Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ဘာလီကျွန်း နှင့်စင်္ကာပူ အလည်အပတ်ခရီးစဉ်  
( ၅ ညအိပ် / ၆ ရက်ခရီးစဉ်)

Day 1      Yangon - Bali
( - / L / D )

barli-01barli-02

ရန်ကုန်လေဆိပ်မှ 9:25 AM မှ ထွက်ခွာ၍ ဘာလီသို့ 12:05 PM တွင်ရောက်ရှိပါမည်။ဒေသခံ Guide မှလာရောက်ကြိုဆို၍ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ဆက်လက်၍ Factory Outlet mall စျေးတွင် မိမိတို့ နှစ်သက်ရာစျေဝယ်နိုင်ရန်အတွက် လိုက်ပို့ပေးပါမည်။ ညစာ စားပြီးနောက် အေးချမ်းစွာ ဟိုတယ်သို့ဝင်ရောက် အိပ်စက်အနားယူပါမည်။

ညအိပ် - ဘာလီ

Day 2       Bangkok Dance - Kintamani Volcano & UBUD Tour
( B / L / D )
barong-dance-01
barli-08
barli-09
 

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Barong Dance တွင် နဂါးတိုက်ပွဲများကိုလည်း ကြည့်ရူပါမည်။ ဆက်လက်၍ Galuh Art Shop & Celuk and Mas (Center of Wood and Silver) တွင် မိမိတို့လွတ်လပ်စွာ စျေးဝယ်နိုင်ရန် လိုက်ပို့ပေးပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Tampak Siring လည်း Ubud & Bali Coffee Plantation ကိုလည်းသွားရောက် လည်ပတ်ပါမည်။ ညစာကို Seafood Munu ဖြင့်သုံးဆောင်ပြီး ဟိုတယ်သို့ ဝင်ရောက်အိပ်စက် အနားယူပါမည်။

ညအိပ် - ဘာလီ

Day 3      Bedugul - Tanah Lot Tour
( B / L / D )

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ဆက်လက်၍ ဘာလီမြို့၏ ဒုတိယအကြီးဆုံးဖြစ်သော Taman Ayun Temple ဘုရားသို့သွားရောက်လည်ဖူးမြော်ပါမည်။ ထိုနောက် Candi Kuning ပန်းနှင့်သစ်သီးစျေးကိုလည်း သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ Ulundanu The Lakeside Temple နှင့် Monkey Forest ကိုလည်း သွားရောက်လည်ပတ်ကြည့်ရှုပါမည်။ ထိုနောက် ဘာလီတို့၏ ထင်ရှားကျော်ကြားသော Tanah Lot ဘုရားကျောင်းသို့ သွားရောက်ပြီး ညနေနေဝင်ချိန်ဆည်းဆာရဲ့ သဘာဝအလှကို အပြည့်အဝခံစားနိုင်ပါသည်။ ညစားသုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူရန် ဟိုတယ်သို့ဝင်ရောက်ပါမည်။

ညအိပ် - ဘာလီ

Day 4      NUSA DUA WATERSPORT & SOUTHERN PART OF BALI TOUR
( B / L / D )
nusa-dua-water-01
barli-08
barli-09
 

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tanjung Benoa ကျွန်းဆွယ်သို့ သွားရောက်လည်ပတ်ပြီး (Glass Bottom) မှန်လှေဖြင့်စီးနင်းကာ ရေအောက်သတ္တဝါများကို လှည့်လည်ရှုစားရင်း လိပ်ကျွန်း (Pulau Penyu) သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။၄င်းတွင် ရေပေါ်ကစားစရာအမျိူးမျိူးကို(မိမိစရိတ်ဖြင့်) လွတ်လပ်စွာ ကစားနိုင်ပါသည်။ ဆက်လက်၍ Krisna Shop & Duty free Shop Shopping Center များတွင်လည်း ကားဖြင့်စျေးဝယ်လိုက်ပို့ပေးပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထိုနောက် Pandawa Beach ကိုလည်း သွားရောက်လည်ပတ်ပါမည်။ဘာလီမြို.၏ ရှေးအကျဆုံးနှင့်ဘာလီ၏အနှစ်အရသာကို ခံစားနိုင်သည့်ဘုရားကျောင်းသို. သွားရောက်ဖူးမြော်ပြီး ဆည်းဆာအလှအပကိုလည်း ကြည့်ရှုခံစားနိုင်ပါသည် ။ ထိုနောက် ဘာလီကျွန်းသားတို့၏Hindu ရိုးရာအကဖြစ်သော Kecak Dance ကိုကြည့်ရှုခံစားပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် အရသာရှိစွာသုံးဆောင်ပါမည်။ ထိုနောက်ဟိုတယ်သို့ check in ၀င်ပြီး နှစ်ခြိုက်စွာ အိပ်စက်နားယူပါမည်။

ညအိပ် - ဘာလီ

Day 5      Bali - Singapore
( B / L / D )
barli-10
barli-11
barli-12
 

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဘာလီမှ စင်္ကာပူသို့ လေယာဉ်ဖြင့်ပျံသန်းရောက်ရှိပါမည်။ ထို.နောက် Merlion Park ၊ Victoria , Theatre and Esplanade , Arab Srreet , Bugis သို.သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant မှာသုံးဆောင်ပါမည်။ ဆက်လက်၍ Mustapha Shopping Center , Orchard Shopping Centerများတွင်လည်းမိမိတို့နှစ်သက်ရာ စျေးဝယ်နိုင်ပါသည်။ “Sentosa” ကျွန်းရှိ အသစ်ဖန်းတီး တည်ဆောက်ထားသည့် နာမည်ကျော်ကြားသော “Universal Studio Singapore” သို.သွားရောက်လည်ပတ်ပါမည်။ ညနေစာသုံးဆောင်ပြီးလျှင် အေးချမ်းစွာ အိပ်စက်အနားယူရန် ဟိုတယ်သို့ဝင်ရောက်အနားယူပါမည်။

ညအိပ် - စင်္ကာပူ

Day 6      Singapore - Yangon
( B / - /- )

ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးလျှင် စင်္ကာပူလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့အေးချမ်းစွာရောက်ရှိပါမည်။ 

 
ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF