ရန်ကုန် - ချင်းမိုင် - ချင်းရိုင် - မယ်ဆိုင် ( ၄ရက်/၃ညအိပ် ခရီးစဉ် )



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar National Airline UB 009 (16:55-18:25) လေယာဉ်ဖြင့် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့သို့ ပျံသန်းရောက်ရှိပါမည်။ ထိုနောက် ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် ချင်းမိုင်မြို့၏ လူကြိုက်များရာ နေရာတစ်ခုဖြစ်သော Art In Paradise သို့သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ချင်းမိုင်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ချင်းမိုင်မြို့၏ နာမည်ကြီးဆင်စခန်းဖြစ်သော Maesa Elephant Camp သို့ သွားရောက်လည်ပတ်ရင်း အံ့သြဖွယ်ကောင်းလှသော ဆင်များ၏နှာမောင်းဖြင့် ပန်းချီဆွဲခြင်းများ၊ ချစ်စရာကောင်းလှသည့် ညဆင်သရုပ်ပြပွဲများ ကိုကြည့်ရှုနိုင်ပါသည်။ ထိုနောက် အမျိုးအစားစုံလင်လှသော သစ်ခွပန်းများအားတွေ့မြင်ရမည့်သစ်ခွခြံသို့သွားရောက်လည်ပတ်ကြပါမည်။နေ့လည်စာကို Orchid Farm ထဲတွင် သုံးဆောင်ပြီးနောက် ချင်းမိုင်မြို့တွင်းသို့ ပြန်လည်ထွက်ခွာပါမည်။ဆက်လက်၍ ချင်းမိုင်မြို့၏အကြီးဆုံးဘုရားကျောင်း WatPhra Singh နှင့် အမြင့် ပေ၂၈၀ မြင့်သော Wat Chedi Luang ဘုရားကျောင်းများသို့ ပို့ဆောင်ပေးပါမည်။ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမည်။
ညအိပ် - ချင်းမိုင်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ချင်းမိုင် မြို့မှထွက်ခွာကာ ချင်းရိုင်မြို့ခေါ်ရွှေတြိဂံနယ်မြေ သို့လည်ပတ်ကြပါမည်။လမ်းတွင် သဘာဝရေပူစမ်း Mae Ka Chan Hot Spring သို့သွားရောက်လည်ပတ်ပြီးနာမည်ကျော်ကြားသော White Temple သို့လည်းဝင်ရောက်လည်ပတ် ပါမည်။ထိုနောက်မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ခြားနေရာဖြစ်သော Mae Sai မြို့သို့သွားရောက်ရင်း ဒေသထွက်ကုန်များကိုဝယ်ယူ နိုင်ပါမည်။ဆက်လက်၍မြန်မာ-ထိုင်း-လာအိုနယ်စပ်ရှိမဲခေါင်မြစ်တလျှောက် Boat စီး၍ လည်ပတ် ကြည့်ရှု့ကြပါမည်။ ထိုနောက် ချင်းမိုင်သို့ ပြန်လည်ထွက်ခွာပါမည်။ ချင်းမိုင်သို့ရောက်ရှိရာညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ်- ချင်းမိုင်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ချင်းမိုင်မြို့တောင်ပေါ်ရှိဆုတောင်းပြည့်ဘုရား Doi Suthep Temple သို့ သွားရောက်လည်ပတ်ဖူး မြော်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Central Plaza Shopping Mall သို့ သွားရောက် စျေးဝယ်ထွက်ပါမည်။ ထိုနောက်လေဆိပ်သို့ ပို့ဆောင်ပေးပြီး Myanmar National Airline UB010(19:45-20:15) လေယာဉ်ဖြင့်ရန်ကုန်လေဆိပ်သို့အေးချမ်းစွာပျံသန်းရောက်ရှိ မည်ဖြစ်ပါသည်။