Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ရန်ကုန် - ဘန်ကောက် - ပတ္တရား (၃ ညအိပ် ၄ ရက်ခရီးစဉ်)

Day 1  ရန်ကုန် -  ဘန်ကောက် - ပတ္တရား
( B/L/- )

bangkok-02bangkok-03

ရန်ကုန်မြို့မှ (DD-4231 08:00-09:50)လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် Tour Guide မှလာရောက် ကြိုဆိုပါမည်။ ထိုနောက်Asia’s Hawaii ဟုကျော်ကြားသောပတ္တရားသို့ သွားရောက်မည်။ ထို.နောက် Tiger Zoo သို. သွားရောက်ပြီးမိချောင်းဥယျာဉ်ကြီးထဲတွင် မိချောင်းပြပွဲ ၊ ဆင်ပြပွဲ၊ ကျားပြပွဲ ၊ ၀က်ပြပွဲ စသည်တို.ကို ၀င်ရောက်ကြည့်ရှုပါမည်။ ပြီးလျှင် သာယာလှပဖွယ် NongNoochTripical Garden  တွင်လည်ပတ်ရင်းထိုင်းရိုးရာဖျော်ဖြေပွဲအကများနှင့် ဆင်လိမ္မာလေးများ၏ ဖျော်ဖြေမှုများကို ၀င်ရောက်ကြည့်ရှုပါမည်။ နေ့လည်စာကို NongNoochTriopical Garden ထဲတွင် သုံးဆောင်နိုင်ပါသည်။ ဆက်လက်၍  ပတ္တရားရေပေါ်စျေးသို့  သွားရောက်လည်ပတ်ကြပါမည်။  ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမည်။

ညအိပ်-ပတ္တရား

Day 2  ပတ္တရား - ဘန်ကောက်
(B/L/D)

pattaya-city-01pattaya-city-02

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင် speed boat ဖြင့် ပတ္တရား၏ သာယာလှပသော Coral Island သို့သွားရောက်ပြီးလှပသောသဲသောင်ဖြူပေါ်တွင်စိမ်းပြာရောင်ပင်လယ်ရေဖြင့်ဝန်းရံထားသော ကျွန်းပေါ်တွင်မိမိရင်ခုန်စွာလေထီးစီးခြင်း ရေပေါ် Water Sports မျိုးစုံကို (မိမိစရိတ်ဖြင့်)လွတ်လပ်စွာကစားနိုင်ပါသည်။ဆက်လက်၍ ဘန်ကောက်သို့ကားဖြင့်ထွက်ခွာပါမည်။ ထိုနောက် MBK Shopping Mall နှင့် Patunam Market သို့သွားရောက်၍ လွတ်လပ်စွာဈေးဝယ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက် အနားယူပါမည်။

ညအိပ်-ဘန်ကောက်

Day 3     ဘန်ကောက်
(B/L/D)

bangkok-04bangkok-05

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဘုရင့်နန်းတော် (The Royal Grand Palace) နှင့် မြဘုရား (The Emerald Buddha Temple) သို့သွားရောက် လည်ပတ်ကြပါမည်။ နိုင်ငံတကာအဆင့်မှီသဲထိတ်ရင်ဖိုကစားကွင်းများနှင့် သာယာလှပသောအပန်းဖြေနေရာများရှိရာထင်ရှားသော Drean  World သို့ပျော်ရွှင်စွာသွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို Dream World ထဲတွင် Lunch Cupon ဖြင့် သုံးဆောင်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ညအိပ်-ဘန်ကောက်

Day 4     ဘန်ကောက် - ရန်ကုန်
(B/L/-)

safary-world-01safary-world-02

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးသောတိရိစ္ဆာန် ဥယျာဉ် အပန်းဖြေစခန်းဖြစ်သည့် Safari World အတွင်းရှိ ကုန်းနေ၊ ရေနေ၊ လေပေါ်ပျံဝဲနေသော သတ္တဝါများ၏ သဘာဝအလေ့အထများအား လေ့လာပြီး ချစ်စရာ သတ္တဝါလေးများ၏ ပြပွဲမျိူးစုံကိုတွေ.မြင်ခံစားပြီးအမှတ်တရဓါတ်ပုံများရိုက်ကြပါမည်။ ထိုနောက်လေဆိပ် သို့ပို့ဆောင်ပေ: ပြီး DD-4238 ( 19:30-20:15  ) ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ချောမောစွာရောက်ရှိပါမည်။

 

ဧည့်သည်တော်များရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF