Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ရန်ကုန် - ချိန်တူး - ဂျိုးဂျိုင့်ကုန်း - လော့စန်း - အဲန်မေစန်း - ရန်ကုန်  
(၈ရက် / ၇ညအိပ်ခရီးစဉ်)

Day 1      ရန်ကုန် - ချိန်တူး
( D )

chendu-city-01

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပါမည်။ Tour Leader နှင့်တွေ့ဆုံပြီး ချိန်တူးမြို့(CA-415 08:20-11:30)ဖြင့် တိုက်ရိုက် ပျံသန်းရောက်ရှိပါမည်။ ထို့နောက် ညစာစားပြီးနောက် ဟိုတယ်တွင် Check In ၀င်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်-ချိန်တူး

Day 2       ချိန်တူး - ဂျိုးဂျိုင့်ကုန်း
( B / L / D )
jiuzhaigou-04
jiuzhaigou-05
jiuzhaigou-06

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် လေယာဉ်ဖြင့် ဂျိုဟွမ်လေဆိပ်သို့ ပျံသန်းရောက်ရှိ၍ ကားဖြင့် ဟွမ်လုံ (Huang Long ) ရှု့ခင်းသာဒေသကြီးကိုသွားရောက် လေ့လာကြပါမည်။ ဟွမ်လုံ (Huang Long ) ရှု့ခင်းသာဒေသသည် ထူးခြားသောထုံးကျောက်များဖြင့် ဖွဲ့စည်းထားသောကျောက်သားများ ဖြစ်ပါသည်။(၂၁၀၀) မီတာရှည်လျားသောကြောင့် ကမ္ဘာ့ပေါ်တွင် အရှည်ဆုံးထုံးကျောက်သားအဖြစ် သတ်မှတ်ခံရပါသည်။ ခရီးစဉ်တစ်လျှောက်လုံး ကြည့်ရှုစရာဖြစ်သော Body-Washing Cave (ရွှေဝါရောင်လွင်ပြင်)၊ PottefLandsacape ,Huang Long Cave (ဟွမ်လုံဂူ) ၊Huang Long Temple (ဟွမ်လုံဘုရားကျောင်း)၊ Multi –Coloured Ponds စသည့်တို့ကိုသွားရောက်လည်ပတ်ကြပါမည်။ ဆက်လက်၍ JiuZhaiGuo မြို့သို့ ကားဖြင့် ရောက်ရှိ၍ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် ၀င်ရောက်အနားယူပါမည်။

ညအိပ်- ဂျိုးဂျိုင့်ကုန်း

Day 3      ဂျိုးဂျိုင့်ကုန်း
( B / L / D )
jiuzhaigou-07
jiuzhaigou-08
jiuzhaigou-09

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် ပင်လယ်ရေမျက်နှာပြင် ပေပေါင်းတစ်သောင်းကျော်ရှိသော(UNESCO WORLD HERITAGE )ကမ္ဘာအမွေအနှစ် စာရင်းဝင်ဖြစ်သော JIU ZHAI GOU ရှု့ခင်းသာဒေသကြီးကို သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ ရှု့ခင်းအလွန်လှပသော ကျူပင်အိုင် (Lu Wei Pond) ၊ မီးပန်းမီးပွင့်အိုင် (HouHua Pond) ၊ သစ်ပင်အုပ်ကြီးအိုင်၊ ရောင်စုံအိုင် (Colour Full Pond) စသည့်တို့ကိုရှု့မဝအောင် တွေ့မြင်ရပါမည်။ညဘက်တွင် တိုင်းရင်းသားရိုးရာအကများနှင့် ထုံးတန်းစဉ်လာ ဓလေ့မီးထွန်းပွဲမီးပုံးပွဲများကိုသွားရောက်ခံစားကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင်ဝင်ရောက်အနားယူပါမည်။

ညအိပ်- ဂျိုးဂျိုင့်ကုန်း

Day4      ဂျိုးဂျိုင့်ကုန်း - ချိန်တူး
( B / L / D )
jiuzhaigou-10
jiuzhaigou-11
jiuzhaigou-12

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် JiuZhai Gou  လေယာဉ်ကွင်းသို့ ပို့ဆောင်ပေး၍  ချိန်တူးမြို့ သို့ (MU-5852 10:30-11:20) ဖြင့်ပျံသန်းရောက်ရှိမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ချိန်တူးမြို့ ရှိစီချွန်ပြတိုက်သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးလျှင် စီချွန်ရိုးရာ ပြပွဲသို့ ၀င်ရောက်ကြည့်ရှုပါမည်။ ထို့နောက် ဟိုတယ် တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်-ချိန်တူး

Day 5      ချိန်တူး - လော့စန်း - အဲန်မေစန်း
( B / L / D )
jiuzhaigou-14
jiuzhaigou-15
jiuzhaigou-13

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်    ခွမ်းဂျိုင့်လမ်းမသို့ သွားရောက်လေ့လာပါမည် ။၄င်းလမ်းမသည် ထူးခြားသော တရုတ်ပြည် ခေတ်ဟောင်း ကာလ၏ ဗိသုကာလက်ရာနှင့် ခေတ်မှီသော လူနေအိမ်ပုံစံများ ကို ရှု့မြင်ရပါမည်။ ထို့မှတဆင့် သင်္ဘောဖြင့် မြစ်သုံးမြစ်ဆုံရာနေရာရှိ  တောင်တစ်ခုလုံးကို ထွင်းထုထားသော လော့စန်းဘုရားကြီး ကို သင်္ဘောပေါ်မှ  ကြည်ညိုပါမည်။ဆက်လက်၍ လော့စန်းဘုရားကြီးကိုဖူးမြော်ပါမည်။နေ့လယ်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ၁နာရီခွဲကြာ မောင်း၍ အဲန့်မေရှန်းမြို့ သို့ ရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက် အနားယူပါမည်။

ညအိပ်-အဲန်မေစန်း

Day 6      အဲန်မေစန်း - ချိန်တူး
( B / L / D )
jiuzhaigou-16
jiuzhaigou-17
jiuzhaigou-18

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် အဲန်မေတောင်ခြေမှCable Train ဖြင့် MT.EMEI တောင်ထိပ်သို့ သွားရောက်ပါမည်။၄င်းအဲန်မေတောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်ပေပေါင်း ၁၀၀၀၀-ကျော်မြင့်ပြီး ဗုဒ္ဓဘာသာနှင့် သဘာဝရှု့ခင်းသာဒေသကြီးတစ်ခုဖြစ်ပါသည်။ ၄င်းဘုရားတောင်သည် တရုတ် ပြည်၏ အထွဋ်အမြတ်ကိုးကွယ်သော ဘုရားတောင်(၄)တောင်ထဲမှ ဘုရားတောင် တစ်တောင်ဖြစ်သည်။ တောင်ထိပ်တွင် ဖူလျှန်ရဟန်းနာ တောထွက်ခဲ့ရာနေရာဖြစ်သောကြောင့် တောင်ပေါ်တွင်တည်ထားပြီးရှု့ခင်းလှပသော တိမ်ပင်လယ်ကြီးနှင့် တိမ်ထက်မြင့်သော ရွှေဘုရားကို ဖူးမြော်ရလိမ့်မည်။ တောင်ပေါ်ဘုရားတွင် နေ့လည်စာကို သတ်သတ်လွတ် သုံးဆောင်ပါမည်။ ဆက်လက်၍ ကားဖြင့် ချိန်တူးမြို့သို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် စီချွမ်မြို့မှော်ဆန်သော ရုပ်ပြောင်းရုပ်လွှဲ အနုပညာဖျော်ဖြေမှု ကိုလည်း သွားရောက်ကြည့်ရှု့ပါမည်။ ထို့နောက် ဟိုတယ်သို့ အိပ်စက် အနားယူပါမည်။

ညအိပ်-ချိန်တူး

Day 7       ချိန်တူး
( B / L / D )
jiuzhaigou-19
jiuzhaigou-20
jiuzhaigou-21

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် စည်ကားပြီး “CCTV”မှ အမြဲလာရောက်ရိုက်ကူးသည့် ရိုက်ကွင်းတစ်ခုဖြစ်သော “ကျင်လီ”စျေးလမ်းမကြီးသို့ ပို့ ဆောင်ပေးပါမည်။ထို့နောက် “Panda” ဌာနေသို့ သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ “Panda” ပြတိုက်၊ လိပ်ပြာပြတိုက် ၊“Panda” ၏ အပြင်လှုပ်ရှားရာဒေသ ၊ “Panda”၏ မွေးဖွားသည့်နေရာပြခန်း များကိုကြည့်ရှု့ကြပါမည်။ ထို့နောက်စည်ကားသော ချွမ်းရှီးစျေးလမ်းမကြီးသို့ မိမိလွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်-ချိန်တူး

Day 8 ချိန်တူး -  ရန်ကုန်
( B )

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် ချိန်တူးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်(CA-415 08:20-11:30) ဖြင့် ရန်ကုန် သို့တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။

 

ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF