ဘန်ကောက် - ဖူးခက် ( ၅ရက်/၄ညအိပ် ခရီးစဉ်)



ရန်ကုန်မြို့မှ DD-4231 (08:00 – 09:45) လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ရောက်ရှိပါမည်။ ဆက်လက်ပြီး ဘန်ကောက်မှတစ်ဆင့်ဖူးခက်သို့ DD-7506 (13:35-14:55) ဖြင့် ဖူးခက်သို့ ပျံသန်းရောက်ရှိပါမည်။ ထိုနောက် ဖူးခက်မြို့အကြီးဆုံး “Phuket Big Buddha” ဘုရားကြီးကို သွားရောက်ဖူးမြော်ပါမည်။ ထိုနောက် ဖူးခက်မြို့တွင်းကို လေ့လာလည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ ၀င်ရောက်အိပ်စက် အနားယူပါမည်။
ညအိပ်- ဖူးခက်



ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးလျှင် Monkey Temple (ခေါ်) Suwannakuha Temple သို့ သွားရောက်လည်ပတ်ရာ ထူးဆန်းသော ကျောက်ဆွယ် ကျောက်သားလှိုဏ်ဂူထဲတွင်ဓါတ်တော်မွေတော်များနှင့် အမျိုးမျိုးသော ဗုဒ္ဒရုပ်ပွားတော်များကို ဖူးမြော်နိုင်ပါသည်။ ဆက်လက်၍ Khan Ma Ju သို့ရောက်ရှိပြီး ကနူးလှေလေးများစီး၍ လှပသော Khao Nam Sao တွင်မိမိလွတ်လပ်စွာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးမည်။ ဆက်လက်၍ James Bond ကျွန်းကို သွားရောက်လေ့လာလည်ပတ်မည်။နေ့လည်စာသုံးဆောင်ပြီးလျှင် Khan Chan & Khao Tapoo တို့၏ လှပသောရှုခင်းများ၊ ကျွန်းငယ်များကို မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးနိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် Fantasy Show ထဲတွင် ရိုးရာအကနှင့် ဆင်လိမ္မာအကအစရှိသည်တို့ကို သွားရောက်ကြည့်ရှုပြီး ဟိုတယ်သို့ဝင်ရောက်အိပ်စက် အနားယူမည်။
ညအိပ်- ဖူးခက်
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးလျှင် သင်္ဘောဖြင့်လှပသော PP Island ကိုသွားရောက်ရာ နာမည်ကြီး လီယိုနာဒိုမင်းသား ပါ၀င်သော The Beach ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးခဲ့ရာ Maya Bay ကို လမ်းတလျှောက်တွေ့မြင်နိုင်ပါသည်။ ထိုနောက် ငှက်သိုက်များထွက်ရာ Viking Caveကိုလည်း တွေ့မြင်နိုင်ပါသည်။ Phi Phi Island တွင် ရေကူးခြင်း ၊ ရေငုတ်ခြင်း အစရှိသည်တို့ကို မိမိစရိတ်ဖြင့် လွတ်လပ်စွာ ကစားနိုင်ပါသည်။Lod Sama Bay and Pilen တို့ကိုလည်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးနိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်- ဖူးခက်



ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် နန်းတော်ကြီး ၊မြဘုရားနှင့် လေးမျက်နှာဘုရားတို့ကို သွားရောက်ဖူးမြော်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် “Pratunam” တွင် “Shopping” လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်- ဖူးခက်
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးလျှင် ကားဖြင့် Safari World သို့သွားရောက်လေ့လာကြပြီး ဥယျောဉ်ထဲရှိ (007) ဂျိမ်းစဘွန်းပြပွဲ ၊ ပင်လယ်ဖျံပြပွဲ ၊ လင်းပိုင်ပြပွဲ များကို ကြည့်ရှုခံစားကြပါမည်။ ထိုနောက် ဟိုတယ်မှ Check Out ထွက်ပြီးနောက် လေယာဉ်ဖြင့် ဘန်ကောက်သို့ရောက်ရှိပါမည်။ ဘန်ကောက်မှတစ်ဆင့် ရန်ကုန်မြို.သို. အေးချမ်းစွာ ပျံသန်းရောက်ရှိပါမည်။