ရန်ကုန် - နန်နင်း - ကွေ့လင် - ရန်ဆော့ (၇ညအိပ် /၈ရက်ခရီးစဉ်)



ရန်ကုန်လေဆိပ်တွင် တွေ့ဆုံပြီး MU 2012 ( 12:20 – 16:25 ) လေယာဉ်ဖြင့် နန်နင်းမြို့သို့ တိုက်ရိုက်ပျံသန်းရောက်ရှိရာ ဒေသခံ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပါမည်။ ညစာသုံးဆောင်ပြီးလျှင် အမျိုးသားလမ်းမ (National Avenue) သို့သွားရောက်ပြီး နန်နင်းမြို့ပြ၏ ညနေခင်း ရှုခင်းအလှအပများကိုလည်းရှုစားပါမည်။ ဆက်လက်၍ Asean International Conference Center သို့သွားရောက်လည်ပတ်ပါမည်။ထို့နောက်အေးချမ်းစွာအိပ်စက်အနားယူရန်ဟိုတယ်သို့ဝင်ရောက်ပါမည်။
ညအိပ် - နန်နင်း



နံနက်စာသုံးဆောင်ပြီးလျှင် အမြန်ရထားဖြင့် (၂:၃၀)နာရီခန့် ဝေးကွာသော ကွေ့လင်မြို့သို့ ထွက်ခွာပါမည်။ ကွေ့လင်မြို့သို့ရောက်ရှိပြီး နေ့လည်စာသွား ရောက်သုံးဆောင်ပါမည်။ ဆက်လက်၍ ရှေးဟောင်းမြို့တော် Jing Jiang Prince’s City သို့သွားရောက် လည်ပတ်ပါမည်။ထို့နောက် ကွေ့လင်မြို့၏ အမြင့် ဆုံး တောင်ထိပ်ဖြစ်သော (Duxiu Feng ) ကိုသွားရောက်ကြည့်ရှုပါမည်။ ဆက်လက်၍ ကွေ့လင်မြို့၏သင်္ကေတဖြစ်သော Elephant Trunk Hill ဆင်နှာမောင်း တောင်ကိုလည်း သွားရောက်လည်ပတ်ပါမည်။ Rong Shan Lake နှင့် ဘုံ (၉)ဆင့်ရှိသောရွှေ ၊ ငွေ စေတီတိုက် စသည့်တို့ကို သွားရောက်ဖူးမြော်ပါမည်။ ဆက်လက်၍ Zheng Yang စျေးလမ်းမကြီး သို့ မိမိလွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကွေ့လင်



နံနက်စာသုံးဆောင်ပြီးလျှင် Seven star ပန်းခြံသို့ဝင်ရောက်ပြီး စိမ်းလန်းစိုပြေသာယာလှပသော တောတောင်ရေမြေသဘာဝအလှများ၊ယဉ်ကျေးမှုရှေးဟောင်းအဆောက်အအုံများ ပေါင်းစပ်တည်ရှိနေသောပန်းခြံအတွင်းသို့လည်ပတ်ပါမည်။ထို့နောက်ဟွာရှယဉ်ကျေးမူရင်ပြင်တော်အတွင်းလှပသောတံတား၊ဥမင်လှိုင်ဂှု၊သဘာဝအလျောက်ဖြစ်ပေါ်နေသော သစ်ကုလားအုပ်တောင်(Tablets Forest) ကိုလည်းသွားရောက်လည်ပတ်ပါမည်။ထိုနောက် Cable Car ဖြင့် အမြင့်ပေ 900 မီတာမြင့်သော ‘ ယောင် ’ တောင်ထိပ်ပေါ်၌ ကွေ့လင်းမြို့၏အလှများကိုလည်း ကြည့်ရှုခံစားပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးလျှင်အေးချမ်းစွာ အိပ်စက်အနားယူရန်အတွက်ဟိုတယ်သို့ဝင်ရောက်ပါမည်။
ညအိပ် - ကွေ့လင်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၁:၃၀)နာရီခန့်ဝေးကွားသော ရန်ဆော့မြို့သို့သွားရောက်ပါမည်း။ဆက်လက်၍ ပန်းချီကား တစ်ချပ်သဖွယ်လှပသော လိကျန်မြစ် ရေစီးကြောင်းတလျောက်ရှိ ရှု့ခင်းများအားသင်္ဘောဖြင့် သွားရောက်ရှုစားပါမည်။ထို့နောက်စည်ကားသိုက်မြိုက်သော ရှေးဟောင်းစျေးလမ်းမကြီးတွင် မိမိလွတ်လပ်စွာ လည်ပတ်နိုင်ပါသည်။ ညနေပိုင်းတွင် ကွမ်စီပြည်နယ်ရှိ တောတောင်ရေမြေ သာဘာဝအလှများနှင့် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာ ယဉ်ကျေးမူ့အမွေနှစ်များကို ပေါင်းစပ်ဖော်ကြူး သရုပ်ဖော်ပြသနေသည့် ရေပေါ်အကများကိုလည်းအံသြစွာ ကြည့်ရှုခံစားရပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက် အနားယူပါမည်။
ညအိပ်-ရန်ဆော့



နံနက်စာသုံးဆောင်ပြီးလျှင် ရန်ဆော့မြို့ မှ မိနစ် ၄၀ ခန့်ခရီးဝေးကွာသော လီပူမြို့ သို့ သွားရောက်ပါမည်။ထို့နောက် လီပူမြို့ရှိ ၂၀၀၀ မီတာ ရှည်လျားသော Sliver Cave သို့ သွားရောက်ပြီး ရောင်စုံများ ထွန်းလင်းတောက်ပနေသော ကျောက်စက်မိုးမျှော်များ၊ ကျောက်စက်ပန်းစွဲများ ကိုလည်းအံသြစွာတွေ့မြင်ရပါမည်။ ထို့နောက် လိုက်ပင့်မြို့သို့ကားဖြင့် (၂:၃၀)နာရီ ကြာထွက်ခွာပြီး ထင်ရှားသောလျံဟွမ်းစန်းတောင်သို့ သွာရောက်လေ့လာပါမည်။ ညနေပိုင်တွင် ယောင်လူမျိုး များ၏ ယဉ်ကျေးမူအကများကို လေ့လာရှုစားပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက် အိပ်စက် အနားယူပါမည်။
ညအိပ် - လိုက်ပင်



နံနက်စာသုံးဆောင်ပြီးလျှင်ယောင်းလူမျိုးစုတို့၏ ပြတိုက်သို့ဝင်ရောက်ပြီး ယောင်လူမျိုးစုတို့၏ ရှေးဟောင်းအသုံးဆောင်ပစ္စည်းများနှင့် နေထိုင်မှုအဆင့်ဆင့် ကို လည်းလေ့လာနိုင်ပါမည်။Dayaoshan Suppression Bandits Memorial Porll ၊ Canol Cultural Promonade သို့ သွားရောက်လေ့လာပါမည်။ ထို့်နောက် ကားဖြင့် (၂:၃၀)နာရီ ခန့်ဝေးကွာသောလျိုဂျိုသို့ထွက်ခွာပါမည်။လျိုဂျိုသို့ရောက်လျှင် ဟိုတယ်သို့ Check in ၀င်ပါမည်။ညနေပိုင်းတွင် အဆင့်မြင့်သင်္ဘောဖြင့် လျိုကျန်ခေါင်း တလျောက်လှည့်လည်၍ မြို့ပြ၏အလှအပများကို ရှု့စားပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ်- လျိုဂျို



နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၂:၃၀)နာရီခန့်ဝေးကွာသော နန်နင်းမြို့သို့ ထွက်ခွာပါမည်။ ဆက်လက်၍ နန်နင်းမြို့ပြစီမံကိန်းပြတိုက် နှင့် ကွမ်းစီးယဉ်ကျေးမှု ပြတိုက်သို့သွားရောက်လေ့လာပါမည်။ ညနေပိုင်းတွင် ကုန်တိုက် သို့သွားရောက်၍ မိမိလွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင်အေးချမ်းစွာ အိပ်စက်အနားယူနိုင်ရန် ဟိုတယ်သို့ဝင်ရောက်ပါမည်။
ညအိပ် -နန်နင်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ MU 2011 ( 10:20 – 11:40 ) လေယဉ်ဖြင့် ရန်ကုန်မြို့သို့ တိုက်ရိုက် ပျံသန်း ရောက်ရှိပါမည်။