Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ပီကင်း - နန်ကျင်း - ဝူစည် - ဟန်ဂျိုး - ရှန်ဟဲ(၁၁)ရက်ခရီးစဉ်

Day 1      ရန်ကုန် - ပီကင်း
( No meal )

ရန်ကုန်လေဆိပ်တွင် Tour Leader နှင့်တွေ့ဆုံပြီး ရန်ကုန်မြို့မှ MU2032( 14:40-17:55 ) လေယာဉ်ဖြင့် ကူမင်းမြို့သို့ ပျံသန်းရောက်ရှိပါမည်။ဆက်လက်၍ ကူမင်းမြို့မှ MU5715( 20:55-00:15 ) လေယာဉ်ဖြင့် ပီကင်းမြို့သို့ ပျံသန်းရောက်ရှိရာ ဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပါမည်။ ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ပီကင်း

Day 2      ပီကင်း
( B / L / D )

bejinn-01

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် “Summer Palace” နွေရာသီနန်းတော်ကြီးကိုသွားရောက် လေ့လာမည်။ နွေရာသီနန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များ သွားရောက်အပန်းဖြေရာ နေရာဖြစ်၍ လှပသောရေအိုင်များ၊ ဘုရားကျောင်းများ၊ တံတားများ၊ ကမ္ဘာ့အရှည်ဆုံးစောင်းတန်းများကို တွေ့မြင် ရလိမ့်မည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ၂၀၀၈ခုနှစ်တွင် ကျင်းပခဲ့သော အိုလံပစ်အားကစားရုံကြီးကို ဝင်ရောက်ကြည့်ရှု့ လေ့လာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနား ယူပါမည်။

ညအိပ်-ပီကင်း

 

Day 3      ပီကင်း
( B / L / D )

bejinn-02

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အံ့ဖွယ်(၇)ပါးစာရင်းဝင် ဂရိတ်ဝေါမဟာတံတိုင်းကြီးကို သွားရောက်လေ့လာပါမည်။ ၄င်းတံတိုင်းကြီးသည် တရုတ်နိုင်၏ ဂုဏ်ထူးဆောင်သော အဆောက်အဦး ဖြစ်ပြီး တရုတ်နိုင်ငံ၏ “Land Mark” လည်းဖြစ်ပါသည်။ နိုင်ငံတကာခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဝမ်ဖူးကျင်ဈေးလမ်းမ ကြီးသို့ ဈေးဝယ်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနား ယူပါမည်။

ညအိပ်-ပီကင်း

 

Day 4      ပီကင်း
( B / L / D)

bejinn-03

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင်ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီးသို့ သွားရောက်လည်ပတ်ရာ ရှေးခေတ်လက်ရာဖြင့် တည်ဆောက်ထားသော အဆောက်အဦးပေါင်းကိုးရာကျော်ကို တွေ့မြင်ရ လိမ့်မည်။ ဆက်လက်ပြီး ထျန်အမ်မှိန်ရင်ပြင်တော်ကြီးကို သွားရောက်ကြည့်ရှု့ပါမည်။ ထျန်အမ်မှိန် ရင်ပြင်တော်ကြီးသည် ကမ္ဘာ့ပေါ်တွင် ဧရိယာအကျယ်ဆုံး ရင်ပြင်တော်ဖြစ်ပြီး ရင်ပြင်တော်၌တရုတ်ပြည် ၏ အရေးကြီးသော အစည်းအဝေးခန်းမနှင့် ကြီးကျယ်ခမ်းနားသော အဆောက်အဦးများကို တွေ့မြင်ရ ပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ပီကင်း

Day 5      ပီကင်း - နန်ကျင်း
( B / L / D )

bejinn-04

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အမြန်ဆုံးရထား G111(08: 4012:57) ဖြင့် နန်ကျင်းမြို့ သို့ ထွက်ခွာပါမည်။ နန်ကျင်းမြို့သို့ ရောက်ရှိ၍ ဒေါက်တာဆွန်ယက်ဆင် ဂူဗိမ္မာန်ဖြစ်သည့် ကျုံဆန်လင်း သို့သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ သမ္မတအိမ်တော်ရာကိုလည်း သွားရောက်လေ့လာပါမည်။ ရှေးခေတ်အခါက နာမည်ကျော်ကြားခဲ့သော ဖူကျိမျော့မြို့ဟောင်းထဲတွင် မိမိလွတ်လပ်စွာ ဈေးဝယ်လည် ပတ်နိုင်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနား ယူပါမည်။

ညအိပ်-ပီကင်း

 

Day 6      နန်ကျင်း - ဝူစည်
( B / L / D )

bejinn-05

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဆက်လက်၍ကားဖြင့် (၂:၃၀)ခန့်ဝေးကွာသော ဝူစည်မြို့ကြီး ကိုသွားရောက်ပါမည်။ စည်မြို့သို့ရောက်ရှိလျှင် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးကြေးသွန်း ဘုရားကြီးကို သွားရောက်ဖူးမြော်ပါမည်။ မြတ်စွာဘုရားပွင့်တော်မူသောအခါ နဂါးကိုးကောင်၏ ရေသပ္ပာယ်နေပုံ သရုပ်ဖော်ပြခန်းများကိုလည်း တွေ့မြင်ရလိမ့်မည်။ နေ့လည်ပိုင်းတွင်နာမည်ကျော်ကြား သော CCTV ရုပ်ရှင်ရိုက်ကွင်းကြီးထဲတွင်ဝင်ရောက်ကြည့်ရှု့လေ့လာပါမည်။ ထို့နောက် ထိုက်ဟူရေအိုင် ကြီးထဲတွင်သင်္ဘောစီး၍လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနား       ယူပါမည်။

ညအိပ်-ဝူစည်

Day 7      ဝူစည် - ဟန်ဂျိုး
( B / L / D )

bejinn-06

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၂:၃၀)ခန့်ဝေးကွာသော ဟန်ဂျိုးမြို့သို့ ရောက်ရှိပါမည်။ ဆက်လက်၍ သင်္ဘောဖြင့်နာမည်ကြီးသော စီဟူရေအိုင်ကြီးကို သွားရောက်လည်ပတ်ပါမည်။ ရှေးခေတ်အခါက နာမည်ကျော်ကြားခဲ့သောလင်ယင်စီ၊ ဖှေးလိုက်ဖုန်ဘုရားကျောင်းကြီးကိုသွားရောက် ဖူးမြော်ပါမည်။ တရုတ်ရဟန္တာအပါး(၅၀၀)ကျောင်းဆောင်ကြီးကို ဝင်ရာက်ဆည်းပူးပါမည်။ ညစာ သုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ဟန်ဂျိုး

 

Day 8      ဟန်ဂျိုး - ရှန်ဟဲ
( B / L / D )

bejinn-07

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နာမည်ကြီးသောအဆောက်အအုံဖြစ်သည့် အရှေ့တိုင်းနှင်း ပုလဲတာဝါ သို့သွားရောက်လေ့လာပါမည်။ နေ့လည်စာကို ရှန်ဟဲမြို့၏အမြင့်ဆုံး အရှေ့တိုင်းနှင်းပုလဲ တာဝါပေါ်တွင် ဘူဖေးသုံးဆောင်ရင်း ရှန်ဟဲမြို့အလှကို ရှု့စားပြီး ရှန်ဟဲမြို့၏သမိုင်းဝင်ပြတိုက်နှင့် ဖယောင်းရုပ်ထုပြတိုက်သို့ ဝင်ရောက်လေ့လာခြင်းကို စီစဉ်ထားပါသည်။ ဆက်လက်၍ ကျောက်စိမ်း ဘုရားဘုရားကျောင်းကို ဝင်ရောက်ဖူးမြော်ပါမည်။ ထို့နောက် နန်ကျင်းဈေးလမ်းမကြီးသို့ သွားရောက်  လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝငရောက်အိပ်စက်အနားယူပါမည်။

ညအိပ်-ရှန်ဟဲ

Day 9      ရှန်ဟဲ
( B / L / D )

bejinn-08

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် မကြာသေးမီက အသစ်ဖွင့်လှစ်ထားသော Shanghai Disneyland သို့သွားရောက်လည်ပတ်ပါမည်။နေ့လည်စာကိုDisneyland တွင်သုံးဆောင်ကြပါ မည်။ထို့နောက် ဝေါလ်ဒစ်စနေကာတွန်းဇာတ်ကောင်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှု့ခံစားရင်း မိမိကိုယ်တိုင်ပါဝင်ဆော့ကစားနိုင်သော ကစားနည်းများနှင့် တစ်နေ့တာအပန်းဖြေကြပါမည်။ ညစာ  ကို ဒေသဆိုင်ရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်းသို့ဝင်ရာက်အိပ်စက်အနားယူ ပါမည်။

ညအိပ်-ရှန်ဟဲ

 

Day  10      ရှန်ဟဲ - ကူမင်း
( B / L / D )

bejinn-09

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် 2010  Shanghai Expo ဥယျာဉ်ကြီးထဲတွင် နိုင်ငံပေါင်းစုံ၏ ဗိသုကာလက်ရာများကို သွားရောက်လေ့လာပါမည်။ ဆက်လက်၍ ချိန်ဟွမ်မျော်မြို့ ဟောင်းကြီးထဲတွင် သွားရောက်လည်ပတ်ပြီးလျှင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် MU5812(16:10-19:40) လေယာဉ်ဖြင့် ကူမင်းမြို့သို့ထွက်ခွာပါမည်။ ညစာသုံးဆောင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။

ညအိပ်-ကူမင်း

 

 

Day 11      ကူမင်း - ရန်ကုန်
( B / - / - )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် မိမိလွတ်လပ်စွာဈေးဝယ်လည်ပတ်နိုင်ပါသည်။ ထို့နောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ကူမင်း မြို့မှ MU 2031 (13:30-14:00) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။

ဧည့်သည်တော်များရွှင်လန်းချမ်းမြေ့ပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF