Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

အမေရိကားခရီးစဉ် (၈ရက် / ၇ညအိပ်)

Day 1      Yangon - Hong Kong
( - / - / - )

hong-kong-01hong-kong-02

 

ည (၁၁) နာရီတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leader ဖြင့်တွေ့ဆုံပြီး Airport တွင် Check in ပြုလုပ်ပါမည်။

Day 2      Hong Kong - New York
( - / L / D )

hong-kong-01hong-kong-02

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ည (၁)နာရီတွင် Cathay Pacific လေကြောင်းလိုင်းဖြင့် ဟောင်ကောင်မြို့ သို့ စတင်ထွက်ခွာပါမည်။ ဟောင်ကောင်မြို့မှ အမေရိကန်နိုင်ငံ New York  မြို့သို့      ဆက်လက်ထွက်ခွာပြီး   ဒေသစံတော်ချိန်နေ့လည် (၁၂:၁၀) နာရီတွင် ရောက်ရှိပါမည်။ ထို့နောက် ဟိုတယ်တွင် Check In ဝင်ပြီး New York မြို့အလှကိုတဝကြီး ကြည့်ရှု့နိုင်ရန် New York City Tour အဖြစ်စီစဉ်ပေးထားပါသည်။ ညစာ သုံးဆောင်ပြီးလျှင်ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်-New York

Day 3      New York City Tour
( B / L /D )

new-york-03new-york-04

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် New York မြို့ရဲ့ နာမည်ကျော် Landmark ဖြစ်တဲ့ The Empire State Building ၊ ၎င်း Building အမြင့်မှ New York မြို့ရဲ့အလှကိုခံစားရှု့စားရပါမည်။ ထို့နောက် Hudson မြစ်ကိုဖြတ်၍ ကမ္ဘာကျော် Liberty ရုပ်ထုနဲ့ Brooklyn Bridge ဆီသို့သွားရောက်လည်ပတ်ပါမည်။ထို့နောက်ကမ္ဘာ့စီးပွားရေးလမ်းလို့ ခေါ်ဝေါ်ကြတဲ့ Wall Street လမ်းတစ်လျှောက် လမ်းလျှောက်ပြီး ကုလသမဂ္ဂရုံးချုပ် နှင့် Time Square, Fifth Avenue သို့ သွားရောက်လည်ပတ်ပါမည်။ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

ညအိပ်-New York

Day 4      New York – Philadelphia - Washington D.C
( B / L / D )

new-york-05washingtan.dc-01

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် New York မြို့မှ Washington D.C မြို့သို့ ထွက်ခွာရာလမ်းတစ်လျှောက်ရှိ Philadelphia မြို့တွင် ဝင်ရောက်လည်ပတ်ပြီးကမ္ဘာကျော် Liberty Bell နှင့် သမ္မတ George Washington ရုပ်ထုနှင့် ဓါတ်ပုံရိုက်ပြီး Washington D.C သို့ ဆက်လက်ထွက်ခွာပါမည်။ Washington D.C မြို့တွင်းရှိ သမ္မတအိမ်ဖြူတော် (White House) နှင့် အခြားစိတ်ဝင်စားဖွယ်ရာ ပြတိုက်ဖြစ်သော National Air & Space Museum, Korea & Vietnam War Memorials, Lincoln Memorial တို့ကိုလည်းသွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်-Washington D.C

Day 5      Washington D.C - Corning Center - Niagara Falls
( B / L / D )

washingtan.dc-02nigara-fall-01

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Corning Museum of Glass သို့ဝင်ရောက်လည်ပတ်ပြီးဖန် နှင့် ပြုလုပ်ထားသောအနုပညာပစ္စည်းများကို ကြည့်ရှု့လေ့လာပြီး ညနေပိုင်းတွင် Niagara Falls သို့ရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

ညအိပ်-Washington D.C

Day 6      Niagara Falls - Boston
( B / L / D )

nigara-fall-02boston-01

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် Niagara Falls ရဲ့ အလှကို ကြည့်ရှု့ခံစားပြီး နေ့လည်ပိုင်းတွင် Boston မြို့သို့ ထွက်ခွာပါမည်။ Boston မြို့တွင် ကမ္ဘာကျော်  တက္ကသိုလ်များဖြစ်သော Harvard University, MIT (Massachusetts Institute Technology) နှင့် Boston မြို့ရှိ  Trinity Church and John Building, Massachusetts State House တို့အပြင် အခြား စိတ်ဝင်စားဖွယ် နေရာများကိုလည်း  ပို့ဆောင်ပေးပါမည်။ ထို့နောက်  Boston Lobster ဖြင့် ညစာဧည့်ခံပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်-Boston

Day 7      Boston - New York (Free & Easy Day)
( B / - / - )

boston-02new-york-06

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် Boston မြို့ရဲ့အလှကို သင်္ဘောဖြင့် လှည့်လည်ကြည့်ရှု့ခံစားကာ နေ့လည်ပိုင်းတွင် New York မြို့သို့ ထွက်ခွာပြီး New York မြို့ရှိနာမည်ကြီး Outlet များတွင် မိမိစိတ်ကြိုက် ပျော်ရွှင်စွာဈေးဝယ်ထွက်နိုင်အောင် Free & Easy Day အဖြစ် စီစဉ်ပေးထားပါသည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ်-Boston

Day 8      New York - Yangon
( B / - / - )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် New York မြို့ John F. Kenneddy (JFK)  နိုင်ငံတကာလေဆိပ်မှ ဒေသစံတော်ချိန် (၁၃:၅၅) မိနစ်တွင် ဟောင်ကောင်မြို့သို့ ထွက်ခွာပါမည်။ ထိုမှတဆင့် ဒေသစံတော်ချိန် (၂၀:၅၀) မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်မြို့သို့ မနက် (၀၀:၁၀) မိနစ်တွင် ပြန်လည်ရောက်ရှိပါမည်။


ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF