စင်္ကာပူ - ဘင်တန်ကျွန်: ( ၄ညအိပ် / ၅ရက်) ခရီးစဉ်



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar National Airline UB001( 07:30–12:00 ) လေယာဉ်ဖြင့် စင်္ကာပူမြို.သို့ ပျံသန်းရောက်ရှိမည်။ ချန်ဂီလေဆိပ်တွင်ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ဆက်လက်၍ Tanah Ferry Terminal မှ အင်ဒိုနီးရှားကျွန်းဆွယ် ဘင်တန်ကျွန်းသို့ ပို့ဆောင်ပေးပါမည်။ ဘင်တန်ကျွန်းသို့ရောက်ရှိရာ ဟိုတယ်သို့Check in ၀င်ရောက်အနားယူပါမည်။ ညစာကို ဘင်တန်ကျွန်းရှိ Nirwana Beach Resort တွင် ဘူဖေးသုံးဆောင်ပြီးလျှင် ဟိုတယ်တွင်
အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- ဘင်တန်းကျွန်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဘင်တန်ကျွန်းရှိ အေးချမ်းသာယာလှသော Water Village သို့သွားရောက်ပြီး Senggarang ဒေသရှိ တရုတ်ရိုးရာ ယဉ်ကျေးမှုများဖြင့် တည်ဆောက်ထားခဲ့သည့် Banyan Tree Temple, Chinese Temple ကျောင်းဆောင်များသို့ လှည့်လည်ကြည့်ရှုရန်ပို့ဆောင်ပေးပါမည်။ထိုနောက်ဘင်တန် Local Department Store တွင် အိမ်အပြန်လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ရန်လည်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ဆက်လက်၍ အရှေ့တောင်အာရှတွင် အကြီးဆုံး ကွမ်ရင်မယ်တော်ရုပ်တု တည်ရှိရာ ViharaAvalokitesvara Graha ကျောင်းတော်သို့လည်း သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် White Sand Island သို့သွားရောက်ပြီး ငွေမှင်ရောင်သဲများ နှင့် ပြာလဲ့သော ပင်လယ်ပြင်ကြီး၏ အလှကို ခံစားရင်း လတ်ဆတ်သော လေများကို ရှုရှိုက်ကာ ကမ်းခြေ၏အလှကို ခံစားနိုင်ရန်နှင့် ဘင်တန်ကျွန်း၏ နာမည်ကြီးလမုတော များပေါက်ရောက်ရာ Mangrove River တွင် စိမ်းစိုလှပသော အတွေ့အကြုံများအား သွားရောက်ခံစားနိုင်ရန် ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- ဘင်တန်ကျွန်း



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Check Out ထွက်ပါမည်။ ထိုနောက် ဘင်တန်ကျွန်းမှ စင်္ကာပူ သို့ထွက်ခွာပါမည်။ စင်္ကာပူသို့ရောက်ရှိရာ နေ့လည်စာသုံးဆောင်ပါမည်။ ထိုနောက် စင်္ကာပူမြို့တွင်းလှည့်လည်ရေး အစီအစဉ်အနေဖြင့် စင်္ကာပူမြို့ရှိကမ္ဘာလှည့်ခရီးသည်များအတွက်အဓိကဆွဲဆောင်မှု တစ်ခုဖြစ်သော Merlion Park, ထူးခြားဆန်းကြယ်သော ကမ္ဘာ့အကောင်းဆုံးပန်းခြံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် Garden By the Bay ရုက္ခဥယျာဉ် သို.သွားရောက်လည်ပတ်ပါမည်။ ထိုဥယျောဉ်အတွင်းတွင် Flower Dome ဟုအမည်တွင်သောလှပသောပန်းမျိုးစုံထားရှိရာ ဥယျောဉ်သို့ သွားရောက် လေ့လာပြီး အလှဓါတ်ပုံများရိုက်ကူးမည် ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ် - စင်္ကာပူ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာကျော်ဟောလီးဝုဒ်ဇာတ်ဝင်ခန်းများနှင့် သည်းထိပ်ရင်ဖိုကစားနည်းများရှိရာUniversal Studio
တွင် Game အမျိုးမျိုးကို ကစားပြီး နေ.လည်စာကို Lunch Cupon ဖြင့် သုံးဆောင်ပါမည်။ ထို.နောက် Sentosa ကမ်းခြေဘေး၌ လှပဆန်းကြယ်သော ရေပန်းလေးများဖြင့် ကပြသီဆိုဖျော်ဖြေသော နာမည်ကျော် Wings of Time Show (2 nd show)အား ကြည့်ရှု့ကြပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - စင်္ကာပူ
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် စင်္ကာပူလေဆိပ်သို့ ပို.ဆောင်ပေးပြီး Myanmar National Airline UB 002 (13:15-14:45) လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ အေးချမ်းစွာပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။