Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ရန်ကုန် - ကွမ်ကျိုး - ဝူလုမုချိ - ဝူချိုင့်ဝှမ်း - ထျန်စန်း - ထုလုဖန် - ကျူဟိုင် - မကာအို - ရန်ကုန်

( ၁၂ညအိပ် / ၁၃ရက်ခရီးစဉ် )

Day 1      ရန်ကုန် - ကွမ်ကျိုး - ဝူလုမုချိ
( - / - / D )

guang-01guang-02

ရန်ကုန်မြို့မှ CZ-3056 (11:25-16:15 )နာရီတွင်လေယာဉ်ဖြင့်ကွမ်ကျိုးမြို့သို့ ဆက်လက်၍ ဝူလုမုချိမြို့သို့လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ  CZ- 6884  ( 19:05-00:20 )နာရီတွင်  ပျံသန်းရောက်ရှိပါမည်။ထို့နောက် ဟိုတယ်သို့ ၀င်ရောက် အိပ်စက်အနားယူပါမည်။

ညအိပ်- ဝူလုမုချိ

Day 2       ဝူလုမုနိ - ထျန်စန်း - ဝူချိုင့်ဝမ်း
( B / L / D)

guang-03guang-04

နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၁)နာရီဝေးကွာသော ထျန်စန်းရှု့ခင်းသာဒေသသို့ သွားရောက်၍ ကျောက်တံခါး ၊ ရေတံခွန် နှင့် လှပသောထျန်စီအိုင်တွင် သင်္ဘောစီးရင်းအပန်းဖြေပါမည်။ ဆက်လက်၍ ကားဖြင့် (၂)နာရီခန့် ခရီးဝေးကွာသော ဝူချိုင့်ဝမ်းသို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ၀င်ရောက် အိပ်စက် အနားယူပါမည် ။

ညအိပ်-ဝူချိုင့်ဝမ်း

Day 3      ဝူချိုင့်ဝမ်း - ဝူလုမုချိ
( B / L / D )

guang-05guang-06

နံနက်စာသုံးဆောင်ပြီးလျှင် နှစ်ပေါင်းထောင်ကျော်ကြာကမ္ဘာမြေကြီး၏ တုန်လှုပ်ခြင်းမှဖြစ်ပေါ်လာသော သဲကန္တာရ တောင်တန်း များ ရှိရာ ဝူချိုင့်ဝမ်းရှု့ခင်းသာဒေသသို့ သွားရောက်လည်ပတ်ပါမည်။ ထိုသဲတောင်၏ မျက်နှာပြင်ကိုရေ ၊ လေတိုက်စားမှုကြောင့် သဘာဝအလျောက်ဖြစ်ပေါ်နေသော Colour ရောင်စုံကျောက်တောင်များကိုတွေ့မြင်နိုင်ပါမည်။ ဆက်လက်၍ ဝူလုမုချိမြို့ သို့ ထွက်ခွာပါမည်။ ညနေပိုင်းတွင် ပန်းသေးပြည်နယ်၏ အကြီးဆုံးစျေးတန်းကြီးသို့ ၀င်ရောက်ပြီးမိမိလွတ်လပ်စွာသွားရောက် စျေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ၀င်ရောက်အိပ်စက် အနားယူပါမည် ။

ညအိပ်-ဝူလုမုချိ

Day 4      ဝူလုမုချိ - ထုလုဖန်
( B / L / D)

guang-07guang-08

နံနက်စာသုံးဆောင်ပြီးလျှင် တရုတ်ပြည်၏ အနောက်မြောက်ပြည်နယ်တွင်းရှိ   အကြီးဆုံးသော ဟုန်ကွမ်းစန်းဘုရားကျောင်းနှင့် ရပ်တော်မူကြေးသွန်း ဘုရားကြီးကို သွားရောက်ဖူးမြော်ပါမည်။ ထို့နောက်အာရှတွင် အကြီးဆုံးသော လေစွမ်းအင်ဓာတ်အားပေးဌာန သို့သွားရောက်လေ့လာကြည့်ရှု့ပါမည်။ဆက်လက်၍ ကားဖြင့် သုံးနာရီဝေးကွားသော ထုလုဖန်“Turpan”မြို့ဟောင်းကြီး ကို စတင်ထွက်ခွာပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ထုလုဖန်

Day 5      ထုလုဖန်
( B / L / D )

guang-09guang-10

နံနက်စာသုံးဆောင်ပြီးလျှင် ရှန်းကျန်းပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်သော ရှေးဟောင်းဗလီ သို့သွားရောက်လေ့လာပါမည်။ ဆက်လက်၍ ပန်းခြံသို့ သွားရောက်ပြီး လူမျိုး၏ နှစ်ပေါင်း ၄၀၀ အတွင်းရှိ လူ့သမိုင်း နှင့်ဖွံ့ဖြိုး တိုးတတ်ပုံ အဆင့်ဆင့်တို့ကိုသွားရောက်လေ့လာပါမည်။ ထို့နောက် နှစ်ပေါင်းနှစ်ထောင် သက်တမ်းရှည်သော ကျောက်ဟွာမြို့ဟောင်းကို သွားရောက် လည်ပတ်ပါမည်။ ၄င်းမြို့ဟောင်းကြီးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော အကြီးဆုံးမြို့ဟောင်းကြီးဖြစ်ခဲ့သည်။ ထူးခြားသော ရှေးဟောင်းရေပေးတူးမြောင်းကိုလည်းတွေ့မြင်နိုင်ပါမည်။ ဆက်လက်၍ ခရိုင်မှူးကြီး၏ အိမ်တော်ကိုသွားရောက်လေ့လာပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ထုလုဖန်

Day 6      ထုလုဖန်
( B / L / D )

guang-12guang-11

နံနက်စာသုံးဆောင်ပြီးလျှင် ထုလုဖန်မြို့ရှိ Grape Valley စပျစ်သီးစိုက်ပျိုးခြံသို့ သွားရောက်လေ့လာပါမည်။ ဆက်လက်၍ ကျောက်ကမ်းပါးစောင်းကြီးပေါ်တွင် တည်ထားသော ( Bezeklik) ဗုဒ္ဓတစ်ထောင်ဂူကြီးသို့ သွားရောက်ဖူးမြော်ပါမည်။ ထိုဂူတွင်းတွင် ရှေးခေတ်၏လှပသော နံရံဆေးပန်းချီများနှင့် ရှေးခေတ် ဗိသုကာလက်မှုပညာမြောက်သော အဆောက်အဦးများကို စိတ်ဝင်စားဖွယ် ရှု့မြင်ရပါမည်။ ထို့နောက် နာမည်ကြီးသောဝူခုန်းဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်နေရာဖြစ်သော အနီရောင်တောင် Family Mountains သို့သွားရောက် လည်ပတ်ပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်နားယူပါမည်။

ညအိပ်-ထုလုဖန်

Day 7       ထုလုဖန်
( B / L / D )

guang-14guang-13

နံနက်စာသုံးဆောင်ပြီးလျှင်  Uygur  လူမျိုးတို၏ ထူးခြားသော ရွှံ့စေးမြေဖြင့် တည်ဆောက်ထားသောရိုးရာယဉ်ကျေးမှု အဆောက်အဦးများကို ရှု့စားရန်TuYugouMazar Village   သို့သွားရောက်ပါမည်။ တရုတ်ပြည်တွင် ရှေးအကျဆုံး နှင့် အဆောက်အဦးများကို ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်သည့် ကျေးရွာဖြစ်ပါသည်။ ဆက်လက်၍  “Kumtag Desert Scenic Area”  သဲကန္တာရတွင် ကားဖြင့်   စီးရင်း ကန္တာရအလှအပများကိုကြည့်ရှု့ခံစားပါမည်။ ညစာသုံး ဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ထုလုဖန်

Day 8      ထုလုဖန် - နန်စန်း - ဝူလုမုချိ
( B / L / D )

guang-15guang-16

နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၂:၃၀)နာရီကွာဝေးသော နန်စန်းမြို့သို့ ထွက်ခွာပါမည်။ ထိုသို့ ရောက်ရှိပြီးလျှင် ကျွဲ ၊ နွား ၊ သိုးများကျက်စားရာမြေသို့သွားရောက်၍ ၄င်းတို့နေထိုင်ကျက်စားနေပုံ၊ သဘာဝ တောတောင်ရေမြေနှင့်မြက်ခင်းစိမ်း အလှတို့ကို့ရှု့မြင်ခံစားရပါမည်။ ဆက်လက်၍ ကားဖြင့်ဝူလုမုချိမြို့သို့ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက် အိပ်စက်အနားယူပါမည်။

ညအိပ်-ထုလုဖန်

Day 9      ဝူလုမုချိ -  ကွမ်ကျိုး
( B /  L /  D )

guang-18guang-17

နံနက်စာသုံးဆောင်ပြီးလျှင်ဝူလုမုချိမြို့၏ အချက်ချာကျသော မြို့လယ်ခေါင်ရှိ ဟုန်စန်းဥယျာဉ်သို့ သွားရောက်လည်ပတ်ပါမည်။ ၄င်းဥယျာဉ်တွင်တောင်နီများကို ထူးခြားအံ့ဖွယ် တွေ့မြင်ရပါမည်။ ၄င်းတောင်ထိပ်ရှိစေတီကို သွားရောက်ဖူးမျှော်ရင်း ဝူလုမုချိမြို့၏ အလှအပများကို ရှုမြင်ခံစားရပါမည်။ ၄င်းတောင်နီသည် ပင်လယ်ပြင်အမြင့်မှာ( 910 ) မီတာရှိပါသည်။ ထူးခြားသော တောင်နီများ ဖြစ်ပေါ်လာရခြင်းကြောင့် တောင်နီဥယျာဉ်ဟုလည်း အမည်တွင်ပါသည်။ ဗုဒ္ဓဒဿနိကအဆောက်အဦးများစွာကိုလည်း ကျယ်ပြန်စွာတွေ့မြင်နိုင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက်ဝူလုမုချိ မှ ( CZ- 6887 18:55-23:45 ) လေယာဉ်ဖြင့် ကွမ်ကျိုးမြို့သို့ တိုက်ရိုက် ပျံသန်းရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်- ကွမ်ကျိုး

Day 10      ကွမ်ကျိုး - ကျူဟိုင်
( B / L / D )

guang-19guang-20

နံနက်စာသုံးဆောင်ပြီးလျှင်တရုတ်နိုင်ငံကွန်မြူနစ်ခေါင်းဆောင်ဆွန်ယက်ဆင် အောင်းမေ့ဖွယ်ပြတိုက်သို့သွားရောက်လည်ပတ်ပါမည်။ဆက်လက်၍ ( New Yuan Ming Palace ) သို့ သွားရောက်လည်ပတ်ပါမည်။ ထိုနန်းတော်တွင် မင်မင်းဆက် တည်ဆောက်ခဲ့သော အဆောက်အဦးများကို ရှု့မြင်ခံးစားနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ကားဖြင့်၂နာရီ ကွာဝေးသော ကျူဟိုင်းမြို့သို့ ထွက်ခွာပါမည်။ညစာသုံးဆောင် ပြီးလျှင်ဟိုတယ် သို့ဝင်ရောက်၍ အေးချမ်းစွာ အိပ်စက်အနားယူပါ မည်။

ညအိပ်- ကျူဟိုင်

Day 11      ကျူဟိုင်- မကာအို
( B / L / D )

guang-21guang-22

နံနက်စာသုံးဆောင်ပြီးလျှင် မကာအိုသို့သွားရောက်ပြီး တာစန်းပါးရှေးဟောင်း“Church” မုဒ်ဦး၊ အမြှောက်တပ်၊ မာကယ် ဘုရား ကျောင်း ၊ ပြိုင်ကားပြတိုက် ၊ Wine ပြတိုက် နှင့် မကာအိုမြို့၏ ခမ်းနားတင့်တယ်သော အဆောက်အဦးများကိုလည်းကားဖြင့် သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးလျှင် ပင်လယ်ကမ်းစပ်ရှိ နတ်သမီးရုပ်ထု ၊ စကျင်တောင် ဥယျာဉ်သို့ သွားရောက်လည်ပတ်ပါမည်။ထို.နောက် မကာအို မြို့၏ နာမည်ကြီး Casino သို့ သွားရောက် ဆော့ကစားကြပါမည်။ ညစာ သုံး ဆောင်ပြီးလျှင် ဟိုတယ်သို့  ဝင်ရောက်အိပ်စက်ပါမည်။

ညအိပ်-မကာအို

Day 12      မကာအို - ကွမ်ကျိုး
( B / L / D )

guang-23guang-24

နံနက်စာသုံးဆောင်ပြီးလျှင် ကွမ်ကျိုးမြို့ရောက်ရှိ၍ အာရှအားကစားပွဲတော် ဖွင့်လှစ်ခဲ့သော ဟိုက်စင်းဥယျာဉ်သို့လည်း ဝင်ရောက်လေ့လာပါမည်။ ဆက်လက်၍ ဟွာချိန် ရင်ပြင်တော်နှင့်ကွမ်ကျိုးမြို့၏ ရုပ်မြင်သံကြားတာဝါအသစ်အား အပြင်မှရှု့စားပါမည်။ ထို့နောက် ပေကျင်းဈေးလမ်းမကြီးသို့ သွားရောက်၍ မိမိလွတ်လပ်စွာ ဈေးဝယ်ထွက်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။ 

ညအိပ်- ကွမ်ကျိုး

Day 13       ကွမ်ကျိုး - ရန်ကုန်
( B / L/ D )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဆိတ်ငါးကောင် ဥယျာဉ်သို့သွားရောက် လည်ပတ်ပြီးနောက် ကွမ်ဂျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ပါမည်။ ဆက်လက်၍ ကွမ်ဂျိုးမှ CZ 3055 (14:45-16:30) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပျံသန်း ရောက်ရှိပါမည်။

 

ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF