Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ဟောင်ကောင်- မကာအို (၄ညအိပ် / ၅ရက်ခရီးစဉ်)

Day 1      ရန်ကုန် - ဟောင်ကောင်
( - / - / D )

hong-kong-04

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ UB8027(09:45-14:15)နာရီတွင် လေယာဉ်ဖြင့်ဟောင်ကောင်မြို့သို့ရောက်ရှိပါမည်။ ဟောင်ကောင်သို့ရောက်ရှိပြီး ဒေသခံGuideမှ လာရောက်ကြိုဆိုပြီး ထိုက်ပင် တောင်ထိပ် သို့ သွားရောက်ပြီးတောင်ထိပ်ပေါ်မှ ဟောင်ကောင်မြို့၏အလှကို အပြည့်အဝကြည့်ရှူခံ စားနိုင်ပါသည်။ထို့နောက် မြို့ပြပန်းဥယာဉ်၊ ဖယောင်းရုပ်တုပြတိုက် နှင့် Convention center သို့ သွားရောက်လေ့လာ ကြည့်ရှူပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက် အနားယူပါ မည်။
ညအိပ်-ဟောင်ကောင်

 

Day 2       ဟောင်ကောင် - မကာအို
( B / L / D )

makao-01

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဟောင်ကောင်မှအမြန်သင်္ဘောဖြင့်မကာအိုသို့သွားရောက် ပြီး တာစန်းပါးရှေးဟောင်း “Church” မုဒ်ဦး၊ အမြောက်တပ်၊ မာကယ်ဘုရားကျောင်း၊ မကာအို တံတားကြီး နှင့်လှပ၍စည်ကားသိုက်မြိုက်သော ဆိပ်ကမ်းဒေသတို.ကိုသွားရောက်လည်ပတ်ပါ မည်။ ထို့နောက် ပြိုင်ကားပြတိုက်၊ ဝိုင်ပြတိုက်၊ ကားဖြင့် မကာအိုနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် တို့၏  ကြီးကြယ် ခမ်းနားသောအဆောက်အအုံများကိုသွားရောက်လေ့လာကြည့်ရှူပါမည်။ ထို.နောက် “ Casino” ရုံကြီးသို.၀င်ရောက်လေ့လာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်-မကာအို 

 

Day 3      မကာအို - ဟောင်ကောင်
( B / L / D )
makao-02
water-sport-02
water-sport-03

နံနက်စာသုံးဆောင်ပြီးလျှင်မကာအိုမှ အမြန်သင်္ဘောဖြင့် ဟောင်ကောင်သို့သွားရောက်ပါမည်။ဟောင်ကောင်မြို့သို့   ရောက်ရှိပြီးကမ္ဘာ့“TopTen”၀င်ဥယျာဉ်ကြီး“Ocean Park”ကို ၀င်ရောက် လည်ပတ်ပါမည်။ ပန်းခြံထဲတွင် ထူးဆန်းသောပြပွဲများနှင့်ရေအောက် ကမ္ဘာငါးပြတိုက်များကို ၀င်ရောက် ကြည့်ရှု့ပါမည်။ကကမ္ဘာ့ရှားပါးသော “Panda” ၀က်ဝံ၊မျောက်နီတို့ကို ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။ ထူးခြားဆန်းကြယ်သော    ကစားနည်းများကိုလည်း မိမိဆန္ဒဖြင့်  ကစားနိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့  အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်-ဟောင်ကောင်

Day 4      ဟောင်ကောင်
( B / L / D )
hong-kong-07
water-sport-02
hong-kong-16

နံနက်စာသုံးဆောင်ပြီးလျှင်ကြေးသွန်းထိုင်တော်မူဘုရားကြီးကို မိုးပျံCable ဖြင့် သွားရောက်ဖူးမျှော်ရင်း သဘာဝတောတောင် အလှကိုကြည့်ရှူ ခံစားပါမည်။ နေ့လည်စာကိုလည်း သတ်သက်လွတ်ဖြင့် ကျွေးမွေးပါမည်။ ထို့နောက် HongKong DisneyLand သို. သွားရောက်၍ ပြပွဲများ၊ထူးခြားဆန်းကြယ်သော အပျော်စီးကား၊ ရထား4D နှင့်ပင်လယ်ဓားပြလှေ စသည့်တို့ကို လွတ်လပ်စွာ ကစားပါမည်။ ညစာကို DisneyLand ထဲတွင် သုံးဆောင်ပြီးနောက် လှပသော မီးပန်းလွှတ်ပွဲကို ကြည့်ရှု့ခံစားပါမည်။ ထို့နောက် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။

ညအိပ်-ဟောင်ကောင် 

Day 5      ဟောင်ကောင် - ရန်ကုန်
( B / - / - )

နံနက်စာသုံးဆောင်ပြီးလျှင်ဟောင်ကောင်မှUB8028(15:15-16:45)လေယာဉ်ဖြင့်ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။


ဧည့်သည်တော်များ  ရွင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF