ရန်ကုန် - ကွမ်ဂျိုး - ချန်းရှား - ကျန်ကျားကျဲ - ကွမ်ဂျိုး(၈)ရက်ခရီး
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် Tour Leader နှင့်တွေ့ဆုံ၍ ကွမ်းဂျိုးမြို့သို့ CZ3056 ( 11:25-16:15 ) လေယာဉ်ဖြင့်တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။ ကွမ်ဂျိုးမြို့သို့ရောက်ရှိပြီး CZ3388 ( 20:20-21:45 ) ပြည်တွင်းလေကြောင်း လိုင်းဖြင့် ချမ်းရှားမြို့သို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ Check in ဝင်၍အိပ်စက်အနားယူပါမည်။
ညအိပ်- ချမ်းရှား



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ချမ်းရှားမြို့မှ ကားဖြင့် ၆ နာရီခန့်ဝေးကွာသော ချောက်စန်းမြို့သို့ထွက်ခွာပါမည်။ ထို့နောက် တရုတ်နိုင်ငံ၏နိုင်ငံဖခင် မော်စီတုံးနေထိုင်ခဲ့သော နေအိမ်အဆောက်အအုံများကိုသွားရောက်လေ့လာပါမည်။ ဆက်လက်၍ မော်စီတုံး၏ ကြေးရုပ်တုပန်းခြံသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကားဖြင့် (၂:၃၀)နာရီဝေးကွာသော ချမ်းတေမြို့သို့ သွားရောက်ပြီး အပန်းဖြေစခန်းဖြစ်သော လျှိုရဲအိုင်သို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ချမ်းတေ



နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ၄ နာရီဝေးကွာသော ဇာမဏီမြို့ဟောင်းမြို့သို့ ထွက်ခွာပါမည်။ ရှေးဦးစွာ Diao Jiao Lou သို့သွားရောက်၍ ထူးခြားသောခြေတန်ရှည်ပုံစံဖြင့်တည်ဆောက်ထားသော ရှေးဟောင်းအဆောက်အဦးများကိုသွားရောက် ကြည့်ရှု့ကြပါမည်။ Hong Qiao တံတား ၊ Phoenix ၊ Ancient Town နှင့် စီးပန်ဈေးတန်းသို့သွားရောက်လေ့လာပါမည်။ ညစာသုံးဆောင်ပြီးလျှင် မြို့ဟောင်း၏ညနေခင်းအလှကိုလည်ပတ်ကြည့်ရှု့ကြပါမည်။ ထို့နောက်ဟိုတယ်သို့ဝင်ရောက်အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
ညအိပ်-ဇာမဏီ



နံနက်စာသုံးဆောင်ပြီးလျှင် မျောင်လူမျိုးများ၏ ရှေးအကျဆုံးသော ကျေးလက်ဒေသကျေးရွာသို့ သွားရောက်ပြီး မျောင်လူမျိုးတို့၏ နေထိုင်မှုနှင့် ယဉ်ကျေးမှုတို့ကို သွားရောက်လေ့လာကြပါမည်။ ညနေပိုင်းတွင် (၂:၃၀)နာရီကြာ ဝေးကွာသော ကျန်းကျားကျဲ သို့ထွက်ခွာပါမည်။ ထို့နောက် ထျန်မှိန် Mountain ရှု့ခင်းသာဒေသသို့ သွားရောက်၍ ကမ္ဘာ့အရှည်လျားဆုံးအဆင့် ရပ်တည်နေသော Cable Car ကိုစီး၍ ထျန်မှိန်စန်းရှိသဘာဝအလှအပများကို တဝကြီး ကြည့်ရှု့ခံစားနိုင်ပါမည်။ ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ကျန်းကျားကျဲ



နံနက်စာသုံးဆောင်ပြီးလျှင်ကားဖြင့် ၁ နာရီခန့်ဝေးကွာသော ဝူလင်စွမ်းရှု့ခင်းသာဒေသသို့ သွားရောက်၍ ကမ္ဘာ့အမြန်ဆုံးနှင့် အမြင့်ဆုံးသော ဓါတ်လှေကားဖြင့် တောင်ထိပ်အမြင့်ဆုံးတနေရာသို့ သွားရောက်၍ တိမ်တိုက်ပင်လယ်နှင့်ထူးခြားသောတောင်ချွန်း တောင်ထိပ်၊တောင်တန်းများ၏ သဘာဝအလှတရားများကို ရှု့မြင်ခံစားနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ တောင်ထိပ်တွင်ရှိ He Long Park တွင် သမိုင်းဝင်စစ်သူကြီး He Long ရုပ်တုကြီးကို သွားရောက်ကြည့်ရှု့ပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်၍အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ် -ကျန်းကျားကျဲ



နံနက်စာသုံးဆောင်ပြီးလျှင် ကျန်းကျားကျဲမြို့တွင် သာယာလှပသော ပေါက်ဖုန်ရေအိုင်တွင်းသို့ သွားရောက်၍ သင်္ဘောဖြင့် သဘာဝ တောတောင်ရေအိုင်နှင့် ကာလာရောင်စုံဖြင့်ပေါက်ရောက်နေသော သစ်ပင်ပန်းမန်များ၊ တောင်ကျစမ်းရေစီးဆင်းမှုမှ ဖြစ်ပေါ်လာသော ရေတံခွန်နှင့် ရေအိုင်များ၏ အလှအပတို့ကိုကြည့်ရှု့ခံစားရင်း လည်ပတ်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် နဂါးလိုဏ်ဂူ သို့သွားရောက်၍ ကျောက်စက်ပန်းပွင့်များနှင့် ကျောက်စက်မိုးမျှော်များ၊ ကာလာရောင်စုံဖြင့် သဘာဝအလျှောက်ဖြစ်ပေါ်နေ သော နဂါးလိုဏ်ဂူများကို တွေ့မြင်ရပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ကျန်းကျားကျဲ
နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ၄ နာရီ ကွာဝေးသော Chang Sha မြို့သို့ ထွက်ခွာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် Chang Sha မြို့ရှိ Orage Isle သို့သွားရောက်၍ ကျောက်တုံးကြီးပေါ်တွင် ထွင်းထုထားသည့် မော်စီတုံး၏ ဦးခေါင်းကို ကြည့်ရှု့ပါမည်။ ပင်လယ်ကမ်းစပ်သို့ သွားရောက်၍ မော်စီတုံးငယ်စဉ်က ရေကူးခဲ့သော ရေအိုင်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် CZ3379 ( 19:55-21:20 ) လေယာဉ်ဖြင့် ကွမ်ဂျိုးမြို့သို့ သွားရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ၀င် ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ကွမ်ဂျိုး
နံနက်စာသုံးဆောင်ပြီးလျှင် CZ3055( 08:50-:10:25 )လေယာဉ်ဖြင့် ရန်ကုန်မြို့သို့တိုက်ရိုက် ပျံသန်းရောက်ရှိပါမည်။