Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ခေတ်မီသော ဟောင်ကောင်မြို.နှင့် တရုတ်ပြည်၏  မြို.ကြီးများ (၁၀ ရက်) ခရီးစဉ်
ပီကင်း- ရှန်ဟဲ- စိမ်းဂျိတ်- ဟောင်ကောင်- ကွမ်ဂျိုး (၁၀ ရက်) ခရီးစဉ်

Day 1      ရန်ကုန် - ပီကင်း
( No Meal )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ   CZ 3056 (11:20-15:50)  လေယာဉ်ဖြင့်  ကွမ်ကျိုးမြို့သို့  ပျံသန်းရောက်ရှိပြီး CZ 3105 (19:00-22:20) လေယာဉ်ဖြင့်  ပီကင်းမြို့သို့ ဆက်လက် ထွက်ခွာပါမည်။

ညအိပ်-ပီကင်း

Day 2      ပီကင်း
( B / L / D )

pekin-01

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာမြတ်စွာဘုရား၏စွယ်တော်မြတ်အစစ် ဌာပနာထားသော စေတီတိုက်သို့ သွားရောက်ဖူးမြော်ပါမည်။ ဆက်လက်၍ မြန်မာပြည်မှ လှူဒါန်းထားသော ကျောက်စိမ်းကမ္ဘာအေးဘုရားကျောင်းကိုလည်းဝင်ရောက် ဖူးမြော်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် နွေရာသီနန်းတော် (Summer Palace) သို့သွားရောက် လေ့လာပါမည်။ ၎င်းနွေရာသီ နန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များ သွားရောက်အပန်းဖြေရာနေရာဖြစ်၍ လှပသော ရေအိုင်များ၊ ပန်းခြံများ၊ အဆောက်အဦးများ၊ ဘုရားကျောင်းများ၊တံတားများ၊ ကမ္ဘာ့အရှည်ဆုံး စောင်းတန်းများကိုတွေ့မြင်ရပါမည်။ထို့နောက် ၀မ်ဖူကျင် စျေးလမ်းမကြီးသို့သွားရောက်စျေးဝယ်ထွက်ပါမည်။ ညနေစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အနားယူပါမည်။

ညအိပ်-ပီကင်း

 

 

 

 

Day 3      ပီကင်း
( B / L / D )

pekin-02pekin-03

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးတွင်တစ်ပါးဖြစ်သော ဂရိတ်ဝေါမဟာတံတိုင်းကြီး သို့ သွားရောက်လေ့လာပါမည်။ ထိုမဟာတံတိုင်းကြီးသည် တရုတ်နိုင်ငံ၏ ဂုဏ်ထူးဆောင် အဆောက် အဦးဖြစ်ပြီး Land Mark လည်းဖြစ်ပါသည်။ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ အများဆုံး လည်ပတ်ရာ နေရာလည်းဖြစ်ပါသည်။ ထို့နောက် အိုလံပစ်အားကစားရုံကြီး ကိုလည်း သွားရောက်လေ့လာ ပါမည်။ဆက်လက်၍ စျေးချိုသော ကုန်တိုက်ကြီးထဲတွင် စျေးဝယ်ထွက်ပါမည်။ညနေစာ သုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အနားယူပါမည်။

ညအိပ်-ပီကင်း

Day 4      ပီကင်း - ရှန်ဟဲ
( B / L / D )

pekin-04pekin-05

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အကြီးဆုံး နန်းတော်ကြီးကို သွားရောက် လည်ပတ်ရာ ရှေးခေတ် လက်ရာဖြင့် တည်ဆောက်ထားသော အဆောက်အဦးပေါင်း ကိုးရာကျော်ကို တွေ့မြင်ရပါမည်။ ဆက်လက်၍ ကမ္ဘာပေါ်တွင် ဧရိယာအကျယ်ဆုံးဖြစ်သော ထျန်အမ်မှိန်ရင်ပြင်တော်ကြီးကို သွားရောက်လေ့လာပါမည်။ ရင်ပြင်တော်၌ တရုတ်ပြည်၏ နာမည်ကြီးသော အစည်းအဝေးခန်းမနှင့် ကြီးကျယ်ခမ်းနားသော အဆောက်အဦးများကို တွေ့မြင်ကြရပါမည်။ ထို့နောက် CZ 5112(13:00-15:10) လေယာဉ်ဖြင့် ရှန်ဟဲမြို့သို့ ပျံသန်းရောက်ရှိပါမည်။ ထို့နောက် ညနေစာ သုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အနားယူပါမည်။

ညအိပ်-ရှန်ဟဲ

Day 5      ရှန်ဟဲ
( B / L / D )

pekin-06pekin-07

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နန်ဖူတံတားကြီးကို ကားဖြင့်ဖြတ်သန်း၍ ဖူတုံလုကျားကြွေ စီးပွားရေးဇုန်သို့သွားရောက် လေ့လာပါမည်။ထို့နောက် ရှန်ဟဲမြို.၏နာမည်ကြီး အဆောက်အဦးဖြစ်သော အရှေ.တိုင်းနှင်းပုလဲတာဝါကိုလည်း သွားရောက်လေ့လာပါမည်။ နေ့လည်စာကို ရှန်ဟဲမြို့၏အမြင့်ဆုံး နှင်းပုလဲတာဝါပေါ်တွင် ဘူဖေးဖြင့်ဧည့်ခံပါမည်။ ရှန်ဟဲမြို့ပြ သရုပ်ဖော်ပြတိုက်နှင့် ဖယောင်းရုပ်တုပြတိုက်ကိုလည်း ၀င်ရောက်လေ့လာပါမည်။ ဆက်လက်၍ တရုတ်ပြည်၏ ပထမဆုံးလမ်းမကြီးဟု တင်စားခံရသော နန်ကျင်း လမ်းမ ကြီးသို့ စျေးဝယ်ထွက်ပါမည်။ ညနေစာ သုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ်-ရှန်ဟဲ

Day 6      ရှန်ဟဲ - စိမ်းဂျိတ် - ဟောင်ကောင်
( B / L / D )

pekin-08pekin-09

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ချိန်ဟွမ်မျှော်မြို့ဟောင်းသို့ သွားရောက်လေ့လာပါမည်။ ဆက်လက်၍ နိုင်ငံပေါင်းစုံ စတိုင်ဖြင့် ဆောက်လုပ်ထားသော ကိုလိုနီတိုက်ကြီးများကို လေ့လာ လည်ပတ်ပါမည်။ ခေတ်မှီတိုးတက်သော ရှန်ဟဲမြို့၏ ကမ်းနားလမ်းကိုလည်း လေ့လာပါမည်။ ထို့နောက် CZ 3832 (14:30-17:00) လေယာဉ်ဖြင့် စိမ်းဂျိတ်မြို့သို့ ပျံသန်းရောက်ရှိပြီး ရထားဖြင့် ဟောင်ကောင်မြို့သို့ ၀င်ရောက်ပါမည်။ ညနေစာ သုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်-ဟောင်ကောင်

Day 7      ဟောင်ကောင်
( B / L / D )

pekin-10pekin-11

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် မိုးပျံ Cableသို့ သွားရောက်၍ အဆင့်မြင့် Cable ဖြင့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကြေးသွန်းဘုရားကြီးကို သွားရောက်ဖူးမြော်ရင်း သဘာဝတောတောင် အလှနှင့် ပင်လယ်အလှကို ကြည့်ရှုခံစားပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Hong Kong Disney Land သို့ သွားရောက်၍ ပြပွဲများ၊ ထူးခြားဆန်းကျယ်သော အပျော်စီးကား၊ ရထား၊ 4D နှင့် ပင်လယ်ဓားပြလှေ စသည် တို့ကို လွတ်လပ်စွာကစားပါမည်။ ညနေစာကို Disney Land ထဲတွင် သုံးဆောင်ပြီးနောက် ည (8:00) နာရီ အချိန်တွင် လှပသောမီးပန်းလွတ်ပွဲကို ကြည့်ရှုခံစားပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်-ဟောင်ကောင်

Day 8      ဟောင်ကောင် - စိမ်းဂျိတ်
( B / L / D )

pekin-12pekin-13

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် စင်းကွင်းလမ်းမကြီးသို့ သွားရောက်လည်ပတ်ပါမည်။ ထိုလမ်းမကြီးပေါ်တွင် ဟောင်ကောင်ရုပ်ရှင် မင်းသား မင်းသမီးများ၏ လက်ရာများနှင့် ဟောင်ကောင် မြို့တစ်မြို့လုံး၏ ရှုခင်းများကို တွေ့မြင်နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အကောင်းဆုံး Top Ten ၀င်ဥယျာဉ်ကြီး Ocean Park သို့သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ချတ်ဆွေဝမ် ပင်လယ်ကမ်းစပ် ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ပြီးနောက် ထိုက်ပင်တောင်ပေါ်သို့ တက်၍ ဟောင်ကောင်မြို့အလှနှင့် ဖယောင်းရုပ်တုပြတိုက် ကိုလည်း ကြည့်ရှုခံစားပါမည်။ ထို့နောက် စိမ်းဂျိတ်မြို့သို့ ထွက်ခွါပါမည်။ ညစာသုံးဆောင်ပြီးလျှင် စိမ်းဂျိတ်မြို.၏ နာမည်ကြီးသော “တုံးမှိန် ညစျေး” သို. မိမိတို. လွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။
ညအိပ်-စိမ်းဂျိတ်

Day 9      စိမ်းဂျိတ် - ကွမ်ဂျိုး
( B / L / D )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင်ကားဖြင့် ကွမ်ဂျိုး မြို.သို. သွားရောက်၍ အာရှအားကစားပွဲတော် ဖွင့်လှစ်ခဲ့ သော ဟိုက်စင်းဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍စည်ကားသော စီကွမ်းရိုးရာ လမ်းမကြီး၌ လွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။ ထို့နောက် ထျန်ဟော်ချန်းဧရိယာသို့သွားရောက်လည်ပတ် ပါမည်။

ညအိပ်-ကွမ်ဂျိုး 

Day 10       ကွမ်ဂျိုး - ရန်ကုန်
( B / L / D )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဆိတ်ငါးကောင် ဥယျာဉ်သို့သွားရောက် လည်ပတ်ပြီးနောက် ကွမ်ဂျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ပါမည်။ ဆက်လက်၍ ကွမ်ဂျိုးမှ CZ 3055 (14:45-16:35) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပျံသန်းရောက်ရှိပါမည်။

 

ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF