Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

 ပျော်ရွှင်ကြည်နူးဖွယ်  ဂျပန် ခရီးစဉ်( ၇ ညအိပ်၊ ၈ ရက်ခရီးစဉ် )

Day 1 ရန်ကုန်-ဟနွိုင်း-အိုဆာကာ
(-/-/-)

ရန်ကုန်မှ VN-956 (19:10-21:25) လေယာဉ်ဖြင့် ဟနွိုင်းမြို့သို့ပျံသန်းရောက်ရှိပြီး ဟနွိုင်းလေဆိပ်မှတဆင့် Kansai လေဆိပ်သို့ VN-330(00:30-6:40)လေယာဉ်ဖြင့်ဆက်လက်ပျံသန်းမည်။

 ညအိပ်-လေယာဉ်ပေါ်တွင်

Day 2   အိုဆာကာ
(B/L/D)

japan-01japan-02

Kansai International လေဆိပ်သို့ နံနက် 6:40AM တွင်ရောက်ရှိပါမည်။ Japan နိုင်ငံတွင် 16ရာစုက တည်ဆောက်ခဲ့သည့် အကျော်ကြားဆုံးတခု ဖြစ်သော “Osaka Castle” (ဓာတ်ပုံရိုက်ရန်အတွက်သာ) သို့ လိုက်လံ ပို့ဆောင်ပါမည်။ထို့နောက် “Nara Park” သို့သွား ရောက် လည်ပတ်ပြီး “Todaiji Temple” ကိုလည်း သွားရောက် ဖူးမြော်ပါမည်။ ထို့နောက် “Shinsaibashi” တွင် Shopping ထွက်ရန်အချိန်ရှိပါမည်။ညစာသုံးဆောင်ပြီးဟိုတယ်သို့အေးချမ်းစွာအိပ်စက်အနားပါမည်။

ညအိပ်-အိုဆာကာ

Day 3  အိုဆာကာ
(B/L/D)

japan-03japan-04

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် “Universal Studios”သို့ သွားရောက် လည်ပတ် ကြပါမည်။ (Entrance Fee & Lunch Voucher ပါ၀င်ပါသည်။ ) ထို့နောက် ညနေစာ သုံးဆောင်ပြီး ဟိုတယ်သို့ ၀င်ရောက်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်-အိုဆာကာ

Day 4   အိုဆာကာ-ကျိုတို
(B / L / D)

japan-05japan-06

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် ကမ္ဘာ့အမွေအနှစ်များတည်ရှိရာ ကျိုတိုသို့ ခရီး ဆက်ပါမည်။ ကျိုတိုမြို့ရှိအထင်ကရ ရှေးဟောင်းအမွေအနှစ် နေရာဖြစ်သော “Kinkakji Temple” နှင့်”Kiyomizu Temple” များသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ”Nijio Castle” သို့သွားရောက်လေ့လာပြီး ဂျပန်ရိုးရာဝတ်စုံများကို   လေ့လာရင်း  အမှတ်တရလက်ဆောင်အဖြစ်  ၀ယ်ယူနိုင်ပါမည်။ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို.အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-ကျိုတို

Day 5  ဟာမမတ်စု- Mt ဖူဂျီ
(B / L / D)

japan-07japan-08

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် ဂျပန်နိုင်ငံ အမှတ်အသားဖြစ်သော ဖူဂျီတောင် အဆင့်(၅)ဆင့်သို့ (ရာသီဥတုပေါ်မူတည်၍) တက်ပါမည်။ ထို့နောက် Japan နိုင်ငံ၏ နာမည် ကြီးဘုရားတစ်ဆူဖြစ်သော “Kamakura” အရပ်ရှိ Big Buddha” သို့သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Shopping လုပ်ရန် “Gotemba Outlet” သို့ပို့ဆောင် ပေးပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်- ဟာမမတ်စုဟ

Day 6  ကဝါကုချီကို-တိုကျို
(B / L / D)

japan-09japan-10

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် အမှတ်တရ ဓါတ်ပုံများရိုက်ရန် “Imperial Palace” (အပြင်ဘက်) သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် Japan အထင်ကရပန်းခြံ ဖြစ်သော “Ueno Park” နှင့် Tokyo မြို့ အမြင့်ဆုံးအဆောက်အဦးဖြစ်သော “Tokyo Sky Tree”သို့ (ဓါတ်ပုံရိုက်ရန်အတွက်) လည်ပတ်ကြပါမည်။ ထို့နောက် တိုကျိုမြို့ “Ginza Shopping” ဧရိယာအား ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်- တိုကျို

Day 7  တိုကျို
(B / L / D)

japan-11japan-12

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက်ဂျပန်နိုင်ငံနာမည်ကြီးကစားကွင်း ဖြစ်သော “Disney Land” သို့သွားရောက်ကစားပါမည်။ (Entrance Fee & Lunch Voucher ပါ၀င်ပါသည်။) ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်-တိုကျို

Day 8 တိုကျို - ဟနွိုင်း-ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး “Nara” လေဆိပ်မှ VN-311 (10:00-14:30) လေယာဉ်ဖြင့် ဟနွိုင်းသို့ ပျံသန်းရောက်ရှိမည်။ ထိုမှတဆင့် VN-957 (16:40-18:10) လေယာဉ်ဖြင့်် ရန်ကုန်မြို့ သို့  ချောမောစွာ  ပျံသန်းရောက်ရှိပါမည်။

 

ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF