Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 

(New York - Washington D.C - Niagara - Las Vegas - Los Angeles - San Francisco)

DAY 1 Yangon – Taipei  - New York  City Tour
(On Flight)
usa-09
usa-07
usa-21
 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leader ဖြင့်တွေ့ဆုံပြီး Airport တွင် Check in ပြုလုပ်ပါမည်။ ထို့နောက် China Airlines လေကြောင်းလိုင်း CI7916 (10:45-16:20) ဖြင့်ထိုင်ဝမ်လေဆိပ်သို့ ပျံသန်းရောက်ရှိမည်။ ဆက်လက်၍ ထိုင်ဝမ်လေဆိပ်လေဆိပ်မှတဆင့် CI012 (17:30-20:35)လေယာဉ်ဖြင့် မေရိကန်နိုင်ငံ New York မြို့သို့ ရောက်ရှိပါမည်။ New York မြို့သို့ရောက်ရှိရာ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပါမည်။
ညအိပ် - New York

DAY 2  New York  City Tour
(B/L/D)
usa-01
usa-02
usa-03
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် New York မြို့၏အလှကိုတဝကြီးကြည့်ရှု့နိုင်ရန် New York City Tour အဖြစ်စီစဉ်ပေးထားပါသည်။  ကမ္ဘာကျော် Statue of Liberty ရုပ်ထုကြီးရှိရာကျွန်းသို့ Manhattan Harbor Cruise ဖြင့် Hudson မြစ်ကိုဖြတ်၍သွားရောက် ပါမည်။လေဘာတီရုပ်ထုကြီးဖြင့် အမှတ်တရဓါတ်ပုံများရိုက်ပြီးနောက်ကျွန်းပေါ်သို့ဝင်ရောက်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Wall Street ရှိ ကမ္ဘာ့စီးပွားရေးလမ်းဟုခေါ်ဝေါ်သည့် ကမ္ဘာ့အကြီးဆုံး New York Stock Exchange၊ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်းများ စုဝေးရာ United Nations Headquarters (UN) သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကမ္ဘာ့အမြင့်ဆုံး  Empire State Building ၏ Observation Deck မှနယူးယောက်မြို့၏အလှကိုကြည့်ရှုခံစားပြီးနောက် မန်ဟန်တန်ရပ်ကွက်ရှိ (၁၉၃၉)ခုနှစ်တွင်စတင် တည်ဆောက် ခဲ့သည့် Rockefeller Center နှင့် Time Square သို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။
ညအိပ် - New York

DAY 3 New York – Philadelphia - Washington   D.C
( B/L/D )
usa-04
usa-05
usa-06
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Check Out ထွက်ကာ ကားဖြင့် Washington D.C မြို့သို့ ထွက်ခွာရာလမ်းတစ်လျှောက်ရှိ အမေရိကန်နိုင်ငံ၏ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး အခြေခံဥပဒေရေးဆွဲရာ Philadelphi ဖီလဲ့ဒက်ဖီးယားမြို့သို့ ဝင်ရောက်လည်ပတ်ပါမည်။ အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော်ခေါင်းဆောင်တစ်ယောက်ဖြစ်သော Benjamin franklin ၏ Burial place, Liberty Bell နှင့် Independence Hall တို့ကိုလည်း သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Washington D.C မြို့တော်သို့ ခရီးဆက်ပါမည်။ Washington D.C မြို့တွင်းရှိသမ္မတအိမ်ဖြူတော် (White House) နှင့် The Capital Building, အခြားစိတ်ဝင်စားဖွယ်ရာ ပြတိုက်ဖြစ်သော Lincoln Memorial, Vietnam Veterans Memorial နှင့် Korean Veteran memorial စသည့်တို့ကို သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ညအိပ် - Washington D.C

DAY 4 Washington D.C – Corning Center– Niagara Falls
( B/L/D)
usa-08
usa-10
usa-11
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Check Out ထွက်ကာ ကမ္ဘာကျော် Niagara Falls ရေတံခွန်ကြီးရှိရာ Buffalo မြို့သို့ ကားဖြင့် ထွက်ခွာရာလမ်းတွင် နှစ်ပေါင်း (၃၀ဝ၀)ကျော်သက်တမ်းရှိ နာမည်ကျော်ဖန်ထည်ပြတိုက် Corning Glass Center သို့ ဝင်ရောက်ကာ ဖန်ဖြင့်ပြုလုပ်ထားသော အနုပညာပစ္စည်းများနှင့် ဖန်ထည်ပစ္စည်းပြုလုပ်ပုံကို လေ့လာကြည့်ရှု့ပါမည်။ Souvenir Shop တွင် လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Buffalo မြို့သို့ (၃)နာရီကြာ ခရီးဆက်ပြီး ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် Check-inဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - Niagara Falls Souvenir Shop

DAY 5 Niagara Falls - Las Vegas
( B/L/D)
usa-12
usa-13
usa-14
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံနယ်စပ်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံးရေတံခွန်ဖြစ်သော Niagara Falls သို့ သွားရောက်လည်ပတ်ပါမည်။ Niagara Falls ရေတံခွန်ရှိ  Goat Island တစ်လျှောက် လမ်းလျှောက်ရင်း ၁၇၆ ပေအမြင့်မှဖြာကျနေသော အံ့သြဖွယ်ရေတံခွန်အလှကို ကြည့်ရှု့ခံစားပါမည်။ ရာသီဥတုအခြေအနေပေါ်မူတည်၍ နိုင်အာဂရာမြစ်အတွင်း  Maid of the Mist  Niagara အပျော်စီး Boat ဖြင့်ရေတံခွန်အား အနီးကပ်ကြည့်ရှု့လေ့လာပါမည်။  နေ့လည်စာသုံးဆောင်ပြီးလျှင် ကားဖြင့် နိုင်အာဂရာလေဆိပ်သို့ ပို့ဆောင်၍ WN1675(13:25-18:35) လေယာဉ်ဖြင့် ကမ္ဘာကျော် Casino မြို့တော် Las Vegas သို့ ဆက်လက်ထွက်ခွာပါမည်။  လေဆိပ်တွင် ဧည့်လမ်းညွန်မှ လာရောက်ကြိုဆို၍ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ် - Las Vegas

DAY 6 Las Vegas  (Grand Canyon)
( B/L/D)
usa-15
usa-16
usa-17
 

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် Arizona ပြည်နယ်တွင်ရှိသော ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်သည့် Grand Canyon ချောက်ကမ်းပါးသို့ သွားရောက်လည်ပတ်ပါမည်။ Colorado မြစ်အထက် ပေ ၄၀ဝ၀ ကျော်ရှိ ချောက်ကမ်းပါးယံတွင် မှန်ကြမ်းပြင်ဖြင့် တည်ဆောက်ထားသော Skywalk သို့တက်ရောက်လည်ပတ်ပြီး နာမည်ကျော် Grand Canyon ၏ 720 ဒီဂရီ ရှုခင်းအလှကို ကြည့်ရှုခံစားပါမည်။ Colorado River Boat စီးခြင်း၊ Grand Canyon အတွင်း Helicopter စီးခြင်းတို့ကို မိမိအစီအစဉ်ဖြင့်ပြုလုပ်နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အပြန်လမ်းတွင် Colorado မြစ်ကိုပိတ်၍ ကွန်ကရစ်ဖြင့်တည်ဆောက်ထားသော နာမည်ကျော် Hoover Dam ဆည်ကြီးကိုသွားရောက် ကြည့်ရှုလေ့လာမည်။ ညစာသုံးဆောင်ကြပြီးလျှင် ဟိုတယ်သို့ ပို့ဆောင်ကာအိပ်စက်အနားယူပါမည်။
ညအိပ် - Las Vegas

DAY 7 Las Vegas - Los Angeles
( B/L/D)
usa-18
usa-19
usa-20
 

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် Check Out ထွက်ကာ အမေရိကန်နိုင်ငံ၊ အနောက်ဘက်ခြမ်း၏ နာမည်ကျော် Los Angeles မြို့သို့ထွက်ခွာရာလမ်းတစ်ဝက်ရှိ Barstow District တွင် Lenwood Factory Outlet Mall ကုန်တိုက်သို့ပို့ဆောင်၍ နာမည်ကျော်Branded များဖြစ်ကြသော Coach, Tommy Hilfiger,Polo,Michael Kors, Lacoste,Guess, Calvin Klein,Nike စသည့်တို့ကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Los Angeles သို့ ဆက်လက်ထွက်ခွာလာရာ Los Angeles သို့ရောက်ရှိ ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - Los Angeles

DAY 8 Los  Angeles  (Universal Studio)
( B/L/D)
usa-22
usa-23
usa-24
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်လျှင် နာမည်ကျော်  Hollywood Boulevard ရှိ ကမ္ဘာကျော်ရုပ်ရှင်ပညာရှင်တို့၏ အမည်ကြယ်ပွင့်များရှိရာ Boulevard လမ်းတလျှောက်သို့သွားရောက်လည်ပတ်ပြီး Dolby Theatre နှင့် TLC Chinese Theatre ဖြတ်သန်းကြည့်ရှုပါမည်။ ဆက်လက်၍ ကမ္ဘာကျော် Universal Studio ကစားကွင်းသို့ သွားရောက်ပြီး လူကြီး၊လူငယ်များအတွက်စိတ်လှုပ်ရှားဖွယ်ကစားနည်းများ၊ Show ပွဲများ၊ အစရှိသည်တို့အားသွားရောက်လည်ပတ်ပြီး နေ့လည်စာကို ကစားကွင်းအတွင်း မိမိအစီအစဉ်ဖြင့် သုံးဆောင်ပါမည်။ ဟောလိဝုဒ်ရုပ်ရှင်ကား များရိုက်ကူးခြင်းကို ကြည့်ရှုနိုင်မည့်  Behind The Sence Tour နှင့် King Kong ရုပ်ရှင်ကားကြီးများစသည့် ကမ္ဘာကျော်ရုပ်ရှင်ကားကြီးများအား မည်သို့ပြုလုပ်ရိုက်ကူးလေ့ရှိသည်ကို မြင်တွေ့ခွင့်ရမည်ဖြစ်ပြီး “Stunt Show Cowboys”, “Water World” Show, Jaws ရုပ်ရှင်မှ ငမန်းကြီးများကို Hollywood ဟု မည်သို့အသက်သွင်းခဲ့သည်ကို လေ့လာခွင့်ရမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်၍ အိပ်စက်အနားယူပါမည်။
ညအိပ် -  Los Angeles

DAY 9 Los  Ange Les - San Francisco
( B/L/D)
usa-26
usa-27
usa-28
 

ဟိုတယ်တွင် မနက်စာသုံးဆောင်လျှင် Check Out ထွက်၍ အမေရိကန်နိုင်ငံ၊အနောက်ဘက်ခြမ်း၏မြို့တစ်မြို့ဖြစ်သောSAN FRANCISCO မြို့ သို့ ကားဖြင့် ထွက်ခွာလာရာ Pacific Coast Highway ပစိဖိတ်ကမ်းခြေအဝေးပြေးတလျှောက် သာယာလှပသောရှုခင်းများကိုဖြတ်သန်း ကြည့်ရှုနိုင်ပါသည်။ လမ်းတွင်Danish ဒိန်းမတ်ဆန်သော အိမ်ငယ်လေးများဖြင့် နာမည်ကျော်သည့်Solvang မြို့သို့ ရောက်ရှိပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဆက်လက်ထွက်ခွာလာရာ ခမ်းနားထည်ဝါလှပသော SAN FRANCISCO မြို့သို့ ရောက်ရှိပါမည်။ ညစာသုံးဆောင် ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်၍ အိပ်စက်အနားယူပါမည်။
ညအိပ် - SAN FRANCISCO

DAY 10 San Francisco - Taipei
( B/L/D)
usa-29
usa-30
usa-31
 

ဟိုတယ်တွင် မနက်စာသုံးဆောင်လျှင် San Francisco Bayနှင့် Pacific Oceanအကြားရှိ ရေလက်ကြားအား ဖြတ်သန်းတည်ဆောက်ထားသော ကမ္ဘာကျော် Golden Gate တံတားသို့သွားရောက်ကြည့်ရှုကာ အမှတ်တရ ဓါတ်ပုံရိုက်ကြပါမည်။ ပင်လယ်စာ စားသောက်ဆိုင်များ၊အိမ်ပြန်လက်ဆောင်ဆိုင်များဖြင့် စည်ကားနေသော Fisherman’s Wharf ,Oakland Bay Bridge သို့သွားရောက်လည်ပတ်ကြပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် နာမည်ကျော် Palace of Fine Art နှင့် China Town တို့ကိုလည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် San Francisco လေဆိပ်သို့ ပို့ဆောင်၍ CI003(01:40-06:00 ) လေယာဉ်ဖြင့် ထိုင်ဝမ်လေဆိပ်ပြန်လည်ထွက်ခွာပါမည်။
ညအိပ် - On Flight

DAY 11 Taipei  – Yangon
( -/-/-)

နံနက်(06:00) နာရီတွင် ထိုင်ဝမ်နိုင်ငံ Taoyuan လေဆိပ်သို့ရောက်ရှိ၍ ထိုမှတဆင့် လေဆိပ်အတွင်း Transit ဖြတ်သန်းပြီးနောက် China Airlines လေကြောင်းလိုင်းဖြင့်CI7915 (07:00 -09:45) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


***ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဝန်ဆောင်မှုဈေးနှုန်း

တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း - 3990 USD ( လူဦးရေ(၄၀)ပေါ်အခြေခံ၍ဈေးနှုန်းတွက်ထားခြင်းဖြစ်ပါသည်။)
*လေယာဉ်လက်မှတ်နှင့်လူဦးရေပေါ်မူတည်၍ ဈေးနုန်းပြောင်းလည်းနိုင်ပါသည်။

ခရီးစဉ်ဝန်ဆောင်မှုတွင်ပါဝင်သောအရာမျာ:
  • အသွားအပြန် လေယာဉ်လက်မှတ်။
  • 4 Star အဆင့်ရှိဟိုတယ်ကြီးများတွင် (၉)ညတာတည်းခိုစရိတ်များ။
  • ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ.လည်စာ၊ ညစာ မပျက်မကွက် တည်ခင်းဧည့်ခံခြင်းများ။
  • ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့် အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
  • ဧည့်သည်တော်များ အမောပြေသောက်သုံးရန် နေ့စဉ်တစ်ဦးလျှင် သောက်ရေသန့် (၁) ပုလင်း။
  • Chinese & English Speaking Station Speaking Guide 
  • Tour Leader 
  • Manhattan Harbor Cruise
ခရီးစဉ်ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်တွင် ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများနှင့် ထိုဝင်ကြေးများ။
  • စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန်.များ။
  • ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန်.အပိုနှင့် Mini Bar အသုံးပြုခများ။
  • (Universal Studio )သို့လည်ပတ်သည့်နေ့တွင် နေ့လည်စာ။
  • ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။ (အခန်းသော့ ၊ သဘက်အစရှိသည်)
  • ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
  • လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခများ။ (Overweight charges)
  • U.S Visa Fee
  • Travel insurance
 

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF