Home

About us

Destinations

Tour Programs

Promotion

Services

Travel Tips

Contact Us

Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

ဘာလီ အလည်အပတ် နှင့် ဘန်ကောက် Shopping ခရီးစဉ်  (၄ညအိပ်  ၅ရက်)

Day 1      Bangkok Arrival - Shopping
( - / L / D )

bangkok-01

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Asia (FD252 08:30-10:20) လေကြောင်းလိုင်းဖြင့် ဒွန်းမောင်းလေဆိပ်သို့ ရောက်ရှိကာ ဒေသခံဧည့်လမ်းညွန့်မှနွေးထွေးစွာလာရောက်ကြိုဆိုပြီး ဘန်ကောက်သို့ပို့ဆောင်ပေးပါမည်။ MBK Shopping Mall, SIAM PARAGON, Big C များသို့ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် ပျော်ရွှင်စွာလည်ပတ်နိုင်ရန် ကားဖြင့်ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို MK Gold Restaurant တွင်သုံးဆောင်ပါမည်။ ညစာကို Baiyoke Sky ဟိုတယ်တွင် International Buffet ဖြင့်သုံးဆောင်ပါမည်။ထို့နောက်ဟိုတယ်သို့ check in ၀င်ပြီးအေးချမ်းစွာ အိပ်စက်အနားယူပါမည်။

ညအိပ်- ဘန်ကောက်

 

Day 2      Arrival Bali & Kuta  Shopping
( B / L / D )

barli-03barli-04

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ဒွန်းမောင်းလေဆိပ်မှ Air Asia (FD396 06:05-11:25) လေကြောင်းလိုင်းဖြင့် ဒန်ပါဆာလေဆိပ်သိုရောက်ရှိရာ ဒေသခံဧည့်လမ်းညွန့်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး ဘာလီသို့ပို့ဆောင်ပေးပါမည်။ထို့နောက် မိမိအစီအစဉ်ဖြင့် လွတ်လပ်စွာ Kuta/ Legian area (NO Commission shop) များကို (Free & Walking) လည်ပတ်ပါမည်။ ဆက်လက်ပြီး နာမည်ကြီး Satria Gotot Kaca Statue ရုပ်ထုကြီး နှင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာနှင့် ညစာကိုဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုနောက် ဟိုတယ်သို့ check-in ၀င်ပြီး အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 ညအိပ်- ဘာလီ

Day 3      WARER SPORT  TOUR - Turtle island - Uluwatu - Kecak Dance
( B / L / D )
water-sport-01
water-sport-02
water-sport-03

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက်Tanjung Benoa (Water Sport Activities) များဖြစ်သော Parasiling+ Banana Boat + Ski Tube (INCLUDE IN PACKAGE) စသော Tour မှ စီစဉ်ပေးထားသော ရေပေါ်ကစားနည်းများအား ပျော်ရွှင်စွာ ကစားပါမည်။ မှန်လှေစီးပြီး Turtle Island သို့လည်ပတ်နိုင်ရန် ပို့ဆောင်ပေးပါမည်။ ရေအောက်သတ္တဝါများကို လှည့်လည်ရှုစားရင်း လိပ်ကျွန်း (Pulau Penyu) သို့သွားရောက်ပါမည်။ ထို့နောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ပင်လယ် ရေမျက်နှာပြင် အထက်မီတာ ၁၀၀ခန့်ရှိသော တောင်အငူပေါ်ရှိ Benoa ရေကန်၏ အထက်တွင်ဘာလီရိုးရာ ယဉ်ကျေးမှုအရ ရေစောင့် နတ်သမီး Dawi ကိုအဓိက ပူဇော်ပသရာ Uluwatu ဘုရားကျောင်းသို့သွားရောက်ပြီး ဆည်းဆာအလှကိုကြည့်ရှုခံစားပါမည်။ ညစာကို Jimbaran ကမ်းခြေတွင် ပင်လယ်စာဖြင့် အရသာရှိစွာသုံးဆောင်ရင်း ဘာလီကျွန်းသားတို့၏ Hindu ရိုးရာအကဖြစ်သော Kecak Dance ကိုကြည့်ရှုခံစားပါမည်။ ထို့နောက် ဟိုတယ်သို့ check in ၀င်ပြီး နှစ်ခြိုက်စွာ အိပ်စက် အနားယူပါမည်။

ညအိပ်- ဘာလီ

Day 4      Bedugal & Tanah Lot Sunset Tour
( B / L / D )

bedugel-04bedugel-05

ဟိုတယ်တွင်မနက်စာ သုံးဆောင်ပြီးနောက် ရှေးဟောင်းဘုရားကျောင်း Taman Ayun သို့လည်ပတ်ကြပါမည်။ ထို့နောက် Candi Kuning ရိုးရာပန်း နှင့် သစ်သီးစျေး သို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ဆက်လက်ပြီး Bali တို့၏ ထင်ရှားကျော်ကြားသော Tanah Lot ဘုရားကျောင်း နှင့် Ulundanu ဘုရားကျောင်းများသို့ သွားရောက်မည်။ Tanah Lot ဘုရားကျောင်းသည် Berabon Country ၏ ကမ်းရိုးတန်းတွင်တည်ရှိပြီးကျောက်ဆောင်ကြီးများပေါ်တွင်တည်ဆောက်ထားပါသည်။ ထို့နောက် Monkey Forest တွင်ချစ်စရာ မျောက်ကလေးများအား သွားရောက်ကြည့်ရှုပါမည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ၀င်ပြီး နှစ်ခြိုက်စွာ အိပ်စက်အနားယူပါမည်။

ညအိပ်- ဘာလီ

Day 5      Denpasar (Bali) - Bangkok (Transit) - Yangon
( B / L / D )

danpasar-01danpasar-02

ဟိုတယ်တွင်မနက်စာ သုံးဆောင်ပြီးနောက် (Free and Easy) လည်ပတ်ပါမည်။ထို့နောက် ဒန်ပါဆာလေဆိပ်မှ(07:45 - 10:55)ဖြင့် ဒွန်းမောင်းလေဆိပ် သို့ရောက်ရှိပါမည်။ နေ့လည်စာကို လေယာဉ်ပေါ်တွင် သုံးဆောင်ပါမည်။ ဒွန်းမောင်းလေဆိပ်တွင် ခေတ္တ အနားယူပြီးနောက် Air Asia  လေကြောင်းလိုင်းဖြင့်   FD253 04:20 တွင်ထွက်ခွာ၍ ရန်ကုန်လေဆိပ်သို့  05:05 တွင်   ဆိုက်ရောက်ပါမည်။

ဧည့်သည်တော်များ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF