Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ရန်ကုန်- တိုင်ပေ - နန်ထုံ - ကျိုင်ရီ  - ရန်ကုန်   (၅ရက်/၄ညအိပ် ခရီးစဉ်)

Day 1    ရန်ကုန်-တိုင်ပေ
( - / - / D )

taiwan-01taiwan-02

ရန်ကုန်လေဆိပ်မှထိုင်ဝမ်သို့ လေယာဉ်  ဖြင့် ပျံသန်းရောက်ရှိပြီးလေဆိပ်တွင်ဧည့်  လမ်းညွန်နှင့်တွေ့ဆုံပြီးနောက်       တိုင်ပေ ၏ အစည်ကားဆုံးနှင့်   အကျော်ကြားဆုံးနေရာတစ်ခုဖြစ်သည့် Shi Lin Night Market သို့လည်ပတ်နိင်ရန် ပို့ဆောင်ပေးပါမည်။ ညစာကို    ဒေသခံစားသောက် ဆိုင်တွင်    သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ  ၀င်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-4 Star Hotel

Day 2      တိုင်ပေ
( B / L / D )

taiwan-03taiwan-04

ဟိုတယ်တွင် Buffet နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့တတိယအမြင့်ဆုံးဖြစ်သော 101 Building ကို သွားရောက် လည်ပတ်ကြပါမည်။ထိုနောက်ပြိုင်ဘက်ကင်း သဘာဝအလှအပများကို တွေ့မြင်ခံစားနိုင်ရန် ထိုင်ဝမ်၏ မြောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော Yehliu Geo Park သို့ လည်ပတ်ရန်ပို့ဆောင် ပေးပါမည်။ ထိုနေရာလေးသည် ရာစုနှစ်တစု တိုင်အောင်ပင်လယ်ရဲ့ တိုက်စားမှု ကြောင့်သဘာဝအတိုင်း ဖြစ်တည်နေသော ကျောက်ဆောင်ပုံသဏ္ဍာန်များကြောင့် ကျော်ကြားလာသော ပန်းခြံတခုဖြစ်ပါသည်။ ထိုကျောက်တောင်ပန်းခြံထဲတွင် Queen Head ဘုရင်မဦးခေါင်းပုံ, နတ်သမီးဖိနပ်ပုံ ,ဖယောင်းတိုင် ပုံစံကျောက်တုံးများကို စိတ်ဝင်စားဖွယ် တွေ့မြင်ကြရပါမည်။ညစာသုံးဆောင် ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာဝင်ရောက် အိပ်စက်အနားယူပါမည်။

ညအိပ်-4 Star Hotel

Day 3      တိုင်ပေ-- 3:30 Hours - နန်ထုံ - - 1:30 Hours  ကျိုင်ရီ
( B / L / D )

taiwan-05taiwan-06

ဟိုတယ်တွင် Buffet   နံနက်စာသုံးဆောင်ပြီးလျှင်  ထိုင်ဝမ်၏ အကြီးမားဆုံး ရေကန်ဖြစ်သော   Sun Moon Lake သို့ပို့ဆောင်ပေးပါမည်။ ရေကန်ကြီးအတွင်းတွင်  သင်္ဘောဖြင့် လည်ပတ်ကြပြီးနောက်  အနီးအနားရှိ   Wen Wu Temple,      Lingzhi Shop  တို့ကို   လည်ပတ်ပါ မည်။   ထိုနောက်    ကျိုင်ရီမြို့သို့ သွားရောက်ပါမည်။       ညစာကို    ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။  ညစာသုံးဆောင်ပြီး နောက် ဟိုတယ်တွင် အေးချမ်းစွာ ၀င်ရောက်  အိပ်စက်အနားယူပါမည်။

ညအိပ်-4 Star Hotel

Day 4    ကျိုင်ရီ - 5:00 Hours - တိုင်ပေ
( B / - / - )

taiwan-07taiwan-08

ဟိုတယ်တွင် Buffet နံနက်စာသုံးဆောင်ပြီးလျှင်    ကျိုင်ရီမှ ထိုင်ဝမ်သို့ထွက်ခွာပါမည်။    ထိုနောက်    ထိုင်ဝမ်၏ အရေးပါသော ဆွဲဆောင်မှု အရှိဆုံးသဘာဝရှုခင်းများထဲတွင် တခုအပါအဝင်ဖြစ်သော   Alishan Forest Recreation Area     သို့လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။     Alishan Forest Recreation Area ထဲတွင်    Sister lake, Sacred Tree,    Alishan Railway Station စသည့် နေရာများကိုလည်ပတ်ကြပါမည်။  ပြီးလျှင်   ကိုင်ပေသို့ ပြန်လည်ရောက်ရှိပြီး    ညစာသုံးဆောင်ပြီးနောက်   ဟိုတယ်တွင် အေးချမ်းစွာ ၀င်ရောက်အိပ်စက် အနားယူပါမည်။

ညအိပ် - 4 star Hotel

Day 5        တိုင်ပေ- ရန်ကုန်
( B / L / D )

ဟိုတယ်တွင်  နံနက်စာသုံးဆောင်ပြီးလျှင်   လေဆိပ်သို့ပို့ဆောင်ပြီး  ရန်ကုန်မြို့သို့ ချောမောစွာ ပြန်လည်ရောက်ရှိပါမည်။

 

ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF