မလေးရှား - ပီနန်း - ဂန်တင်း - ကွာလာလမ်ပူ ( ၆ရက်/၅ ည အိပ် ခရီးစဉ်)
ရန်ကုန်မြို.မှ (MH-741 12:15-16:30) လေယာဉ်ဖြင့်ကွာလာလမ်ပူမြို.သို. ရောက်ရှိပါမည်။ထို.နောက်ပီနန်းမြို.သို. ကားဖြင့်သွားရောက်ပြီး ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။
ညအိပ်- ပီနန်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် မြွေဘုရား၊ လျောင်းတော်မူဘုရား တို.ကို သွားရောက် ဖူးမျှော်ပါမည်။ ဆက်လက်၍ China Town, Little India, Fort Cornwallis, Cocoa Boutique တို.ကို လည်ပတ်ပါမည်။ ပြီးလျှင် ပီနန်းတံတားကြီး၏ အလှအပများကိုကြည့်ရှုခံစားပါမည်။ ညနေစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို.အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
ညအိပ်- ပီနန်း
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင်ဂန်တင်းသို. Cable Train များစီး၍ သွားရောက်ပါမည်။ ဟိုတယ်သို. Check in ၀င်ပါမည်။ ညစာကို First World Cafe တွင် ဘူဖေးသုံးဆောင်ပြီးလျှင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- ဂန်တင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Batu Cave, Genewa Swiss Watches တို.ကို သွားရောက်လည်ပတ်ပါမည်။ ထို.နောက် မလေးရှားနိုင်ငံ၏ အမှတ်တရပစ္စည်းများဝယ်ယူနို်င်ရန် local product shop သို.ပို.ဆောင် ပေးပါမည်။ ပြီးလျှင် Bukit Bintang တွင် shopping လုပ်ပါမည်။ ညနေစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို.အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်- ကွာလာလမ်ပူ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အမှတ်တရဓာတ်ပုံများရိုက်ကူးနို်င်ရန် လှပသော Twin Tower သို.ပို.ဆောင်ပေးပါမည်။ ပြီးလျှင် King Palace ၊ Independence Square ၊ National Monument ၊ National Mosque ၊Cocoa Boutique နှင့် Leather Shop တို.ကိုလည်ပတ်ပါမည်။ ထို.နောက် Suria KLCC တွင် shopping လုပ်ပါမည်။ ညနေစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။
ညအိပ်- ကွာလာလမ်ပူ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Putrajaya မြို.သို.လည်ပတ်ပါမည်။ နေ.လည်စာ သုံးဆောင်ပြီးလျှင် (MH-742 13:50-15:00) လေယာဉ်ဖြင့် ရန်ကုန်မြို.သို. ပြန်လည်ရောက်ရှိ ပါမည်။