ကိုရီးယား နာမီကျွန်း/ဆိုရပ်တောင်/ဆိုးလ် ( ၃ညအိပ်/၄ရက်ခရီး )
ည(၁၀:၀၀)နာရီ တွင် ရန်ကုန်လေဆိပ်တွင် စုဝေးပါမည်။ ည(၁၂:၃၅)နာရီတွင်ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာရာ ကိုးရီးယားနိုင်ငံ အင်ချွန်းလေဆိပ်သို့ နံနက်(၉:၁၀)နာရီတွင်ရောက်ရှိပါမည်။
ညအိပ်-4 * Hotel



ဧည်လမ်းညွန်မှလာရောက်ကြိုဆို၍ ဖယ်ရီဘုတ်စီး၍ ဆောင်းဦးရွက်ကြွေချစ်သက်သေ ရုပ်ရှင်ရိုက်ကွင်း နေရာဖြစ်သော နာမီကျွန်းသို့ ဆက်လက် ထွက်ခွာ ပါမည်။ ထိုကျွန်းတွင် ရုပ်ရှင်ရိုက်ကွင်းနေရာများ၊လှပသောရူခင်းများကြည့်ရှုရင်း မိမိစိတ်ကြိုက် အပန်းဖြေကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက်် ဆိုရပ်တောင်သို့ကားဖြင့် ဆက်လက်ထွက်ခွာ ကြပါမည်။ ညစာသုံးဆောင်ကြပြီးနောက် ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်သို့ Check In ၀င်၍ ညအိပ် အနားယူကြပါမည်။
ညအိပ်- 4 * Hotel



ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင်တောင်ပေါ်သို့ လျှပ်စစ်ကေဘယ်ကားဖြင့် ဆက်လက်ထွက်ခွာကြပြီး အမျိုးသားဥယျောဉ်ကြီး ဖြစ်သော Seoraksan National Park သို့သွားရောက် လည်ပတ်ကြပါမည်။ ထိုနောက် ရှင်ဟန်ဆဘုရားကျောင်း (Shinhunsa Temple)သို့ သွားရောက်၍ ကြေးသွန်းဘုရားကြီးအား ဖူးမြော်ကြပါမည်။ ထိုနောက် ဆိုးလ် မြို. သို. ပြန်လည် ထွက်ခွာပါမည်။နေ့လည်စာသုံးဆောင်ပြီးလျှင် ကိုးရီးယားလူမျိုးတို့ အလွန် တန်ဖိုးထားသော ဂျင်ဆင်းအရောင်းပြခန်းကို သွားရောက်ကြည်ရှုရင်း ဂျင်ဆင်းဖြင့်ပြု လုပ်ထားသော ဆေးမျိုးစုံနှင့် ဂျင်ဆင်းတောင့်များအား ၀ယ်ယူနိုင်ပါသည်။ ထို့နောက် ကိုးရီးယားလူမျိုးတို့၏ ပင်တိုင်အစားအစာဖြစ်သော ဂင်ချီပြု လုပ်ပုံ အဆင့်ဆင့်အား သရုပ်ပြနေသည်ကို လေ့လာနိုင်သည်။ ဂင်ချီပြတိုက်သို့ သွားရောက်ကြည်ရှုရင်း နန်းတွင်းအဝတ်အစားများ ၀တ်ဆင်၍ မိမိတို့၏ပုံများကိုလည်း မှတ်တမ်းတင်နိုင်ပါ သည်။ ပြီးနောက် ခရမ်းဆွဲစက်ရုံသို့ သွားရောက်ပြီး ခရမ်းဆွဲကျောက်ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများကိုလည်း လေ့လာဝယ်ယူနိုင်ပါသည်။ ထိုနောက် ကိုရီးယားနိုင်ငံ၏ ဖက်ရှင် ပစ္စည်းများရောင်းချရာကုန်တိုက်ကြီး ၂၆ခုတို့တနေရာတည်းတွင်ရှိသော ဒေါင်ဒေမွန်းစျေး သို့သွားရောက်၍ စျေးဝယ် ထွက်ကြပါမည်။ ညစာသုံးဆောင်ကြပြီးနောက် ဟိုတယ်တွင် ညအိပ်အနားယူကြပါမည်။
ညအိပ်- 4 * Hotel



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။ ထိုနောက် ကိုရီးယားနိုင်ငံ၏ နာမည်ကြီးသောကစားနည်းမျိုးစုံရှိသော Everland ကစားကွင်းကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Lunch Cupon ဖြင့် Everland ကစားကွင်းထဲတွင်သုံးဆောင်ပါမည်။ ထိုနောက် မြောင်ဒေါင်စျေး Lotte Department Store သို့ လွတ်လပ်စွာ စျေးဝယ်ထွက်ပါမည်။ ညစာကို Buffet ဖြင့် သုံးဆောင်ကြပြီးနောက် ဟိုတယ်တွင်ညအိပ်အနားယူကြပါမည်။
ညအိပ်- 4 * Hotel



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် GyeongBok Palace နန်းတော်ဟောင်းသို့ သွားရောက် လေ့လာကြပါမည်။ ထိုနောက်သမ္မတ နေထိုင်ရာ Blue House နှင့် National Museum သို့လည်း သွားရောက်ကြည့်ရှုကြပါမည်။ ထိုနောက် နေ့လည်စာသုံးဆောင်ကြပါမည်။ ဆက်လက်၍ကိုးရီးယားနိုင်ငံ၏ အမြင့်ဆုံး တာဝါတစ်ခု ဖြစ်သော ၆၃ထပ်ရှိသော 63 Building သို့သွားရောက် လည်ပတ်ကြပါမည်။ ငါးမျိုးစိတ်ပေါင်း ၄၀၀ကျော်ပြသထားရာ Sea World သို့ သွားရောက်လေ့လာကြပြီးနောက် ဖယောင်းရုပ်ထုပေါင်းရ၀ကျော်ပြသထားရာ Wax Museum သို့လည်း ဆက်လက်လေ့လာကြပါမည်။ ထိုနောက် Sky Art Gallery သို့သွားရောက်ကြည့်ရှု လေ့လာကြပါမည်။ညစာသုံးဆောင်ပြီးနောက် လေဆိပ်သို့စတင်ထွက်ခွာကြပါမည်။ ထိုနောက် အင်ချွှန်းလေဆိပ်မှ ည (၇:၅၀)နာရီ တွင်ထွက်ခွာလာရာ ကုန်လေဆိပ်သို့ည(၁၁:၂၅)နာရီ တွင်ပြန်လည်ရောက်ကြပါမည်။
ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။


(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
Fully Light Travels & Tours Co.Ltd.
844 769380





