ကူမင်း - တာလီ - လီကျန်း - ရှန်ဂရီလာ ( ၈ ညအိပ် / ၉ ရက်ခရီးစဉ် )



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လယ် (၁၂:၁၅)နာရီတွင် CA906 ဖြင့် Tour Leader နှင့်အတူ ကူမင်းမြို့ သို့ထွက်ခွာပါမည်။ နှစ်နာရီခွဲခန့်ကြာ ပျံသန်းပြီးနောက် ကူမင်းမြို့သို့ တရုတ်ပြည်နယ်ဒေသစံတော်ချိန် ညနေ(၁၈:ဝ၅)နာရီတွင်ရောက်ရှိပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးလျှင် 4-Star အဆင့်ရှိ Kunming Hotel သို့ Check-in ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- ကူမင်း



Hotel တွင်နံနက်စာသုံးဆောင်ပြီးလျှင် ယူနန်ပြည်နယ်၏ အထင်ကရ ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင် နေရာတခုဖြစ်သော ထူးခြားသော “Stone Forest” စီလင်ထုံးကျောက်တောင် ပုံသဏ္ဌန်အမျိုးမျိုးနှင့် ရှားပါးသောထုံးကျောက်တုံးတို့ကို လည်ပတ်လေ့လာနိုင်ပါသည်။ “ကျောက်ပင်တောဥယျာဉ် မရောက်လျှင် ကူမင်းရောက်ရကျိုးမနပ်” ဟု ဆိုရိုးရှိသည့်အတိုင်း ကျောက်ပင်တောအတွင်းသဘာဝ အတိုင်း ဆန်း ကြယ်စွာဖြစ်တည်နေသော ထုံးကျောက်စိုင်ကြီးများကို အံ့သြငေးမောရင်း Yi(ယိ) တိုင်းရင်းသူလှပျိုဖြူများ၏ ချစ်စရာဓလေ့များ ကိုလေ့လာမည်။ ညစာသုံးဆောင်ကာဟိုတယ်သို့ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်- တာလီ



Hotel တွင်နံနက်စာသုံးဆောင်ပြီး တာလီရှိ နာမည်ကျော် Erhai Lake (အော်ဟိုင်ကန်ကြီး)အတွင်း Cruise စီးကာ ကန်အတွင်းရှိ ကျွန်းပေါင်းများစွာအနက် Golden Shuttle ကျွန်းပေါ်သို့ တက်ရောက်လေ့လာပါမည်။ သဘာဝရှုမျှော်ခင်းများကို ခံစားကြည့်ရှုပြီးနောက် Three Plagodas( ဘုရားသုံးဆူကျောင်းတော်)သို့ သွားရောက်လည်ပတ်ကာဒေသန္တရဗဟုသုတများ ယူပါမည်။ ပြီးနောက်မြို့ဟောင်းသို့ပြန် လည်ထွက်ခွာကာ ညစာသုံးဆောင်ပြီး အမျိုးစုံလင်လှသော မြို့ဟောင်းဈေး လမ်းမတစ်လျှောက် ဆိုင်တန်းများကို လမ်းလျှောက်လေ့လာဈေးဝယ်ပါမည်။ ထို့နောက် Hotel တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- တာလီ



Hotel တွင်နံနက်စာသုံးဆောင်ပြီး Xizhou(ရှီကျိုးရွာ)ရှိ Bai(ပိုင်)လူမျိုးများ၏ တစ်မူထူးခြား ထိမ်းမြားမင်္ဂလာဓလေ့ရိုးရာများနှင့် Zhoucheng (ကျိုးချန်မြို့ဟောင်း)ရှိ ရိုးရာလက်မှုလုပ်ငန်းတို့ကို သွားရောက်လေ့လာမည်။ ထို့နောက် နေ့လည်စာ သုံးဆောင်ကာလိကျန်းသို့ ခရီးဆက် မည်။ လိကျန်းသို့ အရောက်တွင် Hotel တွင် Check-in ၀င််ပြီး ညစာသုံးဆောင်မည်။ လိကျန်းမြို့ဟောင်းအတွင်း ဝင်္ကပါသဖွယ်ရှေးလမ်းများ အတိုင်း ရောင်စုံဈေးလမ်းများကို လှည့်လည်ကြည့်ရှုလေ့လာပြီး အေးချမ်းစွာ အိပ်စက်အနားယူမည်။
ညအိပ်- တာ့လီ



Hotel တွင်နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် ] Jade Dragon Snow Mountain (ကျောက်စိမ်းနဂါးနှင်းတောင်)သို့ ထွက်ခွာပါမည်။ နှင်း တောင်တန်းကြီးအား နောက်ခံထား၍ ဇာတ်လမ်းသွားဖြင့် ကပြဖျော်ဖြေသော လွမ်းမောဖွယ်တိုင်းရင်းသားပဒေသာကပွဲကို ကြည့်ရှုပါမည်။ ထို့ နောက်ကျောက်စိမ်းနဂါးနှင်းတောင်ကြီး၏ တောင်ကြောမတစ်ခုဖြစ်သော Yak Meadow Section အား Cable Car ဖြင့်တက်ရောက်မည်။ ထို့ နောက် Baisha (သဲဖြူရွာ) သို့ခရီးဆက်ကာ နေ့လည်စာသုံးဆောင်ပြီး Naxi (နာ့ရှီး) တိုင်းရင်းသားတို့၏ နံရံဆေးရေး ပန်းချီကို လေ့လာ ပါ မည်။ လိကျန်းမြို့ဟောင်းသို့ပြန်လည်ထွက်ခွာကာ Hotel အနီးရှိမြို့ဟောင်းဈေးလမ်းများတွင် စိတ်ကြိုက်ဈေး ဝယ်နိုင်ရန် အချိန်ပေး ပါမည်။ ထို့ နောက်ညစာသုံးဆောင်ကာအေးချမ်းစွာအိပ်စက်အနားယူမည်။
ညအိပ်- လီဂျန်း



Hotel တွင်နံနက်စာသုံးဆောင်ပြီး ရှန်ဂရီလာသို့ ထွက်ခွာမည်။ တရုတ်ပြည်၏ အရှည်လျားဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်ကို viewpoint မှကြည့်ရှုမည်။ လိကျန်းနှင့် ရှန်ဂရီလာကြား နယ်ခြားစည်းဖြစ်သော ယန်ဇီမြစ်၏ အရှိန်အဟုန်ပြင်းစွာ စီးဆင်းရာ Tiger Leaping Gorge (ကျားခုန် တောင်ကြားလမ်း) တွင် ခေတ္တအနားယူပါမည်။ အနီးစခန်းရှိ စားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် ရှန်ဂရီလာသို့ ခရီး ဆက်မည်။ ရှန်ဂရီလာသို့ အရောက်တွင် Hotel သို့ Check-in ဝင်ကာ ညစာသုံးဆောင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- ရှန်ဂရီလာ



Hotelတွင်နံနက်စာသုံးဆောင်ပြီး ရှန်ဂရီလာရှိ တိဗက်လူမျိုးများ အထွဋ်အမြတ်ဖြစ်သော Songzanglin (စုန်ကျန်းလင်) ကျောင်းတော်ကြီး သို့သွားမည်။ ခန့်ညားလှသော ရှေးဟောင်းကျောင်းတော်ကြီးထက်ဆီသို့ ဘုံဘုံအဆင့်ဆင့်ဖြင့် လှေကားတစ်ဆင့် ချင်းစီတက်ကာဝတ်ပြု ကြည်ညိုကြပါမည်။ နေ့လည်စာသုံးဆောင်ပြီး Pudacuo (ဖူသာချော့အမျိုးသား ဥယျာဉ်)သို့ကားဖြင့် ဝင်ရောက် လေ့လာမည်။ ထို့နောက် Dukezong (ဒူခယ်ကျုံ့)သို့ထွက်ခွာပြီး ထိုမြို့ဟောင်းရှိ ဈေးလမ်းများတွင် ရှန်ဂရီလာ အမှတ်တရ ဈေးဝယ်ကြပါမည်။ ထို့နောက် ညစာသုံး ဆောင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဂရီလာ



Hotel တွင်နံနက်စာသုံးဆောင်ပြီး ရှန်ဂရီလာခရီးစဉ်၏ အထွဋ်အထိပ်ဖြစ်သော Shika Snow Mountain (ရှီခနှင်းတောင်)သို့ Cable Car ဖြင့်တက်မည်။ တောင်ထိပ်တွင်အစဉ်သဖြင့် နှင်းများဖုံးလွှမ်းလျက်ရှိပြီး မိမိတို့စိတ်ကြိုက်လမ်းလျှောက်ခြင်း ၊ နှင်းလုံးများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်းများဖြင့် စိတ်အပန်းဖြေမည်။ထို့နောက် နေ့လည်စာသုံးဆောင်ရန် မြို့ထဲသို့ပြန်လည် ထွက်ခွာမည်။ ညနေပိုင်းတွင် နားနေရန် ကိုယ်ပိုင်အချိန်ပေးမည်ဖြစ်ပြီး ညစာသုံးဆောင်ကာ အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။
ညအိပ်-ရှန်ဂရီလာ
Hotel တွင်နံနက်စာသုံးဆောင်ပြီး ရှန်ဂရီလာ Diqing (ဒီချင်) လေဆိပ်မှ ပြည်တွင်းလေကြောင်းလိုင်း Lucky air 8L9992 ဖြင့် ကူမင်းမြို့သို့ နံနက်(၀၈:၅၅)နာရီတွင် ထွက်ခွာမည်။ ကူမင်းသို့ (၀၉:၅၅)နာရီတွင် ရောက်ရှိပြီး transit နားနေကာ Air China CA905 ဖြင့် တရုတ်ပြည် စံတော်ချိန်နေ့လည် (၁၃:၁၀)နာရီတွင် ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာစံတော်ချိန် နေ့လည်(၀၁:၄၅)နာရီတွင် စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။