Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ကမ္ဘောဒီးယား(၅)ရက်ခရီးစဉ်

Day 1 Yangon - Bangkok - Siem Reap
( -/-/- )

လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိ၍ ဘန်ကောက်မှ တဆင့် ညနေ PG-907 ( 05:40- 06:40 )  လေယာဉ်ဖြင့် Siem Reap သို့ မြို့သို့ပျံသန်းရောက်ရှိပါမည်။

ညအိပ်- Siem Reap

Day 2 Siem Reap
( B/L/D )

cambodia-19

 

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင်‘ခမာဘုရင်’ မျိုးနွယ်များ၏ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံကြီးကို သွားရောက်လည်ပတ်ပါမည်။“Angkor Thom”မြို့ဟောင်းကြီးသို့လှည့်ပတ်လေ့လာရာ“Bayan Temple”, “Terrace of Elephant” “Leper King Terrace” ဆင်တိုက်ပွဲများကို ကြည့်ရှု့လေ့လာပါမည်။ ညနေခင်းတွင် “Phnom Bakheng” ပါကိန်းဘုရားအား ဖူးမြော်ပြီး တောင်ပေါ်သို့ သွားရောက်၍ နေဝင်ဆည်းဆာရှု့ခင်းအားသွားရောက်ရှု့စားပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အနားယူပါမည်။

ညအိပ်- Siem Reap

 

Day 3 Siem Reap
( B/L/D )

cambodia-20

 

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် အမျိုးသမီးများဦးစီးပြီး ထွင်းထုတည်ဆောက်ထားသော “Banteay Sry Temple”,  “Angkor Wat Palace”,  ရှေ့ဟောင်းတရားရုံး များသို့ သွားရောက် လည်ပတ်ပါမည်။၊ ထို့နောက် “Angkor Wat” ဘုရားကျောင်းကြီးထဲတွင် ၀င်ရောက် လေ့လာလည်ပတ်မည်။ Angkorwat သည်  AD 802-1201 က တည်ဆောက်ခဲ့သော အဆောက်အဦးဖြစ်ပြီး စတုရန်းကီလိုမီတာ (၄၀) ကျယ်ဝန်းရာ အဆောက်အဦးပေါင်း ‘၆၀၀’ ကျော်ရှိပါသည်။ ပြောင်မြောက်သော ကျောက်ဆစ်လက်ရာဖြင့် ကမ္ဘာပေါ်တွင် နာမည်တွင်ခဲ့ပါသည်။ ထို့နောက် ခမာရိုးရာ ယဉ်ကျေးမှုဖျော်ဖြေရေး အစည်အစဉ် ဖြင့် “Special Buffet”  ကို သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူ ပါမည်။

ညအိပ်- Siem Reap

Day 4 Siem Reap – Phnom Penh
( B/L/D )

cambodia-21

 

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် Prasat Kravan,    Sras Srang,    Banteay Kdei,   Takeo, Taprohm စသည့် အထင်ကရနေရာများကို သွားရောက်ကြည့်ရှု့ လေ့လာပါမည်။ နေ့လည်စာပြီးနောက် ကမ္ဘောဒီးယား နိုင်ငံ၏ မြို့တော်ဖြစ်သော Phnom Pehn မြို့သို့ထွက်ခွာပါမည်။ အရှေ့တောင် အာရှနိုင်ငံရှိ အကြီးဆုံးဖြစ်သော အင်း(Tonle Sap Lake) သို့ သွားရောက်လေ့လာလည်ပတ်ရာ ထိုအင်းကြီးထဲတွင် နေ့စဉ်မှီခီုနေထိုင် ကျက်စားကြသော ဒေသခံများ၏ ဘဝဓလေ့များကိုလည်း တွေ့မြင်ကြရပါမည်။ ထို့နောက် Cruise  စီးရန် ပို့ဆောင် ပေးပါမည်။ ညစာသုံးဆေားင်ပြီးလျှင်ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ ၀င်ရောက် အနားယူမည်။

ညအိပ်-Phnom Penh

 

Day 5 Phnom Penh
( B/L/D )

cambodia-22

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့တော်ရှိ ငွေဘုရားတည်ထားလျှက်ရှိသော “Silver Pagoda” ၊”Royal Palace” နန်းတော်နှင့် ဥယာဉ်များ ၊နန်းတွင်းထဲရှိ ရှေးခေတ်အဖိုးတန် အမွေအနှစ်များ၊ မြဘုရားနှင့်ကျောင်းတိုက်များ ကိုလည်း ဖူးမြော်လေ့လာပါမည်။ ထို့နောက် အထင်ကရဖြစ်သော “Independence Monument” လွတ်လပ်ရေးကျောက်တိုင်နှင့်National Museum, Tuol Sleng Museum (သို့) S21 ခေါ် ခမာ အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ပြုပြင်ဖန်တီးထားသော အကျင်းထောင်အား လေ့လာပါမည်။ ဆက်လက်၍ အိမ်ပြန်အမှတ်တရလက်ဆောင်များ ဝယ်နိုင်ရန် “Russian Market” (Phsar Toul Tom Pong) သို့  ပို့ဆောင်ပေးပါမည်။  ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။

ညအိပ်-Phnom Penh

Day 6 Phnom Penh - Bangkok - Yangon
( B/-/- )

cambodia-23

 

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် “Phnom Penh” မြို့မှ  PG-930( 01:45-02:55 ) လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိရာ ထိုမှတဆင့်  PG-703( 05:00- 05:50 ) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။ 

 

 

ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF