ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leaderနှင့် တွေ့ဆုံ၍ လေဆိပ်မှဟောင်ကောင်မြို့သို့ UB8027 (07:35-12:05) လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းမည်။ ဆက်လက်၍ ဟောင်ကောင်မြို့မှကားဖြင့် စိမ်းဂျိတ်မြို့သို့ ထွက်ခွာပါမည်။ စိမ်းဂျိတ်မြို့သည် တရုတ်နိုင်ငံပထမဦးဆုံး ဈေးကွက်စီးပွားရေးစနစ်ပြဋ္ဌာန်းသောမြို့ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ Check In ဝင်ပါမည်။
ညအိပ် - စိမ်းဂျိတ်



နံနက်စာသုံးဆောင်ပြီးလျှင် စန်းကျန့်မြို့၏မြို့ပြတိုက်ကို ဝင်ရောက်ကြည့်ရှုရာစန်းကျန့်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်သမိုင်းကြောင်းကို တွေ့မြင်ရလိမ့်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် “ကျင်ရှိုင်ဟွာ” splendid China တိုင်းရင်းသားကျေးရွာကြီး 'China Folk Culture Villages' ကိုဝင်ရောက်၍ တရုတ်နိုင်ငံ၏ အထင်ကရနှင့် တိုင်းရင်းသားကျေးရွာများပေါင်းထားသော ဥယျာဉ်ကြီးကို တွေ့ရပါမည်။ ထို့နောက် Dongmen Shopping ဈေးဝယ်လမ်းမသို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - စန်းကျန့်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့ပန်းခြံ "Window of the World" သို့ ဝင်ရောက်လည်ပတ်ရာ ကမ္ဘာ့အံ့ဖွယ် ရှုခင်းများ၊ မြန်မာနိုင်ငံ၏ ရွှေတိဂုံဘုရားပုံစံငယ်၊ ကမ္ဘောဒီးယားနိုင်ငံ၏ "Angkorwat”၊ ပြင်သစ်နိုင်ငံ၏ မျှော်စင်ကြီး၊ အီဂျစ်နိုင်ငံ၏ "Pyramid” နှင့် အနောက်တိုင်းနိုင်ငံကြီးများ၏အထင်ကရနေရာများကို လည်းတွေ့ရှိရပါမည်။ ဆက်လက်၍ ကွမ်းဂျိုးမြို့သို့ ထွက်ခွာပြီး မြို့ပြသင်္ကတေဖြစ်သော ယဲ့စို့ဥယျာဉ်ကြီးထဲရှိဆိတ်ငါးကောင်ရုပ်ထုကို လည်းသွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် ကွမ်းဂျိုးမြို့၏စည်ကားသော ပေကျင်းလမ်းမတွင် လွတ်လပ်စွာဈေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ကွမ်းဂျိုး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အာရှအားကစားပွဲတော်ဖွင့်လှစ်ခဲ့သော Asian Garme Park ဟိုင်စင်းဥယျာဉ်သို့ ဝင်ရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ကွမ်ကျိုးမြို့၏ ဧည့်ခန်းမဟု တင်စားခံရသော Flower Plaza ဟြာချိန်ရင်ပြင်တော်သို့ သွားရောက်ပြီး ကွမ်းဂျိုးမြို့၏ ရုပ်မြင်သံကြားစင်မြင့်အသစ် Canton Tower အားအပြင်မှရှုစားပါမည်။ Shangxiajiu Shopping Street ရှန်ရှီဂျီလမ်းသို့ ဈေးဝယ်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ကွမ်းဂျိုး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၂)နာရီကွာဝေးသော ကျူဟိုင်မြို့ သို့ ထွက်ခွာပါမည်။ ကျူဟိုင်မြို့ သို့ဝင်ရောက်၍ ပင်လယ်ကမ်းစပ်တွင်ရှိသောနတ်သမီးရုပ်ထုနှင့် Lover Road သို့သွားရောက်လည်ပတ်ကြည့်ရှုပါမည်။ ဆက်လက်၍ မကာအိုသို့ သွားရောက်ပီး တာစန်းပါးရှေးဟောင်း “Church” မုဒ်ဦး (Ruins of ST)၊ ရှေးဟောင်းဘုရားကျောင်း(A-ma Temple), မကာအို၏ Land Mark တခုဖြစ်သည့် ကြာပန်းပန်းပုပုံ (Lotus Square), ပြိုင်ကားပြတိုက်(Racing Museum), ဝိုင်ပြတိုက် Wine Museum သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မကာအိုမြို့၏ နာမည်ကြီး Casino Venetineသို့ သွားရောက်လေလော့ကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - မကာအို



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် မကာအိုဆိပ်ကမ်းမှ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး (55)ကီလိုမီတာရှိ ကမ္ဘာ့အရှည်ဆုံးတံတားဖြစ်သော(HongKong-Zhuhai-Macao) Bridge တံတားကို “HZM” Shuttle Bus ဖြင့် ဖြတ်သန်း၍ ဟောင်ကောင်သို့ သွားရောက်ပါမည်။ ဆက်လက်၍ ဟောင်ကောင်မြို့၏ ကမ္ဘာ့ "Top Ten"ဝင် ဥယျာဉ်ကြီး “Ocean Park" ကို ဝင်ရောက်လည်ပတ်ပါမည်။ ပန်းခြံထဲတွင်ထူးဆန်းသောပြပွဲများ နှင့်ရေအောက်ကမ္ဘာ့ငါးပြတိုက်များကို ဝင်ရောက်ကြည့်ရှုပါမည်။ ကမ္ဘာ့ရှားပါးသော “Panda" ဝက်ဝံ၊ မျောက်နီ တို့ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထူးခြားဆန်းကြယ်သော ကစားနည်းများကိုလည်း မိမိဆန္ဒဖြင့် ကစားနိုင်ပါသည်။ ဆက်လက်၍ဟောင်ကောင်မြို့၏(554)မီတာရှိ အမြင့်ဆုံးတောင်ကုန်းမှ ဗစ်တိုးရီးယားဆိပ်ကမ်းနှင့် ဟောင်ကောင်မြို့၏ အလှကို ကြည့်ရှုနိုင်မည့် (Victoria Peak)နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ ပုံစံတူဖယောင်းပြတိုက်(Madame Tussauds)အား သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ အေးချမ်းစွာဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဟောင်ကောင်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Lantu ကျွန်း၊ တောင်ပေါ်ရှိကြေးသွန်းထိုင်တော်မူဘုရားကြီး (Big Buddha)သို့ မိုးပျံ Cable ဖြင့် သွားရောက်ဖူးမျှော်ရင်း သဘာဝတောတောင်အလှကို ကြည့်ရှုခံစားပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Po lin Monastery အား သွားရောက်လည်ပတ်ပြီးလျှင် Hong Kong Disneyland သို့ သွားရောက်၍ ပြပွဲများ၊ ထူးခြားဆန်းကြယ်သေ ာအပျော်စီးကား၊ ရထား၊ 4Dနှင့် ပင်လယ်ဓားပြလှေ စသည်တို့ကို လွပ်လပ်စွာကစာနိုင်းပါမည်။ ညပိုင်းတွင် Disney Land ရှိလှပသောမီးပန်းလွှတ်ပွဲကို ကြည့်ရှူခံစားပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူမည်။
ညအိပ် - ဟောင်ကောင်



ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးလျှင် ဟောင်ကောင်မြို့၏ Golden Bauhinia Square “မြို့ပြပန်း” ရင်ပြင်တော်၊ ဟောင်ကောင် မြို့ ၏အကြီးဆုံးကုန်စည်ပြပွဲခန်းမဖြစ်သော (Exhibition Centre)နှင့် ဟောင်ကောင်မြို့၏ အကျော်ကြားဆုံးဘုရားကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သော Wong Tai Sin Temple ကို သွားရောက်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဟောင်ကောင်လေဆိပ်သို့ပို့ဆောင်၍ UB 8028 (13:05-14:35) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပျံသန်းရောက်ရှိပါမည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 1850 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
- အသွားအပြန်လေယာဉ်လက်မှတ် 4 Stars အဆင့်မြင့်ဟိုတယ်ကြီးများတွင် (၇)ညတာ တည်းခိုစရိတ်များ။
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊နေ့လည်စာ၊ညစာမပျက်မကွက်တည်ခင်းဧည့်ခံကျွေးမွေးခြင်းများ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- Cable Car
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
- တရုတ်ပြည်ဝင်ခွင့်ဗီဇာလျှောက်ပေးခြင်း။
- Fully Light နွေးထွေးပျူငှာသော Tour Leader လိုက်ပါဝန်ဆောင်မှု။
- တစ်ဖက်နိုင်ငံမှ Local Guide နှင့် Bus Captain တို့၏ခရီးစဉ်တစ်လျောက် လိုက်ပါဝန်ဆောင်မှု။
- Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
- ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန်ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပို နှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု နှင့် ပျောက်ရှမှုများ။(အခန်းသော့၊ သဘက် အစရှိသည်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက်ဝန်ပိုသယ်ဆောင်ခများ။ (Overweight Charges)