ကူမင်း Golf Tour (၄ည / ၅ရက်ခရီးစဉ်)
ရန်ကုန်မြို.မှ CA-906 (14:20-18:00) လေယာဉ်ဖြင့် ကူမင်းမြို.သို. ပျံသန်းရောက်ရှိ၍ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ကူမင်း
နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (Spring City Golf ) သို. ပို.ဆောင်၍ Golf ကစားပါမည်။ နေ.လည်စာကို Golf Club တွင် မိမိစရိတ်ဖြင့် ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ပါသည်။ ညနေပိုင်းတွင် “ရွှေမြင်းကြက်ဖမုဒ်ဦး” Shopping ဧရိယာ ကြီးကို သွားရောက်လည်ပတ်ပါမည်။ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို. အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ကူမင်း
နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (Spring City Golf) ကွင်းသို. Golf ကစားပါမည်။ နေ.လည်စာကို Golf Club တွင် မိမိစရိတ်ဖြင့် သုံးဆောင်နိုင်ပါသည်။ညနေပိုင်းတွင် “နန်ရာဂိုရာ”စျေးလမ်းမကြီး ကို Shoppingထွက်ရန်လည်ပတ် ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို. အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ကူမင်း
နံနက်စာသုံးဆောင်ပြီးလျှင်“ဂျိုရှန်း” သဘာဝမြေအောက်လှိုဏ်ဂူ ထဲတွင် သွားရောက်လေ့လာရာ သဘာဝကျောက်စွယ်ကျောက်သားများ နှင့် ထူးခြားဆန်းကြယ်သော ၀န်းကျောက်တိုင်များကို တွေ.မြင်ရလိမ့်မည်။ ဆက်လက်၍ နေ.လည်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ.သဘာဝယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်သော “Stone Forest” သဘာဝကျောက်တုံးတောကြီးကို ၀င်ရောက်လေ့လာ ပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို. အေးချမ်းစွာအိပ်စက် အနားယူပါမည်။
ညအိပ်-ကူမင်း
နံနက်စာသုံးဆောင်ပြီးလျှင် လေဆိပ်ကိုသွားရောက်ပြီး CA905 (13:00-13:15) လေယာဉ်ဖြင့်ရန်ကုန်မြို. သို.ပြန်လည်ရောက်ရှိပါမည်။