆောင်ပြီးလျှင် တောင်ပေါ်ရှိ ကြေးသွန်းထိုင်တော်မူ ဘုရားကြီးကို မိုးပျံ Cable ဖြင့် သွားရောက် ဖူးမြော်ရင်း သဘာဝ တောတောင်အလှကို ကြည့်ရှုခံစားပါမည်။ နေ.လည်စာသုံးဆောင်ပြီးနောက် Hong Kong DisneyLand သို.သွားရောက်၍ ပြပွဲများ၊ ထူးခြားဆန်းကြယ်သော အပျော်စီးကား၊ရထား၊ 4Dနှင့် ပင်လယ်ဓားပြလှေ စသည့်တို့ကို လွတ်လပ်စွာ ကစာနိုင်းပါမည်။  ညစာကို Disney Land ထဲ တွင် သုံးဆောင်ပြီးနောက်  လှပသောမီးပန်းလွှတ်ပွဲ ကိုကြည့်ရှု့ခံစားပါမည်။ ထို့နောက်ဟိုတယ်သို့ ဝင်ရောက်အိပ်စက် အနားယူမည်။

ညအိပ်-ဟောင်ကောင်

Day  8      ဟောင်ကောင် - ရန်ကုန်
( B / L / - )
hong-kong-10
hong-kong-13
water-sport-03

နံနက်စာ သုံးဆောင်ပြီးလျှင် ဟောင် ကောင်မြို.၏  “မြို့ပြပန်းဥယျာဉ်” ရင်ပြင်တော်၊ Hongkong Convention And Exhibition Centre ၊ Wong Tai Sin Temple ကို သွားရောက်လေ့လာပါမည်။ နေ.လည်စာ သုံးဆောင်ပြီးလျှင် UB8028 (15:15-16:45) လေယာဉ်ဖြင့်ရန်ကုန်မြို့သို့ ပျံသန်း ရောက်ရှိပါမည်။

ဧည်သည်တော်များရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF