ရန်ကုန် - ပေကျင်း - ရှန်ဟဲ - ရန်ကုန် (၈ရက် ရညအိပ်ခရီးစဉ်)
ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ CA906လေယာဉ်ဖြင့် (23:50-05:50) နာရီတွင် ပေကျင်းမြို့သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။ ဒေသခံ Guideမှ လာရောက်ကြိုဆို၍ ဟိုတယ်သို့ Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။



နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီးကို သွားရောက်လည်ပတ်ရာ ရှေးခေတ်လက်ရာဖြင့် တည်ဆောက်ထားသော အဆောက်အဦး ပေါင်းကိုးရာကျော်ကို တွေ့မြင်ရလိမ့်မည်။ ဆက်လက်၍ ထျန်အမ်မိန်ရင်ပြင်တော်ကြီးကို သွားရောက်ကြည့်ရှု့ပါမည်။ ‘ထျန်အမ်မိန်’ ရင်ပြင်တော်ကြီးသည် ကမ္ဘာပေါ်တွင် ဧရိယာအကျယ်ဆုံးရင်ပြင်တော်ဖြစ်ပြီး ရင်ပြင်တော်၌ တရုတ်ပြည်၏ နာမည်ကြီးသော အစည်းအဝေးခန်းမနှင့် ကြီးကျယ််ခမ်းနားသော အဆောက်အဦးများကို တွေ့မြင်ရပါမည်။ ထို့နောက် ဝမ်ဖူကျင်ဈေးလမ်းမကြီးကို သွားရောက်ဈေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ပေကျင်း



နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အံ့ဖွယ် (၇)ပါးစာရင်းဝင် ဂရိတ်ဝေါမဟာတံတိုင်းကြီးကို သွားရောက်လေ့လာလည်ပတ်ပါမည်။ ၄င်းတံတိုင်းကြီးသည် တရုတ်နိုင်ငံ၏ ဂုဏ်ထူးဆောင်သော အဆောက်အဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ Land Mark လည်းဖြစ်ပါသည်။ နိုင်ငံတကာမှ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ရာ နေရာလည်း ဖြစ်ပါသည်။ ထို့နောက် Olympic အားကစားရုံကိုလည်း သွားရောက်လေ့လာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-ပေကျင်း



နံနက်စာသုံးဆောင်ပြီးလျှင် Summer Palace နွေရာသီနန်းတော်ကြီးကို သွားရောက်လေ့လာလည်ပတ်ပါမည်။ နွေရာသီနန်းတော်ကြီးသည် ရှေးခေတ် ဘုရင်များ သွားရောက်အပန်းဖြေရာနေရာ ဖြစ်၍ လှပသော ရေအိုင်များ၊ ပန်းခြံ၊ အဆောက်အဦးများ၊ ဘုရာကျောင်းများ၊ တံတားများ၊ ကမ္ဘာ့အရှည်ဆုံး စောင်းတန်းများကိုတွေ့မြင် ရလိမ့်မည်။ ထို့နောက် ကမ္ဘာ့အမြန်ဆုံး(14:00-18:48) ရထားဖြင့် ရှန်ဟဲမြို့သို့ထွက်ခွားပါမည်။ညစာသုံးဆောင်ပြီးလျှင် နန်ဖူတံတားကြီးကို ကားဖြင့်ဖြတ်သန်း၍ ရှန်ဟဲမြို့၏ ခေတ်မှီမြို့သစ်ကြီးကိုတွေ့မြင်ရပါမည်။ ထို့နောက် ဟိုတယ်သို့ဝင်၍ အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။
ညအိပ်-ရှန်ဟဲ



နံနက်စာသုံးဆောင်ပြီးလျှင် နန်ဖူတံတားကြီးကို ကားဖြင့်ဖြတ်သန်း၍ ဖူတုံလုကျားကြွေစီးပွားရေးဇုန်ကို သွားရောက်လေ့လာပါမည်။ ထို့နောက် နာမည်ကြီး သော အဆောက်အအုံဖြစ်သည့် အရှေ့တိုင်းနှင်းပုလဲတာဝါကို သွားရောက်လေ့လာပါမည်။ နေ့လည်စာကို ရှန်ဟဲမြို့၏ အမြင့်ဆုံး အရှေ့တိုင်းနှင်းပုလဲတာဝါ ပေါ်တွင် ဘူဖေးသုံးဆောင်ရင်း ရှန်ဟဲမြို့အလှကို ရှု့စားပြီး ရှန်ဟဲမြို့ပြသရုပ်ဖော်ထားသော ပြတိုက်နှင့် ဖယောင်းရုပ်ထုပြတိုက်သို့ ဝင်ရောက်လေ့လာရန် စီစဉ်ထားပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဟဲ



နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ရှန်ဟဲမြို့မှ(၄၈) ကီလိုမီတာကွာဝေးသော တစ်ခုတည်းသော ရေပေါ်မြို့ဖြစ်သည့် ဇူဂျားဂျောင်(Zhujiajiao) မြို့သို့သွား ရောက်လည်ပတ်ပါမည်။ ၄င်းမြို့ရှိ လူတို့၏ ရေပေါ်တွင် နေထိုင်စားသောက်ပုံနှင့် (Qing&Ming)မင်းဆက်ခေတ်ကာလ၏ ဗိသုကာအဆောက်အအုံနှင့် တံတားများကို လှည့်ပတ်ကြည့်ရှု့့ပါမည်။ ဆက်လက်၍ လှေဖြင့် ရေပေါ်မြို့၏ ရှု့ခင်းများကို လှည့်ပတ်ကြည့်ရှု့ပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ရှန်ဟဲမြို့၏ ထူးခြားသော အနောက်တိုင်းဗိသုကာစတိုင်နှင့်ခေတ်မှီသော လူနေအိမ်ပုံစံများဖြင့် တည်ဆောက်ထားသော(Shikumem)သို့ သွားရောက် လေ့လာပါမည်။ ရာစုနှစ်အတွင်း ရှန်ဟဲမြို့၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ပြောင်းလဲပုံအဆင့်ဆင့်ကို လေ့လာကြည့်ရှု့့ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဟဲ



နံနက်စာသုံးဆောင်ပြီးလျှင် “2010 Shanghai Expo” ကိုသွာရောက် လေ့လာပါမည်။ “2010 Shanghai Expo” ထဲတွင်နိုင်ငံပေါင်းစုံ၏ ဗိသုကာများကို သွားရောက်လေ့လာပါမည်။ ထို့နောက် ကမ္ဘာ့အမြန်ဆုံး (14:00-18:48) ရထားဖြင့် ပေကျင်းသို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ Check in ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်-ပေကျင်း



နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသော မြတ်စွာဘုရား၏ စွယ်တော်မြတ်အစစ်ဋ္ဌာပနာထားသော ဘာသာချူဥယျာဉ် ကို ကြည့်ရှု့ကြပါမည်။ ဆက်လက်၍ ထျန်ထန်စေတီတော်ကြီးကို သွားရောက်လေ့လာပါမည်။ ထျန်ထန်စေတီတော်ကြီးသည် ရှေးခေတ်အဆက်ဆက် သော ဘုရင်များက မိုးနတ်မင်းကို ပူဇော်ကန်တော့ရန်နေရာနှင့် တိုင်းပြည်သာယာဝဖြိုးရေးအတွက်ဆုတောင်းရန်နေရာလည်း ဖြစ်ပါသည်။ ထို့နောက် ပေကျင်းမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ CA905 လေယာဉ်ဖြင့် (19:30-22:50) နာရီတွင် ရန်ကုန်မြို့ သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။