Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

 စီအန်း - Terrocatta - ဓါတ်တော်ဘုရား ( ၅ ညအိပ်/ ၆ ရက်ခရီးစဉ် )

Day 1      ရန်ကုန် - ကူမင်း - စီအန်း

ရန်ကုန်မြို့မှ ကူမင်းမြို့သို့ CA416(12:15– 15:55) လေယာဉ်ဖြင့် ပျံသန်း၍ ထိုမှတဆင့် MU5980( 19:20-21:25 ) လေယာဉ်ဖြင့် စီအန်းမြို့သို့ ပျံသန်းရောက်ရှိပြီးလျှင် ကားဖြင့် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။

ညအိပ်-စီအန်း

Day 2      စီအန်း
( B / L / D )

xian-01xian-02

နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် အထွတ်အမြတ်ဖြစ်သော ဖါမှိန်စီဘုရားကျောင်း ကိုသွားရောက် ဖူးမြော်ပါမည်။ ဖါမှိန်စီဘုရားကျောင်းသည် မြတ်စွာဘုရား၏လက််ညှိုးတော်ဓါတ်တော်စစ်ကို ဋ္ဌာပနာထားသောဘုရားကျောင်းဖြစ်ပါသည်။ ဖါမှိန်စီကိုရောက်ရှိ၍ ရှေးဟောင်းဘုရားကျောင်းစေတီများကိုလေ့လာပြီး ဋ္ဌာပနာထားသော လက််ညှိုးတော်ဓါတ်တိုက်သို့ ဝင်ရောက်ဖူးမြော်ပါမည်။ ထို့နောက် ခေါင်းလောင်းဆောင်ရင်ပြင်တော်သို့ လည်ပတ်ပါမည်။ ဆက်လက်၍ ဝှေ့မင်ဈေးလမ်းမ သို့ သွားရောက် လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-စီအန်း

Day 3      စီအန်း
( B / L / D )

xian-03xian-04

နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်သော မြေအောက်နန်းတော်ကြီးကို သွားရောက်လေ့လာမည်။ ကမ္ဘာ့အံ့ဖွယ်  ရီဟွယ်ဒီဂူဗိမ္မာန် ပြတိုက်ကြီးထဲတွင်  စစ်ရုပ်ထုပေါင်းထောင်နှင့်ချီပြီး စစ်မြေပြင်တွင် စစ်ခင်းထားသကဲ့သို့ တွေ့မြင်ရလိမ့်မည်။ ရှေးခေတ်အသုံးဆောင်ပစ္စည်းများနှင့် ကြေးဖြင့်ပြုလုပ်ထားသော ရုပ်ထုများ၊ ဓား၊ လှံ၊ လေး၊ မျှား စသည့် လက်နက်ပစ္စည်းများကို တွေ့မြင်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် ရှားပါးစွာတွေ့မြင်ရသော  မြေအောက်နန်းတော်ကြီး ဖြစ်သည်။ ဆက်လက်၍ ရှေးခေတ်ဘုရင်နှင့် မိဘုရားများ ဆောင်းရာသီတွင် သွားလေ့ရှိသော ဟွာချင်ချည် ရေပူစမ်း ရှု့ခင်းများကို သွားရောက်လည်ပတ်ပြီး ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။

ညအိပ်-စီအန်း

Day 4      စီအန်း
( B / L / D )

xian-05xian-06

စီအန်းမြို့သည် တရုတ်ပြည်၏ ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်၍ မင်းဆက်ပေါင်း (၁၃)ဆက် နန်းဆိုက်ရာ မြို့ကြီးလည်း ဖြစ်ပါ သည်။ပြည်ပနှင့်ဆက်ဆံရာမြို့ကြီးတစ်မြို့ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုမြို့ကြီး(၄)မြို့တွင် စာရင်းဝင်သော မြို့လည်းဖြစ်ပါသည်။ စီအန်မြို့၏ ရှေးဟောင်းသမိုင်းပြတိုက်ကြီးကို ဝင်ရောက်လေ့လာပါမည်။ တမင်ကုံး အမွေအနှစ်ဥယျာဉ်၊ ဝူးခုန်းဇာတ်ကားမှ ဆရာတော်ကြီးကိုယ်တိုင် တည်ထားသော တာယွမ်စေတီတော်ကြီး ကိုလည်ပတ်ဖူးမြော်ပါမည်။ ဆက်လက်၍ အာရှတိုက်၏ အကြီးဆုံး ဂီတရေပန်း ၏အလှကို ကြည့်ရှု့ခံစားကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-စီအန်း

Day 5      စီအန်း - ကူမင်း
( B / L / D )

xian-07xian-08

နံနက်စာသုံးဆောင်ပြီးလျှင် ရှေးခေတ်နန်းတော်ကို သွားရောက်လည်ပတ်ရာ နန်းတော်ကို ကာကွယ်သည့် မြို့ရိုးနှင့် ကျုံး၊ ဗဟိုဆောင်၊ ရန်ကာဆောင်၊ လေးပစ်ဆောင် စသည့်တို့ကို ထင်ရှားစွာတွေ့မြင်ရလိမ့်မည်။ ဖောင်ကူဈေးဝယ်လမ်းမကြီးသို့ သို့ မိမိလွတ်လပ်စွာ ဝယ်ယူပြီးနောက် ကားဖြင့် စီအန်လေဆိပ်သို့သွားရောက်၍ (MU2207 15:05-17:30) လေယာဉ်ဖြင့် ကူမင်းမြို့သို့ရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
ညအိပ်-စီအန်း

Day 6      ကူမင်း - ရန်ကုန်
( B / L / D )

နံနက်စာသုံးဆောင်ပြီးလျှင် ကူမင်းမြို့မှ  (CA 415    10:45-11:15) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပျံသန်းရောက်ရှိပါမည်။

 

ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF