ရန်ကုန် - ကူမင်း - ပေကျင်း - ရှန်ဟဲ - ပေကျင်း - ရန်ကုန်
(၈ရက်၇ညအိပ်ခရီးစဉ်)



ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ဖြင့် ကူမင်းမြို့သို့ရောက်ရှိ၍ ကူမင်းလေဆိပ်မှတဆင့် လေယာဉ်ဖြင့် ပေကျင်းမြိ့သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။ ဒေသခံ Guide မှလာရောက်ကြိုဆို၍ ဟိုတယ်သို့ Check in ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူ ပါမည်။
ညအိပ်-ပေကျင်း



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင်ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီးသို့သွားရောက်လည်ပတ်ရာရှေးခေတ်လက်ရာဖြင့်တည်ဆောက်ထားသောအဆောက်အဦးပေါင်းကိုးရာကျော်ကိုတွေ့မြင်ရလိမ့်မည်။ဆက်လက်ပြီး ထျန်အမ်မှိန်ရင်ပြင်တော်ကြီးကို သွားရောက်ကြည့်ရှု့ပါမည်။ထျန်အမ်မှိန်ရင်ပြင်တော်ကြီးသည်ကမ္ဘာ့ပေါ်တွင်ဧရိယာအကျယ်ဆုံးရင်ပြင်တော်ဖြစ်ပြီးရင်ပြင်တော်၌တရုတ်ပြည်၏အရေးကြီးသောအစည်းအဝေးခန်းမနှင့်ကြီးကျယ်ခမ်းနားသောအဆောက်အဦးများကိုတွေ့မြင်ရပါမည်။ဆက်လက်၍ Qin Min ဈေးတန်းလမ်းမကြီးတွင်ဈေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ပေကျင်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အံ့ဖွယ်(၇)ပါးစာရင်းဝင် ဂရိတ်ဝေါမဟာ တံတိုင်းကြီးကို သွားရောက်လေ့လာပါမည်။ ၄င်းတံတိုင်း ကြီးသည် တရုတ်နိုင်၏ ဂုဏ်ထူးဆောင်သော အဆောက်အဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ “Land Mark” လည်းဖြစ်ပါသည်။ နိုင်ငံတကာခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဝမ်ဖူးကျင်ဈေး လမ်းမကြီးသို့ ဈေးဝယ်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ပီကင်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် “Summer Palace” နွေရာသီနန်းတော်ကြီးကိုသွား ရောက်လေ့လာမည်။ နွေရာသီနန်းတော် ကြီးသည် ရှေးခေတ်ဘုရင်များ သွားရောက်အပန်းဖြေရာ နေရာဖြစ်၍ လှပသောရေအိုင်များ၊ ဘုရား ကျောင်းများ၊ တံတားများ၊ ကမ္ဘာ့အရှည်ဆုံးစောင်းတန်းများကို တွေ့မြင်ရလိမ့်မည်။ ထို့နောက် ကမ္ဘာ့အမြန်ဆုံးရထားဖြင့် ရှန်ဟဲမြို့သို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် နန်ဖူတံတားကြီးကို ကားဖြင့်ဖြတ်သန်း၍ ရှန်ဟဲမြို့၏ ခေတ်မှီမြို့သစ်ကြီးကိုတွေ့မြင်ရပါမည်။ ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဟဲ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နန်ဖူတံတားကြီးကို ကားဖြင့် ဖြတ်သန်း၍ ဖူတုံလုကျားကြွေစီးပွားရေးဇုန်ကို သွားရောက်လေ့လာပါ မည်။ ထို့နောက် နာမည်ကြီးသောအဆောက်အအုံဖြစ်သည့် အရှေ့တိုင်းနှင်းပုလဲတာဝါ သို့သွားရောက်လေ့လာပါမည်။ နေ့လည်စာကို ရှန်ဟဲမြို့၏အမြင့်ဆုံး အရှေ့တိုင်းနှင်းပုလဲတာဝါပေါ်တွင် ဘူဖေးသုံးဆောင်ရင်း ရှန်ဟဲမြို့အလှကို ရှု့စားပြီး ရှန်ဟဲမြို့ပြသရုပ်ဖော်ထား သောပြတိုက်နှင့် ဖယောင်းရုပ်ထုပြတိုက်သို့ ဝင်ရောက်လေ့လာရန် စီစဉ်ထားပါသည်။ ဆက်လက်၍ ချိန်ဟွမ်မျော်မြို့ ဟောင်းကြီးထဲတွင် သွားရောက်လည်ပတ်ပြီးလျှင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက်တရုတ်ပြည်၏ ပထမဆုံးလမ်းမကြီးဟု တင်စားခံရသော နန်ကျင်းဈေး လမ်းမကြီးသို့ သွားရောက် ဈေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဟဲ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် မကြာသေးမီက အသစ်ဖွင့်လှစ်ထားသော Shanghai Disneyland သို့သွားရောက် လည်ပတ် ပါ မည်။နေ့လည်စာကိုDisneyland တွင်သုံးဆောင်ကြပါမည်။ထို့နောက် ဝေါလ်ဒစ်စနေ ကာတွန်းဇာတ်ကောင်များ၏ ကပြဖျော်ဖြေမှုများ ကို ကြည့်ရှု့ခံစားရင်း မိမိကိုယ်တိုင်ပါဝင်ဆော့ကစားနိုင်သော ကစားနည်းများနှင့် တစ်နေ့တာအပန်းဖြေကြပါမည်။ ညစာကိုဒေသဆိုင်ရာ စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ဟိုတယ်းသို့ဝင်ရာက်အိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဟဲ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် “2010 Shanghai Expo” ကိုသွားရောက်လေ့လာပါမည်။ 2010 Shanghai Expo ဥယျာဉ်ကြီးထဲတွင် နိုင်ငံပေါင်းစုံ၏ ဗိသုကာလက်ရာများကို သွားရောက်လေ့လာပါမည်။ ထို့နောက်ကမ္ဘာ့အမြန်ဆုံးရထားဖြင့် ပေကျင်းသို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ Check in ဝင်၍ အိပ်စက်အနားယူပါမည်။
ညအိပ်-ပေကျင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ပေကျင်းမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်း ရောက်ရှိ ပါမည်။