ဟနွိုင်း-ဟလောင်းဘေး ( ၆ရက်/၅ ည အိပ် ခရီးစဉ်)

ရန်ကုန်မြို.မှ လေယာဉ် (VN 942 14:25 -17:10) ဖြင့် တန်စီနန်လေဆိပ်သို့ ရောက်ရှိပြီး ဧည့်လမ်းညွန်မှကြိုဆို်ပါမည်။ညနေစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို့CheckIn၀င်၍အေးချမ်းစွာ အနားယူပါမည်။
ညအိပ်-ဟိုချီမင်း

ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာကျော်လူ သိများသော (Cu Chi Tunnels) မြေအောက်စစ်ဆင်ရေး လိုဏ်ခေါင်းသို့ သွားရောက်လေ့လာပါမည်။ နေ့လည်စာသုံး ဆောင်ပြီးလျှင် Notre Dame Cathederal, Old Saigon Post Office, People’s Committee များသို့ သွားရောက် လည်ပတ်ပါမည်။ ညနေစာကို ဆိုင်ဂုန်မြစ်အတွင်းရှိသင်္ဘောပေါ် တွင် သာယာသော ဂီတသံစဉ်များကို နားဆင်ခံစားရင်း သုံးဆောင်ပါမည်။ ညနေစာသုံး ဆောင်ပြီးလျှင် ဟိုတယ်၌ အေးချမ်းစွာ အနားယူပါမည်။
ညအိပ်-ဟိုချီမင်း

ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီးလျှင် Re-unification Palace, War Museum နှင့် Diamond Plaza တို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတွင် Buffet ဖြင့် ဧည့်ခံပါမည်။ ထို့နောက် လေဆိပ်သို့ထွက်ခွါလာရာ (VN 1150 15:00 – 17:00) လေယာဉ်ဖြင့် ဟနွိုင်းမြို့သို့ ပျံသန်းရောက်ရှိပါမည်။ ညနေစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို. Check In ၀င်၍ အေးချမ်းစွာ အနား ယူပါမည်။
ညအိပ်-ဟနွိုင်း


ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးကို ကြေငြာခဲ့သော သမိုင်းဝင် Ba Dinh square သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ၁၁ ရာစုနှစ်အစောပိုင်းက တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်သည့် “One Pillar Pagoda “တိုင်တစ်တိုင်ဘုရားကျောင်း” ကို၀င်ရောက် ဖူးမျှော်ပြီးနောက် ဟိုချီမင်းပြတိုက်သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး တက္ကသိုလ်သို. သွားရောက်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ ကျွန်းစုပေါင်း ၁၉၀၀ဖြင့် စုစည်းတည်ရှိသော ကမ်းရိုးတန်းတစ်ခုဖြစ်သည့် ဟလောင်းဘေးကမ်းခြေသို့ ဆက်လက်ထွက်ခွါပါမည်။ ညနေစာသုံးဆောင်ပြီးလျှင် လွတ်လပ်စွာစျေးဝယ်ထွက်နိုင်ရန် အချိန်ပေးပါမည် ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာအနားယူပါမည်။
ညအိပ်-ဟလောင်း


ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့သဘာဝအလှအမွေအနှစ်အဖြစ် သတ်မှတ်ခံရသော ဟလောင်း ပင်လယ်ကွေ.သို. သွားရောက်ပြီး ကျွန်းတောင်အလှကို သင်္ဘောဖြင့် လည်ပတ်ကြည့်ရှု ပါမည်။ အစိမ်းရောင်ခြယ်အပင်များဖုန်းလွှမ်းပြီး ပုံသဏ္ဍန်ပေါင်းစုံ ပေါက်နေသော ကျွန်းများသည် အပြာရောင် ပင်လယ်ပေါ်၌ အရိပ်ကြည်လင်စွာပေါ်နေသဖြင့် ရှားပါးသော သဘာဝရှုခင်းအလှ ပန်းချီကားကြီး တစ်ချပ်အတွင်းသို. ၀င်ရသကဲ့သို့ ခံစားရပါလိမ့်မည်။ နေ.လည်စာကို လတ်ဆတ်သော Sea Food ဖြင့် သင်္ဘောပေါ်တွင် တည်ခင်းဧည့်ခံပါမည်။ ထို.နောက် ဟနွိုင်းသို. ပြန်လည်ထွက်ခွါပါမည်။ ဟနွိုင်းသို့ ရောက်ရှိလျှင် ဗီယက် နမ်လူမျိုးတို့၏ နာမည်ကြီးရိုးရာယဉ်ကျေးမှုအကဖြစ်သော Water Puppet Show ကိုကြည့်ရှုခံစားနိုင်ရန် ပို့ဆောင်ပေးပါမည်။ ညနေစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ဟနွိုင်း


ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် စိတ်တိုင်းကျစျေးဝယ်ထွက်နိုင်ရန် နာမည်ကြီးသော 36 လမ်းမကြီးသို့ ပို.ဆောင်ပေးပါမည်။ ဟနွိုင်းမြို.၏ အထင်ကရဖြစ်သော Guon Kiem Lake နှင့် Ngoc Son Temple သို.သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် နွိုင်ဘိုင်းလေဆိပ်မှ (VN 957 16:35-18:10) လေယာဉ် ဖြင့် ရန်ကုန်မြို.သို. ပြန်လည်ရောက်ရှိပါမည်။


(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
Fully Light Travels & Tours Co.Ltd.
844 769380





