


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် (ဝ၇:ဝ၀) နာရီတွင် Qatar Airways (QR 922) ဖြင့် Doha မြို့သို့ ထွက်ခွာပြီး နေ့လည် (ဝ၁:၁၀) နာရီတွင် ရောက်ရှိသည်။ Transit ဖြတ်သန်းပြီးနောက် Paris မြို့သို့ Qatar Airways (QR 37) ဖြင့် ဆက်လက်ထွက်ခွာပြီး ပြင်သစ်နိုင်ငံ၏ Paris မြို့သို့ ရောက်ရှိမည်။ ထို့နောက် (4 Star) အဆင့်ရှိ Hotel တွင် Check – In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။



Hotel တွင် Buffet ဖြင့် နံနက်စာ သုံးဆောင်ပြီးနောက် Paris City Tour အနေဖြင့် နာမည်ကျော် ဘုရားရှိခိုးကျောင်း Notre Dame Cathedral ၊ ကမ္ဘာကျော် ပြတိုက်ကြီးတစ်ခုဖြစ်သော Louvre museum နှင့် Concorde Square တို့ကို လှည့်လည်ကြည့်ရှု အမှတ်တရဓါတ်ပုံရိုက်မည်။ ဆက်လက်၍ နာမည်ကျော် Seine မြစ်အတွင်း တစ်နာရီကြာ Cruise စီး၍ မြစ်ကမ်းတလျှောက် ရှုခင်းများကိုခံစားပြီး ပြင်သစ်နိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်သော Eiffel Tower ကြီး၏ Level 2 သို့ တက်ရောက်ကာ ပါရီမြို့အလှကို ခံစားမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Branded ပစ္စည်များကို တစ်နေရာထဲတွင်ဝယ်ယူနိုင်သော Galeries Lafayette Department Store တွင် စိတ်ကြိုက်ဈေးဝယ်ထွက် နိုင်ရန် အားလပ်ချိန်ပေးမည်။ ညစာသုံးဆောင်ပြီးနောက် (4 Star) အဆင့်ရှိ Hotel တွင် Check-In ဝင်ပြန်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။



Hotel တွင် Buffet ဖြင့် နံနက်စာသုံးဆောင်ပြီးနောက် Marne La Valle Outlet သို့ သွားရောက်ကာ စိတ်ကြိုက်ဈေးဝယ်ထွက်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Paris သို့ ပြန်လာကာ နပိုလီယံ၏ စစ်အောင်ပွဲမုဒ်ဦး Arc de Triomphe နှင့် အမှတ်တရဓါတ်ပုံရိုက်ပြီး Champs Elysees လမ်းမကြီးသို့ သွားရောက်လည်ပတ်မည်။ ညစာသုံးဆောင်ပြီးနောက် Hotel သို့ ပြန်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။



Hotel တွင် Buffet ဖြင့် နံနက်စာ သုံးဆောင်ပြီးနောက် Check-Out လုပ်ပြီး ပြင်သစ်နိုင်ငံ၏ ရှေးဟောင်းမြို့ ဖြစ်သော Dijon မြို့သို့ သွားရောက်မည်။ နေ့လည်စာကို Dijon မြို့ဟောင်းတွင် သုံးဆောင်မည်။ ထို့နောက် France,Switzerlandနှင့်Germany (၃)နိုင်ငံ၏ နယ်စပ်၊ ပြင်သစ်နိုင်ငံ၏ တောင်ဖက်စွန်းတွင် တည်ရှိသော Mulhouse မြို့သို့ ဆက်လက်ခရီးဆက်မည်။ ညစာသုံးဆောင်ပြီး နောက် (4 Star) အဆင့်ရှိ Hotel တွင် Check-In ဝင်၍ အေးချမ်းစွာအိပ်စက်အနားမည်။



Hotel တွင် Buffet ဖြင့် နံနက်စာ သုံးဆောင်ပြီးနောက် Hotel မှ Check- out ထွက်မည်။ ထို့နောက် Germany နိုင်ငံ၏တောင်ဖက်တွင်ရှိသော Black Forest သို့ သွားရောက်ကာ နာမည်ကျော် Cuckoo Clock နာရီ ပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာပြီး Black Forest ကိတ်၏ မူလအရသာကို မြည်းကြည့်ကြမည်။ ပြီးနောက် Titisse မြို့ သို့ ဆက်လက် ခရီးဆက်ပြီး Schaffhausen ရှိ ဥရောပ၏ အကြီးဆုံး ရေတံခွန်တစ်ခုဖြစ်သော Rhine Fall နှင့် အမှတ်တရဓါတ်ပုံရိုက်မည်။ ပြီးနောက် Lucerne မြို့သို့ ခရီးဆက်ပြီး မြို့၏ Landmark ဖြစ်သော Chapel Bridge သို့ သွားရောက်လည်ပတ်ပြီး Lion Monument နှင့် အမှတ်တရဓါတ်ပုံရိုက်မည်။ ညစာသုံးဆောင်ပြီးနောက် (4 Star) အဆင့် Hotel တွင် Check-In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။



Hotel တွင် Buffet ဖြင့် နံနက်စာ သုံးဆောင်ပြီးနောက် Hotel မှ Check – out ထွက်မည်။ ထို့နောက် ပေတစ်သောင်း အမြင့်ရှိ သော ရေခဲတောင်တစ်ခုဖြစ်သည့် Mt. Titlis သို့ Cable Car စီး၍ အပေါ်သို့တက်ရောက် လည်ပတ်မည်။ နေ့လည်စာကို တောင်ပေါ်ရှိ Panorama Restaurant တွင် သုံးဆောင်မည်။ ထို့နောက် အီတလီနိုင်ငံရှိ Milan မြို့သို့ ဆက်လက်ခရီး ဆက်ပြီးနောက် ၁၄ ရာစုတွင် ဆောက်လုပ်ခဲ့သည့် ထင်ရှားသောရှေးဟောင်း Duomo Cathedral ၊ La Scala Opera House နှင့် Da Vinci Statue တို့သို့ သွားရောက်ကြည့်ရှုပြီး အပြင်မှ အမှတ်တရဓါတ်ပုံရိုက်မည်။ ညစာသုံးဆောင်ပြီးနောက် (4 Star) အဆင့်ရှိ Hotel တွင် Check-In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။



Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Hotel မှ Check – Out ထွက်မည်။ ထို့နောက် Venice ကျွန်းပေါ်သို့ Private Boat ဖြင့် သွားရောက်ပြီး နာမည်ကျော်ထင်ရှားသော San Marco ရှိ Saint Mark’s Basilica ဘုရားကျောင်း ၊ ယခင် Venice မြို့၏ နယ်စားများ အစဉ်အဆက်နေထိုင်ခဲ့သည့် Doge’s Palace ၊ (၁၆) ရာစုတွင် တည်ထောင်ခဲ့ပြီး Rio di Plazzo အကျဉ်းထောင်နှင့် တရားရုံးကို ပေါင်းကူးသည့်တံတားဖြစ်သော Whisper Bridge (or) Bridge of Sighs နှင့် တို့နျင့် အမှတ်တရ ဓါတ်ပုံရိုက်ပြီး ဖန်ထည်ပစ္စည်းမျိုးစုံ၏ ဆန်းပြားသစ်လွင်သော ဒီဇိုင်းများနှင့်အတူ ဖန်ထည်ပြုလုပ်ပုံများကိုလည်း လေ့လာနိုင်သော Glass Factory တို့ကို သွားရောက်လည်ပတ်မည်။ ထို့နောက် ကျွန်းပေါ်မှ ပြန်လည်ထွက်ခွာပြီးနောက် ညစာကို Local Restaurant တွင် သုံးဆောင်မည်။ ထို့နောက် Hotel တွင် Check – In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။ (ရာသီဥတု အခြေနေပေါ်မူတည်၍ Venice ရေကန်အတွင်းတွင် မိမိစိတ်ကြိုက် မိမိအစီအစဉ်ဖြင့် Gondola စီးနိုင်ပါသည်။ တစ်ဦးလျှင် Euro 25 ကျသင့်ပါမည်။)



Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Hotel တွင် Check-Out ထွက်မည်။ ထို့နောက် Pisa မြို့သို့ ခရီးဆက်ပြီး နေ့လည်စာ သုံးဆောင်မည်။ ထို့နောက် Pisa မြို့၏ ပြယုဂ်တစ်ခုဖြစ်သော နာမည်ကျော် စောင်းနေသည့် မျှော်စင်ကြီး Leaning Tower of Pisa၊ Duomo နှင့် Baptistery တို့တွင် အမှတ်တရဓါတ်ပုံရိုက်မည်။ ညစာသုံးဆောင်ပြီးနောက် (4 Star) အဆင့်ရှိ Hotel တွင် Check – In ဝင်၍ အေးချမ်းစွာအိပ်စက်အနားယူမည်။



Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Hotel မှ Check Out ထွက်မည်။ ထို့နောက် အီတလီနိုင်ငံ၏ မြို့တော် Rome သို့ ခရီးဆက်ပြီးနောက် ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်၍ ကမ္ဘာ့အသေးဆုံးမြို့တော်ဖြစ်သော Vatican City သို့ သွားရောက်လည်ပတ်မည်။ ဆက်လက်၍ Vatican ရှိ St.Peter Square နှင့် St.Peter Basilica တို့ကို လှည့်လည်ကြည့်ရှုကာ အမှတ်တရဓါတ်ပုံရိုက်မည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ရှေးဟောင်းဘုရင့်နန်းတော် King Victor Emanuel Monument နှင့် ရှေးအကျဆုံး ရှေးဟောင်းဗိသုကာလက်ရာများ တည်ရှိသော Roman Forum၊ Arch of Constantine၊ Circus Maximus အဆောက်အဦးများကို လှည့်လည်ကြည့်ရှုကာ အပြင်မှနေ၍ အမှတ်တရဓါတ်ပုံရိုက်မည်။ ထို့နောက် ရှေးယခင်ရောမအင်ပါယာခေတ်တွင် လူအချင်းချင်း၊ တိရစ္ဆာန် စသည်ဖြင့် စီးချင်းထိုးပွဲများ ကျင်းပခဲ့ရာ Colosseum ကို အပြင်ဖက်မှကြည့်ရှုကာ အမှတ်တရဓါတ်ပုံရိုက်မည်။ ညနေပိုင်းတွင် ၁၇ရာစုအစောပိုင်း ပြင်သစ်သံတမန် Stefano Gueffier’s ဆောက်လုပ်ခဲ့သော လှေကားထစ်ပေါင်း (၁၃၈) ထစ် ရှိသည့် Spanish Steps အပြင် နာမည်ကျော်ရေပန်းတစ်ခုဖြစ်သည့် Trevi Fountain သို့ သွားရောက်လည်ပတ်မည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် (4 Star) အဆင့်ရှိ Hotel တွင် Check-In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူမည်။



နံနက်စာကို Hotel မှ Take Away Box ဖြင့် ယူဆောင်ပြီး Hotel မှ Check – Out ထွက်မည်။ ထို့နောက် Rome မြို့၏ လေဆိပ်သို့ သွားရောက်ပြီး နံနက် (ဝ၈:၂၀) နာရီတွင် QR 116 ဖြင့် Doha မြို့သို့ ထွက်ခွာမည်။ Doha လေဆိပ်သို့ နေ့လည် (ဝ၂:၅၀)တွင် QR 918 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်။ (နေ့လည်စာနှင့် ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်မည်။)
လေယာဉ်ပေါ်တွင် နံနက်စာသုံးဆောင်မည်။ ပျံသန်းချိန် ၆နာရီခွဲခန့်ကြာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်(ဝ၆:၃၅) နာရီတွင် စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း - 3288 USD (Par Pax)
*လေယာဉ်လက်မှတ်နှင့်လူဦးရေပေါ်မူတည်၍ ဈေးနုန်းပြောင်းလည်းနိုင်ပါသည်။
- ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်။
- 4 Star အဆင့်ရှိ ဟိုတယ်ကြီးများတွင် တည်းခိုစရိတ်များ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- ဗီဇာ ကျသင့်ငွေနှင့် ဝန်ဆောင်မှု။
ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ ၊ နေ့လည်စာ၊ ညစာ မပျက်မကွက် တည်းခင်းဧည့်ခံခြင်းများ။ - ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့် အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
- ဧည့်သည်တော်များ အမောပြေသောက်သုံးရန် နေ့စဉ်တစ်ဦးလျှင် သောက်ရေသန့် (၁) ပုလင်း။
- Myanmar Tour Leader
- Local Guide နှင့် Driver များအတွက် Tips Money
- ဟိုတယ်အားလုံးတွင် ပေးဆောင်ရမည့် City Tax အဖိုးအခများ။
- Travel Insurance
- ခရီးစဉ်တွင် ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
- Hotel နှင့် Restaurant စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အခြားအဖျော်ယမကာများ။
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပိုနှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။ (အခန်းသော့၊ သဘက်အစရှိသည့်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခများ။ Overweight Charges)