Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

Nepal & Bhutan Tour ( 8 Days / 7 Nights )

Day 01 Yangon – Kathmandu   8M335   RGNBKK
( B / - / - )
nepal-bhutan-01
nepal-bhutan-02
nepal-bhutan-03

ရန်ကုန်လေဆိပ်တွင်တွေ့ဆုံပြီး transit လေယာဉ်ဖြင့် ဘန်ကောက်မြို့မှတဆင့် နီပေါနိုင်ငံ၏  မြို့တော် Kathmandu သို့ထွက်ခွာပါမည်။ Kathmand   သို့ရောက်ရှိရာ ဒေသခံဧည့်လမ်းညွန်မှ ကြိုဆိုနှုတ်ဆက်ကာ ညစာသုံးဆောင်ရန်အတွက် စားသောက်ဆိုင်သို့ပို့ဆောင်ပေးပါမည်။ ထို့နောက်  Nagarkot  တောင်ပေါ်စခန်းသို့ သွားရောက်ပြီး ဟိုတယ်သို့ ဝင်ရောက်အနားယူကြပါမည်။
ညအိပ်- Kathmandu

Day 02  Kathmandu – Pokhara
( B / L / D )

နံနက်နေထွက်ချိန်တွင် ကားဖြင့် ခန့်ညားတင့်တယ်သော Himalayas (ဟိမဝန္တာ) တောင်တန်းကြီးအား ရှု့ူစားကြပါမည်.။ နံနက်စာ သုံးဆောင်ပြီးလျှင် ကားဖြင့် အံမခန်းလောက်အောင် လှပသော တောင်အာရှတိုင်းပြည်ရှိ  Swiss မြို့ငယ် ဟုနှိုင်းတုအပ်သော သဘာဝတောတောင်အင်းအိုင်အလှများဖြင့် ဆွဲဆောင်လျှက်ရှိသော Pokhara  မြို့သို့ သွားရောက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူမည်။
ညအိပ်- Pokhara 

Day 03  Pokhara – Kathmandu
( B / L / D )

nepal-bhutan-10

အာရုဏ်ဦးအချိန်တွင် Sarangkot သို့ထွက်ခွာပြီး နေထွက််ရှု့ခင်း၊ နှင်းတောင်တန်းကြီးများနှင့် နှင်းတောင်ပေါ်ရှိ ရေကန်အလှများကို သွားရောက် ရှု့စားပါမည်။ ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီးလျှင် Davi’s fall ၊ Gupteshore cave ၊ Bindabasini Temple နှင့် အေးချမ်းလှပသော Phewa Lake ရေကန်ပေါ်တွင် အပန်းဖြေလှေစီးနိုင်ရန်အတွက်လည်း စီစဉ်ပေးပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Pokhara  လေဆိပ်သို့ သွားရောက် ပြီး   Kathmandu မြို့သို့ပြန်လည်ထွက်ခွာပါမည်။ Kath-mandu  မြို့ရှိ ယဉ်ကျေးမှုအထိမ်းအမှတ်တစ်ခုဖြစ်သော Kathmandu Durbar Square တူပါနန်းတော်ရင်ပြင်ကြီအား သွားရောက်ကြည့်ရှု့လေ့လာပါမည်။ ထို့နောက် UNESCO စာရင်းဝင် ဘုရားကျောင်းကြီးတစ်ခုဖြစ်သော Swyambhunath  Stupa စေတီကြီးအား သွားရောက်ဖူးမြော်လေ့လာပါမည်။ ဖြူစင်သန့်ရှင်းသော မျောက်များလည်း နေထိုင်ကျက်စားကြပါသဖြင့် “Monkey Temple” ဟုလည်း အမည်တွင်ပါသည်။ ညစာအတွက် နီပေါစတိုင်လ် ရိုးရာအကနှင့်အတူ သုံးဆောင်နိုင်ရန် အမှတ်တရခင်းကျင်းဧည့်ခံပါ မည်။

ညအိပ်- Kathmandu

Day 04  Kathmandu – Paro – Thimphu
( B / L / D )

nepal-bhutan-05nepal-bhutan-06

နံနက်စာသုံးဆောင်ပြီးလျှင် Kathmandu လေဆိပ်သို့ သွားရောက်ရာ လမ်းတလျောက်တွင် ကမ္ဘာတဝှမ်းမှ လက်ရာပြောင်မြောက်ဆုံးသော  ShivaHindu templeကြီးနှင့် Pashupatinath Temple ကို ဝင် ရောက် လေ့လာပြီး ဘူတန်နိုင်ငံ Paro မြို့သို့ထွက်ခွာပါမည်။ လေယာဉ်ပေါ်မှ ဟိမဝန္တာတောင်တန်းကြီး၏လှပသော ရှု့ခင်းများကို တွေ့မြင်နိုင်ပါသည်။ Thimphu မြို့သို့ရောက်ရှိပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အနား ယူပါမည်။

ညအိပ်- Thimphu

Day 05 Thimphu -Punakha
( B / L / D )

နံနက်စာသုံးဆောင်ပြီးလျှင် Thimphu မြို့၏ sightseeing စတင်ကာဘူတန်နိုင်ငံတတိယမြောက်ဘုရင်မင်းဆက် King Jigme Dorji Wangchuck  တည်ထားခဲ့သော National Memorial chortenအထိမ်းအမှတ်ကျောက်တိုင်စေတီ၊ ၁၅-ရာစုနှစ်ထဲက တည်ထောင်ခဲ့သော Changangkha monasteryဘုန်းကြီးကျောင်း၊ Drupthob nunnery temple ဘုရားကျောင်းစသည့်တို့ကို လည်ပတ်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် Punakha မြို့သို့ထွက်ခွာကာ သမိုင်းတလျှောက် အရေးပါပြီး ရိုးရာယဉ်ကျေးမှုများကြွယ်ဝသော ဘူတန်မြို့တော်ဟောင်း Punakha Dzong မြို့ရိုးကြီးအားလေ့လာကြည့်ရှု့ပါမည်။
ညအိပ်- Punakha

Day 06    Thimphu – Paro
( B / L / D )
nepal-bhutan-07
nepal-bhutan-08
nepal-bhutan-09

နံနက်စာသုံးဆောင်ပြီးလျှင် Thimphu  မြို့သို့ပြန်လည်ထွက် ခွာပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် Paro မြို့သို့ခရီးဆက်ပါမည်။ လမ်းခရီးပေါ်တွင် ဘူတန်နိုင်ငံရှိသက်တမ်းရှည်သော ရှေးဟောင်းမြို့ရိုး Simtokha Dzong အဆောက်အဦးကြီးအား သွားရောက်လေ့လာပါမည်။ ထိုအဆောက်အဦးကြီး သည် လက်ရှိအချိန်တွင် ဗုဒ္ဓသာသနာတက္ကသိုလ် အဖြစ်ဆက်လက်တည်ရှိနေသည်ကိုတွေ့ရှိရပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အနားယူမည်။

ညအိပ်- Paro

Day 07  Paro
( B / L / D )

နံနက်စာသုံးဆောင်ပြီးလျှင် Paro မြို့ရှိအထင်ကရနေရာများအား လှည့်လည်ပြသပေးမည်ဖြစ်ရာ ရှေးဟောင်းမဟာဗျူဟာစစ်ခံတပ်ကြွင်ကျန်မြို့ရိုးကြီး Drugyel dzong အားသွားရောက်လေ့လာပါမည်။ထိုမြို့ရိုးကြီးသည် ၁၆-ရာစုနှစ်တွင် စစ်စီးနင်းရန်ဝင်ရောက်လာသော တိဘတ်သူပုန်များအား ခုခံတိုက်ခိုက်ရန်အတွက် အသုံးပြုသော ခံတပ်ကြီးဖြစ်ပါသည်။ ထို့နောက် အေးချမ်းလှပသော ချိုင့်ဝှမ်းအား ဖြတ်သန်းရင်း အံ့မခန်းလောက်အောင် လှပသောရှု့ခင်းအားကြည့်နိုင်ရန်အတွက် မျှော်စင်မြို့ရိုးသို့ သွားရောက်ပါမည်။ ထိုမြို့ရိုးကြီးအား အမျိုးသာပြတိုက်အဖြစ် ပြောင်လဲကာ ဘူတန်လူမျိုး များ၏ ယဉ်ကျေးမှုရိုးရာဓလေ့များနှင့် အခြားသမိုင်းဝင်ကဏ္ဍပေါင်းများစွာတို့ကိုလည်းပြသထားခြင်းကို လေ့လာတွေ့ရှိရပါမည်။ဆက်လက်၍ တောင်ကုန်း လေးအတိုင်းဆင်းပြီး Rinpung Dzong ခေါ် ရဟန်းတော်များ၏အုပ်ချုပ်ရေးရုံးနှင့် ကျောင်းတော်ကြီးအား လည်ပတ်လေ့လာနိုင်ပါမည်။ ညစာ သုံးဆောင်ပြီး လျှင် ဟိုတယ်သို့ ဝင်ရောက် တည်းခို အနားယူ ပါမည်။

ညအိပ်- Paro

Day 08  Paro - Yangon
( B / - / - )

နံနက်စာသုံးဆောင်ပြီးလျှင်  Paro သုံးလေဆိပ်သို့ သွားရောက်ကာ ခရီးစဉ်နိဂုံးချုပ်ရင်း ဘန်ကောက်မြို့မှတဆင့် ရန်ကုန်သို့ ပျံသန်းထွက်ခွာပါမည်။

 

ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF