ကိုရီးယားအလည်အပတ် ခရီးစဉ် (၇ညအိပ် / ၈ ရက်ခရီး)
ဂျေဂျူး - ဖူဆန် - ဂရောင်ဂျူး - ဆိုးလ်
ရန်ကုန်လေဆိပ်တွင် ( ၅:ဝ၀ အချိန်တွင် ) စုဝေးကြပါမည်။ ရန်ကုန် လေဆိပ်မှ (VN 956 19:10 - 21:30)လေယာဉ်ဖြင့် စတင်ထွက်ခွာလာရာ ဗီယက်နမ်နိုင်ငံ Hanoi သို့ (၂၁:၃၀)တွင်ရောက်ရှိ၍လေဆိပ်မှတဆင့် (VN 416 23:45 - 05:50) ဖြင့် ကိုရီးယားနိုင်ငံသို့ ပျံသန်းပါမည်။



နံနက်(၅:၅၀)တွင် အင်ချွန်းလေဆိပ််ရောက်ရှိ၍ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီးနောက် ပြည်တွင်းလေကြောင်းဖြင့် ဂျေဂျူးကျွန်း သိုထွက်ခွာပါမည်။ ဂျေဂျူးကျွန်းသို့ ရောက်ရှိရာ ပင်လယ်ကမ်းခြေရှိ နဂါးဦးခေါင်းနှင့်တူသော ကျောက်ဆောင် Dragon Dead Rock သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာသုံးဆောင်ကြပြီးလျှင် ကမ္ဘာတဝှမ်းမှ ချစ်စရာအလွန်ကောင်းသော တက်ဒီဝက်ဝံကလေး များပြသထားရာနေရာ Teddy Bear Museum နှင့် Tapdong Street သို့ သွားရောက်လည်ပတ်ကြပါမည်။ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ု၍ညအိပ်အနားယူကြပါမည်။
ညအိပ်- လေယာဉ်ပေါ်တွင်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြပါမည်။ထိုနောက် စိမ်းလန်းစိုပြေသော ချောင်းငယ်လေးတလျောက် လမ်းလျှောက်ရင်း အမောလေးတွေ ပြေပျောက်သွားစေမယ့် Cheonjiyeon Water Fall သို့ အလည်အပတ်သွားရောက်ပြီး အမှတ်တရဓါတ်ပုံများလည်းရိုက်ကူးကြပါမည်။ ထိုနောက် ရှေးယခင် ဂျေဂျူးကျွန်းသူကျွန်းသားများ နေထိုင်ပုံကို လေ့လာနိုင်ရန် ဂျေဂျူးကျေးလက်ရွာ Seongeup Folk Village သို့သွားရောက် လေ့လာကြပါမည်။ နေ့လည်စာသုံးဆောင်ကြပြီးနောက် ရုပ်ရှင်ရိုက်ကွင်းဖြစ်သော Seopjikoji သို့သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ဂျပန်ခရီးသွားများ အလွန်နှစ်သက်သည့် တောင်ပတ်လမ်းကလေးများဖြင့် တည်ဆောက်ထားသော Seongsan Sunrise Peak သို့သွားရောက် လည်ပတ်ကြပါမည်။ညစာသုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ ပြန်၍ညအိပ်အနားယူကြပါမည်။
ညအိပ်- ဂျေဂျူးကျွန်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြပါမည်။ ထို့နောက် ပြည်တွင်းလေယာဉ်ဖြင့် ဖူဆန် သို့ထွက်ခွာပါမည်။ထိုနောက် Oryukdo Skywalk , အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် ကျင်းပသွားသောPIFF Square နှင့် Jagalchi Seafood Market သို့လည်ပတ်ရန်ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဖူဆန်မြို့၏အကြီးဆုံးစျေးကြီးဖြစ်သော နန်ပူတောင်း(Nanpodong Market)တွင်လည်းစျေးဝယ်ထွက်ကြပါ မည်။ထိုမှ သာယာလှပသော Haewundae Beach သို့သွားရောက်လည်ပတ်ကြပါမည်။ ညစာသုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်၍ ညအိပ် အနားယူကြပါမည်။
ညအိပ်-ဖူဆန်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် မင်းနေပြည်တော်ဖြစ်ခဲ့သော ကိုးရီးယားနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များရှိရာ ဂရောင်ဂျူးမြို့သို့ ကားဖြင့် ထွက်ခွာပါမည်။ ဂရောင်ဂျူးမြို့၏ ကိုယ်စားပြု အမွေအနှစ်ဖြစ်သော လိပ်သဲကျောက်ဖြင့် ထွင်းထုထားသော Seokguram Grotto ဥမင်လှိုဏ်ခေါင်းဂူများ နှင့် နတ်မြင်းပျံ ဂူဗိမာန် (Cheonmachong Tomb )သို့ သွားရောက်လည်ပတ်ပါမည်။နေ့လည်စာသုံးဆောင်ပြီးလျှင် Tumuli Park ,Anapji Pond Museum များသို့သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ကြပြီးနောက် ဖူဆန်သို့ပြန် ၍ ဟိုတယ်သို့ ဝင်ရောက်အိပ်အနားယူကြပါမည်။
ညအိပ်-ဖူဆန်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဆိုးလ်မြို့သို့ ကားဖြင့်ထွက်ခွာ၍ ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကစားကွင်းကြီးတစ်ခုုဖြစ်သော Everland Theme Park ကစားကွင်းသို့သွားရောက်ပြီးမိမိတို့ကြိုက်နှစ်သက်သော ကစားနည်းမျိုးစုံကိုစိတ်ကြိုက် တနေကုန်ကစားကြပါမည်။ Safari နှင့် ပန်းပွဲတော်သို့လည်းသွားရောက်ကြည့်ရှု့ပါမည်။ Everland ကစားကွင်းတွင်နေ့လည်စာကို Coupon ဖြင့်သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက်ဟိုတယ်သို့ပြန်၍ညအိပ်အနားယူကြပါမည်။
ညအိပ်-ဆိုးလ်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကိုရီးယားသမ္မတနေထိုင်ရာ Blue House(pass by) / Gyeongbok Place(နန်းတော်ဟောင်း)နှင့် National Folk Museum သို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ထို့နောက် ကိုရီးယားလူမျိုးများ အလွန်တန်ဖိုးထားသော ဂျင်ဆင်း (Ginseng)အရောင်းပြခင်းသို့သွားရောက် ကြည့်ရှု့ရင်း ဂျင်ဆင်းဖြင့်ပြုလုပ်ထားသော ဆေးအမျိုးမျိုးနှင့်ဂျင်ဆင်းတောင့်များအား လေ့လာ ၀ယ်ယူနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဆိုးလ်မြို့၏ ရှုခင်းအား အပေါ်စီးမှတွေ့မြင်နိုင်သော N Tower, Ice Gallery,Trick Eye Museum သို့သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ အဆင့်မြင့် အသုံးအဆောင်ပစ္စည်းများ ၊ အဝတ်အထည်ပစ္စည်းများ ၊ စျေးချိုသော ပစ္စည်းများရောင်းချသည့် Myeongdong Market တွင်စျေးဝယ်ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီး နောက်ဟို တယ်သို့ပြန်၍ ညအိပ် အနား ယူကြပါမည်။
ညအိပ်-ဆိုးလ်
ဟိုတယ်တွင်နံနက်စာသုံးပြီးလျှင်လေဆိပ်သို့ပို့ဆောင်ပေးပါမည်။အင်ချွန်းလေဆိပ်မှVN 417 ( 10:05 12:35) လေယာဉ်ဖြင့် ဗီယက်နမ် နိုင်ငံသို့နေ့လည် (၁၂း၃၅) နာရီတွင်ရောက်ရှိပါမည်။ဆက်လက်၍ဗီယက်နမ်လေဆိပ်မှ VN957 (16:40 18:10 )လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာရာရန်ကုန်မြို့သို့ညနေ(၆း၁၀)နာရီတွင် ပြန်လည်ရောက်ရှိပါမည်။