ရန်ကုန် - တိုင်ပေ - တိုင်ကျုံး - တိုင်တုံး - ကောင်းရှုံ- ဟွာလန် - ရိလန် - တိုင်ပေ - ရန်ကုန်
( ၇ ညအိပ်/ ၈ ရက်ခရီးစဉ်)
ရန်ကုန်လေဆိပ်မှတိုင်ပေမြို့သို့ CI-7916(10:50-16:10) လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းရောက်ရှိပါမည်။လေဆိပ်တွင်ဒေသခံ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီးလျှင် ညစာသွားရောက်သုံးဆောင်ပါမည်။ ထို့နောက်ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်ပေ



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် , YehliuGro Park ကို လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ရာစုနှစ်တစုတိုင်အောင် ပင်လယ်၏တိုက်စားမှုကြောင့် သဘာဝအတိုင်းဖြစ်တည်နေသော ကျောက်တောင် ပုံသဏ္ဍန်များကြောင့် ကျော်ကြားလာသော ပန်းခြံတခုဖြစ်ပါသည်။ Queen Head ဘုရင်မဦးခေါင်းပုံ၊ နတ်သမီးဖိနပ်၊ ဖယောင်း တိုင်ပုံစံကျောက်တုံး များကိုလည်း စိတ်ဝင်စားဖွယ် တွေ့မြင်ရမည်ဖြစ်ပါသည်။ဆက်လက်၍အိမ်(၉) အိမ်ဟုထင်ရှားကျော်ကြား သော Jiufen ဈေးတန်းတွင်လည်းဝင်ရောက်လည်ပတ်ပြီး တိုင်ပေမြို့၏ရှေးအကျဆုံး အဆောက်အဦးများကိုလည်း တွေ့မြင်ရပါမည်။ ဆက်လက်ပြီး တိုင်ကျုံးမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် National Centre of The Performing Art ကိုအပြင်မှရှုစားပါမည်။ ဆက်လက်ပြီးတိုင်ကျုံးမြို့ စည်ကားသိုက်မြိုက်လှသော ညစျေးတန်းကိုလည်းသွားရောက် လည်ပတ်ပါမည်။ထို့နောက်ဟိုတယ်တွင်ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်ကျုံး



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ထိုင်ဝမ်မြို့၏ အကြီးမားဆုံးရေကန်ဖြစ်သော Sun Moon Lake သို့ပို့ဆောင်ပေးပါမည်။ ရေကန်ကြီးအတွင်းတွင် သင်္ဘောဖြင့်လည်ပတ်ကြပြီးနောက် အနီးအနားတွင်တည်ရှိသော Wen Wu Temples ၊ Xuanguang Temple တို့ကိုလည်သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် ကားဖြင့် ကောင်းရှုံးမြို့ သို့ ဆက်လက်ထွက်ခွါပါမည်။ ဆက်လက်ပြီး ကောင်းရှုံမြို့၏မိခင်သဖွယ်အားကိုအားထားပြုရသော ချစ်ခြင်းမေတ္တာမြစ်ဟုတင်စားခေါ်ဝေါ်သည့် Love River ကိုလည်း သင်္ဘောဖြင့် သွားရောက် လည်ပတ်ပါမည်။ ညစာသုံဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-ကောင်းရှုံ



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Lotus Lake ရှု့ခင်းသာဒေသသို့ဝင်ရောက်ပြီး ၄င်းရှု့ခင်းသာရှိ Spring Houses ၏ (Wout Poned) ရေအိုင်အတွင်းရှိ စေတီတိုက်များကိုလည်း ဖူးမြော်လည်ပတ်ပါမည်။ ဆက်လက်၍ Kaohsiung မြို့၏ ထင်ရှားကျော်ကြားသောFo Guang San Buddha Memorial Center သို့သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ထိုင်တော်မူဘုရားကိုသွားရောက် ဖူးမြော်နိုင််ပါမည်။ ထိုနောက်ကားဖြင့် South Link Highway လမ်းမတစ်လျှောက်မှတိုင်တုံး မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ညစာသုံး ဆောင်ပြီးလျှင်ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်တုံး



နံနက်စာသုံးဆောင်ပြီးလျှင် အရှေ့ဘက်ကမ်းလွန်ဒေသနှင့် သန္တာကျောက်တန်းများ၊ကျောက်ဆောင်များဖြင့် ပေါင်းစပ်တည်ရှိရာနေရာတစ်ခုအဖြစ်ထင်ရှားကျော်ကြားသော San Xian Tai ကျွန်းသို့သဘာဝအလှအပရှု့ခင်းများကိုရှု့စားနိုင်ရန် ပို့ဆောင်ပေးပါမည်။ San Xian Tai ကျွန်းနှင့် Taiwan Island ကိုဆက်ထားသောလှိုင်းသဏ္ဍန်တံတားကို လှပစွာတွေ့မြင်ရပါမည်။ ထိုနောက် Hua Lien မြို့မှ ထွက်ခွာပြီး Taroko National Park အတွင်းရှိ Tunnel of Nine Turns နှင့် Swallow Mouth သို့သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီး လျှင်ဟိုတယ် သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်- ဟွာလန်



နံနက်စာသုံးဆောင်ပြီးလျှင် ဟွာလန်မြို့၏ကျောက်ကမ်းပါးသို့သွားရောက်ပြီး ပစ္စဖိတ်သမုဒ္ဒရာ၏ အလှအပများကိုလည်းကြည့်ရှုခံစားပါမည်။ထိုနောက် Suhua Hightway လမ်းမှ ရိလန်မြို့သို့ထွက်ခွာပါမည်။ ဆက်လက်ပြီး National Center For Traditional Arts သို့သွားရောက် လည်ပတ်ပါမည်။ ပြီးနောက် တိုင်ပေမြို့သို့ထွက်ခွာပါမည်။ဆက်လက်ပြီး Chiang Kai Shek Memorial Hall ကိုလည်းသွားရောက်လည်ပတ်ပါမည်။ ထိုနောက် Ximending ညဈေးတန်းသို့ Shooping ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ်-တိုင်ပေ



ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် ထိုင်ဝမ်၏ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ် အများဆုံးထိန်းသိမ်းထားနိုင်သော National Palace Museum သို့သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ ထိုင်ဝမ်နိုင်ငံတိုင်ပေမြို့၏ သင်္ကေတတစ်ခုဖြစ်ပြီး အမြင့်ဆုံး အဆောက်အဦးဖြစ်သည့် 101Building ကိုသွားရောက်လည်ပတ်ကြပါမည်။ ကမ္ဘာ့ဒုတိယအမြန်ဆုံးဓာတ်လှေကား ဖြင့်ထို အဆောက်အဦး၏ ၈၉ ထပ်ပေါ်မှ တိုင်ပေမြို့၏ ရှု့ခင်းများကို ကြည့်ရှု့ခံစားနိုင်ပါသည်။ ဆက်လက်၍ ဝူဖန်ဖူသို့ Shooping ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ် သို့ဝင်ရောက်အနားယူပါမည်။
ညအိပ်-တိုင်ပေ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် လေဆိပ်သို့ ပို့ဆောင်ပြီး CI7915 (07:00- 09:50) ဖြင့်ရန်ကုန်မြို့သို့ ချောမောစွာ ပြန်လည်ရောက်ရှိပါမည်။