ရန်ကုန် - ဟိုချီမင်း - ဟနွိုင်း - ဟလောင်းဘေး ( ၆ရက်/၅ညအိပ် ခရီးစဉ် )



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်လေကြောင်းလိုင်း VN942 (12:10-15:00) ဖြင့်ဟိုချီမင်းမြို့သို့ပျံသန်းရောက်ရှိပါမည်။ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ်ပြီး ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုမည်။ ဟိုတယ်တွင် Check In ဝင်၍အနားယူပါမည်။ ထိုနောက် ပြင်သစ် ကိုလိုနီခေတ်လက်ရာ ( Notre Dame Cathedral ) ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၊ ပြင်သစ်၊ ဂျာမနီ နှင့် ခေတ်သစ် ဥရောပလက်ရာများ ပေါင်းစပ် ထုံးမွှမ်းလျက် ရှိသည့် (The Old Central Post Office) ရှေးဟောင်း ဗဟိုစာကြည့်တိုက် တို့ကိုလည်း သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများလည်း ရိုက်နိုင်ပါသည်။ ညစာသုံးဆောင််ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ် - ဟိုချီမင်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့ အနောက်မြောက်ဘက် (၈၀)ကီလိုမီတာအကွာတွင် တည်ရှိသော သမိုင်းဝင်မြေအောက်ရွာ (Cu Chi Tunnel) သို့သွားရောက် လည်ပတ်ပါမည်။အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းခိုအောင်းရာ ကတုတ်ကျင်းလိုဏ်ဂူ ဖြစ်ပြီး အစည်းအဝေးခန်းမ၊ စာသင်ခန်း၊ ဆေးကုသဆောင်များ ပါ၀င်ပြီး တင့်ကားများ၊ လက်နက်ကြီးများဒဏ်ကို ကြံကြံခံ တည်ဆောက်ခဲ့ပုံကို် ကိုယ်တိုင်ကိုယ်ကျ လှိုဏ်ဂူတလျှောက် ၀င်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။ ထိုနောက် WAR MUSEUM နှင့် Reunification Palace သို့ လည်ပတ်ကြပါမည်။ ဆက်လက်၍ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးကဲ့သိို့ စည်ကားသော ဟိုချီမင်းမြို့၏ ရှေးဟောင်းဈေးကြီး တခုဖြစ်သည့် ( Ben Thanh Market) ကိုလည်း သွားရောက်၍ မိမိစိတ်ကြိုက် လွတ်လပ်စွာ ဈေးဝယ် ထွက််နိုင််ပါသည်။ ညစာကို ဆိုင်ဂုံမြစ်တွင် CRUISE စီးရင်း သုံးဆောင်ပါမည်။ ထိုနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
ညအိပ် - ဟိုချီမင်း



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Thien Hau Pagoda ကိုသွားရောက် ဖူးမြော်ပြီးလျှင် China Town သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် လေယာဉ်ဖြင့် ဟနွိုင်းမြို့ကို ပျံသန်းရောက်ရှိပြီး ကားဖြင့် ဟလောင်းဘေးမြို့သို့ သွားရောက်ပါမည်။ ထိုနောက် ဗီယက်နမ် လူမျိုးတို့၏ နာမည်ကြီးရိုးရာ ယဉ်ကျေးမှု အကဖြစ်သော Water Puppet Show ကိုကြည့်ရှုခံစားနိုင်ရန် ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ ၀င်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ် - ဟလောင်းဘေး
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့သဘာဝ အလှအမွေအနှစ်အဖြစ် သတ်မှတ်ခံရသော ဟလောင်းပင်လယ်ကွေ့သို့ သွားရောက်ပြီး ကျွန်းတောင်အလှကို သင်္ဘောဖြင့် ၃နာရီခန့် လည်ပတ်ကြည့်ရှုပါမည်။ အစိမ်းရောင်ခြယ်အပင်များ ဖုံလွှမ်းပြီးပုံသဏ္ဍန်ပေါင်းစုံ ပေါက်နေသော ကျွန်းများသည် အပြာရောင် ပင်လယ်ပေါ်၌ အရိပ်ကြည်လင်စွာ ပေါ်နေသဖြင့် ရှားပါးသော သဘာဝ ရှုခင်းအလှ ပန်းချီကားကြီးတစ်ချပ် အတွင်းသို. ၀င်ရသကဲ့သို့ ခံစားရပါလိမ့်မည်။ ထို့နောက် ဟနွိုင်းသို့ ကားဖြင့်ထွက်ခွါပါမည်။ ဟနွိုင်းသို့ ရောက်ရှိရာ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ၀င်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ် - ဟနွိုင်း



ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့တွင်း လှည့်လည်ကြည့်ရှုပါမည်။ အထင်ကရနေရာများဖြစ်သော ဟိုချီမင်း အလောင်းထားရှိရာ ဂူဗီမာန် (Mausoleum) သို့သွားရောက်လည်ပတ်ပါမည်။ထို့နောက် 11-ရာစုနှစ်အစောပိုင်းက တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း တစ်ခုဖြစ်သည့် တိုင်တစ်လုံး ဘုရားကျောင်းတော် (One Pillar Pagoda)၊ (Tran Quoc Pagoda ) နှင့် ဘုရားကျောင်းဆောင််( Ngoc Son Temple ) နှင့် Hoang Kiem Lake သို့သွားရောက်လည်ပတ်ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဟနွိုင်း
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် Check outထွက်ပါမည်။ ထိုနောက် ဟနွိုင်းမြို့လယ်ရှိ Shopping Center များဖြစ်သည့်Royal Gate (Mega Mall) နှင့် Dong Xuan Market တွင်လည်း သွားရောက်၍ မိမိစိတ်ကြိုက် လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ နေ.လည်စာ သုံးဆောင်ပြီးလျှင် Noi Bai လေဆိပ်သို့ပို့ဆောင်ပေးပြီး လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အေးချမ်းစွာ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။