ရန်ကုန် - ဒူဘိုင်း - အဘူဒါဘီ - ရန်ကုန် ( ၆ညအိပ် / ၇ရက်ခရီးစဉ်)



ရန်ကုန်မှ နံနက် ၈နာရီ ၁၅မိနစ်တွင် ထွက်ခွာမည် ဖြစ်ပြီး၊ဒိုဟာသို့ နေ့လည် ၁၁နာရီ ၂၅ မိနစ်တွင် ရောက်ရှိပါမည်။ ထို့နောက်ဒူဘိုင်းသို့ ရောက်ရှိရာ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ်-ဒူဘိုင်း



ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် ဒူဘိုင်း၏ အထင်ကရနေရာများဖြစ်သော World Trade Center, Sheikh’s Palace,Jumeirah Mosque တို့ကိုကားဖြင့် လိုက်လံပြသပါမည်။ထို့နောက် အာရပ်ရိုးရာပစ္စည်းများ လေ့လာနိုင်ရန်ု Souk Madinat ရိုးရာဈေးသို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို ကမ္ဘာ့အကြီးဆုံးလူလုပ်ကျွန်းရှိရာ နန်းတော်တမျှ ခမ်းနားထင်ရှားလှသော Atlantis The Palm ဟိုတယ်ကြီးတွင် အံ့ဖွယ်ငါးပြတိုက်ကြီးအား ရှု့စားရင်း Kaliedoscope Restaurant ၏ International Buffet ကိုစိတ်တိုင်းကျ သုံးဆောင်နိုင်ပါသည်။ ထို့နောက်ရင်ခုန်စိတ်လှုပ်ရှားဖွယ် Atlantis Aquaventure တွင် Water Rides ရေလွှာလျှောများစီးရင်း အပန်းဖြေပါမည်။ ညစာကို အိန္ဒိယရိုးရာ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးပါမည်။ ထို့နောက် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ်-ဒူဘိုင်း



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်အာရပ်စော်ဘွားများနိုင်ငံ၏သမိုင်းကြောင်းအဖြစ်လေ့လာနိုင်မည့်ဒူဘိုင်းပြတိုက်သို့ ဝင်ရောက်လေ့လာပါမည်။ ထို့နောက် ဒေသခေါ် Water Taxi ဖြင့် ဒူဘိုင်းတူးမြောင်းကိုဖြတ်ပြီး နာမည်ကြီးလှသော ရွှေစျေးသို့လည်ပတ်ပါမည်။ ဟင်းခတ်အမွှေးအကြိုင်များ ၊ရွှေထည်ပစ္စည်းများ၊ အိန္ဒိယအဝတ်အထည်များ၊ အာရပ်ဒေသထွက်ကုန်များကို စျေးနူန်းချိုသာစွာဖြင့် ၀ယ်ယူနိုင်ပါသည်။နေ့လည်စာကို မြန်မာနိုင်ငံသား ပိုင်အင်းလေးအာရှစားတော်ဆက်တွင်ဧည့်ခံမည်ဖြစ်ပါသည်။ နေ့လည်ပိုင်းတွင် သဲကန္တာရခရီးကြမ်းစွန့်စားခရီးစဉ်ဖြင့် တစ်ခါမျှရခဲ့လှသောအတွေ့အကြုံ များကိုခံစားရင်း၊ သဲကန္တာရ၏ နေဝင်ဆည်းဆာအချိန်ဝယ် ကုလားအုပ်များစီးခြင်း၊ သဲလျှောစီးခြင်း၊ရိုးရာ လက်ပန်းအလှထိုးခြင်း၊ အာရပ်ဝတ်စုံမျာဖြင့် အမှတ်တရဓါတ်ပုံရိုက်ခြင်း၊ ဗိုက်လှုပ်အက ( Bally Dancer ) များနှင့် ရင်ခုန်ကြည်နူးဖွယ်တွဲ၍ အာရပ်ရိုးရာ BBQ အသားကင်ဖြင့် ညစာဧည့်ခံပါမည်။ ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ်- ဒူဘိုင်း



နံနက်စာသုံးဆောင်ပြီးနောက် မြို့တော်အဘူဒါဘီသို့ကားဖြင့်ထွက်ခွာပါမည်။ အဘူဒါဘီသည် အစိုးရရုံးစိုက်ရာ မြို့ဖြစ်ပြီးနိုင်ငံတကာသံရုံးများရှိပါသည်။ အာရပ်နိုင်ငံ၏ အကြီးဆုံးဗလီဖြစ်သော Sheikh Zayed Grand Mosque နှင့် ရိုးရာယဉ်ကျေးမှုရွာ၊ ရှိတ် နန်းတော်၊ အာရပ်နန်းတော်တို့အားလှည့်ပတ် ပြသပါမည်။ နေ့လည်စာကို AUH တွင်သုံးဆောင်ပြီးနောက်ကမ္ဘာ့အကြီးဆုံး Theme Park ထဲတွင်တစ်ခုပါဝင်သော Maricle Garden သို့ ဓါတ်ပုံရိုက်ရန် ပို့ဆောင်ပေးပါမည်။ Farrari World ထဲသို့ဝင်ရောက်ကစားလိုပါကလည်း မိမိအစီအစဉ်ဖြင့် ဝင်ကြေးပေး၍ ဝင်ရောက်ကစားနိုင်ပါသည်။ ထို့နောက် ဒူဘိုင်းသို့ပြန်လည်ရောက်ရှိလာပြီး ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ်-ဒူဘိုင်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အမြင့်ဆုံးမျှော်စင် BurjKhalifa ၏ အပေါ်ဆုံးထပ်သို့ သွားရောက်လည်ပတ်မည်။ ထိုမျှော်စင်ကို (၆) နှစ်တိုင်တိုင်တည်ဆောက်ခဲ့ရပြီး မျှော်စင်၏အမြင့်မှာ ၈၂၈ မီတာမြင့်မားပါသည်။ အထပ်ပေါင်း ၁၆၀ ဖြင့်ဖွဲ့စည်းထားပါသည်။ နေ့လည်စာကို ကမ္ဘာ့အကြီးဆုံးစျေးဝယ် စင်တာတစ်ခုဖြစ်သော Dubai Mall ရှိ PF Chang စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ထို့နောက် Dubai Mall တွင်ပျော်ရွင်စွာစျေးဝယ်ထွက်ပါမည်။ညစာသုံးဆောင်ပြီးနောက်ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ်-ဒူဘိုင်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Jumeira Beach သို့သွားရောက်ပါမည်။နေ့လည်စာကို Emirate Mall တွင်သုံးဆောင်ပြီးနောက် Emirate Mall အတွင်း Shopping ထွက်ပါမည်။ဒူဘိုင်းမှညနေ ၅နာရီတွင်လေဆိပ်မှပြန်လည်ထွက်ခွာပါမည်။ဒိုဟာမှတစ်ဆင့် ည၉နာရီလေယာဉ်ဖြင့် ဘန်ကောက်သို့ပြန်လည်ထွက်ခွာပါမည်။ လေယာဉ်ပေါ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ်-ဒိုဟာ
နံနက် ၆နာရီ ၂၅ မိနစ်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။