Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

 ဗီယက်နမ်-ကမ္ဘောဒီးယားခရီးစဉ် (၉ညအိပ်/၁၀ ရက်ခရီးစဉ်)

Day 1 ရန်ကုန်-ဟနွိုင်း
(D)

vietnam-01vietnam-02

ရန်ကုန်မြို.မှ( EK  388 13:00- 15:30 )လေယာဉ်ဖြင့်ဟနွိုင်းမြို.ရှိ Noi Bai လေဆိပ်သို. ရောက်ရှိပြီးဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပါမည်။ ထို.နောက် ဟိုတယ်သို. Check In ၀င်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်- ဟနွိုင်း

Day 2 ဟနွိုင်း-ဟလောင်းဘေးပင်လယ်ကွေ့
( B / L / D)

vietnam-03vietnam-04

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပြီး ၁၉၉၄ ခုနှစ်တွင် Unesco ၏ ကမ္ဘာ.အမွေအနှစ် ထိန်းသိမ်းရေး စာရင်းသွင်းခံထားရသော ဟလောင်းမြို.သို. ထွက်ခွာပါမည်။ အစိမ်းရောင်ခြယ် အပင်များ ဖုံးလွှမ်းပြီးပုံစံမျိုးစုံပေါက်နေသော ကျွန်းများသည် အပြာရောင် ပင်လယ်ရေပေါ်တွင် အရိပ်ကြည်လင်စွာ ပေါ်နေသဖြင့် ရှားပါးသော သဘာဝရှုခင်း အလှပန်းချီကားကြီးတချပ်အတွင်းသို. ၀င်ရသကဲ့သို. ခံစားရပါမည်။ ဟာလောင်းမြို.ကိုသင်္ဘောဖြင့် ပျော်ရွှင်ဖွယ်ရာ လည်ပတ်နေစဉ် နေ.လည်စာကိုသင်္ဘောပေါ်တွင် Set Menu ကျွေးမွေးမည့် အစီအစဉ်ဖြစ်ပါသည်။ ရေကူးခြင်း နှင့်Kayak လှေလှော်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ ညနေပိုင်းတွင် အစားအစာ အပျော်တမ်း ချက်ပြုတ်နည်းကိုပျော်ရွှင်စွာ သင်ကြားပါမည်။ သင်္ဘောပေါ်မှ ဟလောင်းပင်လယ်ကွေ. နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပါမည်။ ထိုနောက် ညစာကို ကြယ်လေးပွင့် အဆင့်ရှိ သင်္ဘောပေါ်တွင် သုံးဆောင်ပြီး 4 star cruise ပေါ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်- 4 star Crusie

Day 3 ဟလောင်းဘေးပင်လယ်ကွေ.- ဟနွိုင်း - ဟိုချီမင်း
( B / L / D )

vietnam-05vietnam-06

ထိုက်ကျိကျင့်ခြင်းကို စိတ်ဝင်စားပါက နံနက်စာဘူဖေးမသုံးဆောင်မီ ၀င်ရောက်လေ့လာနိုင်ပါသည်။ထို.နောက်ThienCanhSon Cave သို့ သွားရောက် လည်ပတ်ကြပါမည်။ ဆက်လက်ပြီး သင်္ဘောပေါ်တွင် နေ.လည်စာ သုံးဆောင်ရင်းလှပသောရှုခင်းများကိုကြည့်ရှုပါမည်။ထို.နောက် Noi Bai လေဆိပ်သို. ပို.ဆောင်ပေးပြီး(VN 271 20:15- 22:25)လေယာဉ်ဖြင့် ဟိုချီမင်းမြို.သို. ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပြီးဟိုတယ်သို. ၀င်ရောက်အနားယူပါမည်။

ညအိပ်-ဟိုချီမင်း

Day 4 ဟိုချီမင်း-ဖနွမ်းပင် (5 hr driving)
( B / L / D )

vietnam-07vietnam-08

နံနက်စာသုံးဆောင်ပြီးလျှင် (Independent Palace Reunification Palace ) ၊ ဗီယက်နန်နိုင်ငံ၏ ရှေးအကျဆုံးဘုရားကျောင်းအဆောက်အဦးတစ်ခုဖြစ်သော Notre Dame Cathedral နှင့် အကြီးဆုံးစာတိုက်ကြီးဖြစ်သည့် the Old Post Office သို့သွားရောက်လည်ပတ်မည်။ နေ.လည်စာသုံးဆောင်ပြီးလျှင်ဟိုချီမင်းမြို.မှကားဖြင့် (၅)နာရီခန်.မောင်း၍ ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို.သို. ရောက်ရှိကာဟိုတယ်သို. Check in ၀င်ရောက်ပါမည်။ညနေစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်-ဖနွမ်းပင်

Day 5 ဖနွမ်းပင်
( B / L / D )

vietnam-10vietnam-09

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Independent monument, Royal Palace, Wat Phnom တို.ကိုလည်ပတ်ပါမည်။ ပြီးလျှင် သင်္ဘောပေါ်မှာလမ်းလျှောက်ရင်း sunset ကြည့်နိုင်ပါမည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး Casino Naga ကိုလည်းလည်ပတ်ပါမည်။ ထို.နောက် Kingdom’s capital Phnom Penh သို.လည်းဝင်ရောက်လေ့လာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို.အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်-ဖနွမ်းပင်

Day 6 ဖနွမ်းပင်-ဆီအမ်ရစ်
( B / L / D )

vietnam-12vietnam-11

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Free Shopping လုပ်နို်င်ပါမည်။ နေ.လည်စာ သုံးဆောင်ပြီးလျှင်(K6 109 13:00 – 13:45) ဖြင့် Siem Reap သို. သွားရောက်ပါမည်။ ကမ္ဘောဒီးယားမြို.၏ ရှေးအကျဆုံး တံတားတစ်စင်းဖြစ်သည့် Dragon Bridge ကိုလည်ပတ်ပါမည်။ ထို.နောက် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို. ၀င်ရောက်ပြီး အိပ်စက်အနားယူပါမည်။

ညအိပ်-ဆီအမ်ရစ်

Day 7 ဆီအမ်ရစ် - အန်ကာဝပ်
( B / L / D )

vietnam-13vietnam-14

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင်  (၁၂) ရာစုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့သောခမာလူမျိုးတို့၏ Angkor Thom မြို့ဟောင်းသို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်ပြီး(၁၂)ရာစုတွင် တည်ထားကိုးကွယ်သော ကမ္ဘောဒီးယားရှိ နာမည်ကျော် Bayonကျောင်းတော် (မျက်နှာကျောင်းတော်)၊ Ta Prom ကျောင်းတော်သို့ သွားရောက် လေ့လာပါမည်။ ထို့နောက် ကမ္ဘာ့သမိုင်းဝင်အမွေအနှစ် တစ်ခုဖြစ်သော Angkor Wat ဘုရားကျောင်းသို့ သွားရောက် လည်ပတ်ပါမည်။ အန်ကောဝတ်၏ နေဝင်ဆည်းဆာကို ရှုစားပါမည်။ ညနေစာသုံးဆောင် ပြီးလျှင် ဟိုတယ်၌ အေးချမ်းစွာအနားယူပါမည်။

ညအိပ်-ဆီအမ်ရစ်

Day 8ဆီအမ်ရစ်-ဟိုချီမင်း
( B / L / D )

vietnam-15vietnam-16

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံ ဆီအမ်ရစ်မှ (VN 3824 13:50- 14:55 ) ဖြင့်ဟိုချီမင်းမြို.သို. သွားရောက်ကာ  ဟိုတယ်သို. Check In ၀င်ရောက်ပါမည်။ ညနေစာအား Saigon မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့်လည်ပတ် ရင်း ဖျော်ဖြေမှု များနှင့် အတူ သင်္ဘောပေါ်တွင် သုံးဆောင်ပါမည်။ ပြီးလျှင် ဟိုတယ်၌ အိပ်စက် အနား ယူပါမည်။

ညအိပ်-ဟိုချီမင်း

Day 9 ကူချီ-ဟနွိုင်း
(B / L / D )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့အနောက်မြောက်ဘက်(၈၀)ကီလိုမီတာအကွာတွင် တည်ရှိသောသမိုင်းဝင်မြေအောက်ရွာ (Cu Chi Tunnel) သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဟိုတယ်မှ Check out ထွက်ပြီး ဟနွိုင်းမြို့သို့ VN 246 (14:50 – 16:55 )လေယာဉ်ဖြင့် သွားရောက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို. အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်- ဟနွိုင်း

Day 10  ဟနွိုင်း-ရန်ကုန်
(B / L / - )

vietnam-17vietnam-18

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အထင်ကရနေရာများဖြစ်သော ဟိုချီမင်းအလောင်းထားရှိရာ ဂူဗိမ္မာန်၊ တိုင်တစ်လုံးဘုရားကျောင်းတော်(One Pillar Pagoda)၊ ကျောက်စိမ်းတောင်ဘုရားကျောင်း (Ngoc Son Temple)နှင့်Tran Quoc ဘုရားကျောင်းဆောင်တို့ကို သွားရောက်လည်ပတ်ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ပြီးနောက်နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Noi Bai လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ( EK 389 22:50 – 12:20 ) လေကြောင်းလိုင်းဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

ဧည့်သည်တော်များ    ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF