ရန်ကုန်လေဆိပ်မှ Sichuan Airlines 3U-8868 (12:35 -17:25) လေယာဉ်ဖြင့် စီအန်းသို့ ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင်ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက်ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။ စီအန်းမြို့သည် တရုတ်ပြည်၏ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်၍ မင်းဆက်ပေါင်း(၁၃)ဆက်နန်းဆိုက်ရာမြို့ကြီးလည်းဖြစ်သည်။ ပြည်ပနှင့်ဆက်ဆံရာမြို့တော်ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုမြို့ကြီး(၄) မြို့ စာရင်းဝင်သော မြို့လည်းဖြစ်သည်။
ညအိပ် - စီအန်း
ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးလျှင် စီအန်းမြို့၏ ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် မြေအောက်နန်းတော် (Emperor Qin Shihuang Mausoleum Museum) “ရဟွယ်ဒီဂူဗိမာန်”၏ ပြတိုက်ကြီးထဲသို့ဝင်ရောက်ပြီး စစ်ရုပ်ထုပေါင်းထောင်နဲ့ချီပြီး စစ်မြေပြင်တွင်စစ်ခင်းထားသကဲ့သို့ တွေ့မြင်ရပါလိမ့်မည်။ ရှေးခေတ်အသုံးအဆောင်ပစ္စည်းနှင့် ကြေးဖြင့်ပြုလုပထားသောရုပ်ထုများ၊ ဓား၊ လှံ၊ လေး၊ မြှားစသည့် လက်နက်ပစ္စည်းများကို တွေ့မြင်နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် စီအန်မြို့၏ထင်ရှားသောအဆောက်အဦးတစ်ခုဖြစ်သည့် (Bell and Drum Tower Plaza ) ခေါင်းလောင်းစင် ရင်ပြင်တော်၊ (၆၅၂ခုနှစ်) Tangမင်းဆက်အစောပိုင်းကာလ၊ အုတ်ဖြင့်တည်ထားသောအိန္ဒိယဗုဒ္ဓဂါယာစေတီပုံသဏ္ဍန် ရှေးဟောင်းယဉ်ကျေးမှုသမိုင်းဝင်အဆောက်အဦး(Big Wild Goose Pagoda)၊ အာရှတိုက်၏အကြီးဆုံး (Music Fountain) “ဂီတရေပန်း”၏ အလှကို ကြည့်ရှုခံစားပါမည်။ ပြီးနောက် စီအန်းမြို့၏အစည်ကားဆုံးနှင့် အထင်ရှားဆုံးနာမည်ကြီး Huimin Street သို့သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီး နောက်ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - စီအန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဂန်ဆူးပြညနယ်ရှိလန်ဂျိုးမြို့သို့ အမြန်ရထား D-2685 (09:30-12:11)ဖြင့် ထွက်ခွာပါမည်။နေ့လည်စာ သုံးဆောင်ပြီးလျှင် မြစ်ဝါမြစ်၏တောင်ဘက်ကမ်းခြေတွင်၄င်းဒေသ၏ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုကို ဖော်ဆောင်သော မိခင်နှင့်ကလေးကြည်နူးပြုံးပျော်ဟန်ပန်းပုရုပ်တု(Model of Yellow River Mother) သို့သွားရောက်၍ အမှတ်တရဓါတ်ပုံရိုက်ကူးကြပါမည်။ တောတန်း၏မြောက်ဘက်တွင်မြစ်ဝါမြစ်၏ ကမ္ဘာ့ပထမဦးဆုံးတံတား(Yellow River Iron Bridge) သို့ သွားရောက်ပြီးနောက် Ming မင်းဆက်လက်ထက်က ဗိသုကာလက်ရာဖြင့် (၁၉၉၄)ခုနှစ်ကတည်ဆောက်ခဲ့သော ရေဒလက်လှည်းဘီများဖြင့် သဘာဝအတိုင်း ရေကိုမြှင့်တင်စုဆောင်းသည့် ရှေးဟောင်းဆည်မြောင်းဥယျာဉ် (Yellow River Water Wheel Park) သို့ သွားရောက်လေ့လာပါမည်။ ထို့နောက်ကားဖြင့် (၃:၃၀)နာရီခန့်ဝေးကွာသော ဒူဝေးမြို့သို့ ထွက်ခွာ၍ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဝူဝေး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် တရုတ်နိုင်ငံ၏တတိယအကြီးဆုံး ရှေးဟောင်းသမိုင်းဝင်ကွန်ဖြူးရှပ်ကျောင်းတော် Confucius Temple သို့ လည်ပတ်မည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဝူးဝေးမြို့၏ထင်ရှားကျော်ကြားသော ရှေးဟောင်းသမိုင်းဝင် Kumarajiva Templeသို့ လေ့လာပါမည်။ ၄င်းTemple မှာQin မင်းဆက်ခေတ်က ထင်ရှားကျော်ကြားခဲ့သော သံဃာတော်များ၏ အရိုးတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသော အထပ်ပေါင်း(၁၂)ထပ်ရှိပြီး အမြင့်မှာ(၃၂)မီတာဖြစ်ပါသည်။ ထို့နောက်ကားဖြင့်(၃)နာရီခန့် ဝေးကွာသောကျန်းယဲ့မြို့သို့ထွက်ခွာ၍ Great Buddha Temple သို့ လည်ပတ်ပါမည်။ ၄င်း Templeမှာ သမိုင်းဝင်ယဉ်ကျေးမှုအဆောက်အဦးအဖြစ်သတ်မှတ်ခြင်းခံရ၍ ကျန်းယဲ့မြို့၏ Land Mark တစ်ခုလည်းဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကျန်းယဲ့
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နှစ်ပေါင်းထောင်ကျော်ကြာ ကမ္ဘာမြေကြီး၏တုန်လှုပ်ခြင်းမှ ဖြစ်ပေါ်လာသော သဲကန္တာရတောင်တန်းများရှိရာ ဂူချိုင့်ဝှမ်းရှုခင်းသာဒေသ Danxia Geological Park သို့ သွားရောက်လည်ပတ်ပါမည်။ Danxiaတောင်၏ မျက်နှာပြင်ထက်တွင် ရာသီဥတုကြောင့်ဖြစ်ပေါ်နေသော အနီရောင်၊ အဝါရောင်၊ အပြာရောင်အဖြူရောင်နှင့် အနက်ရောင်ကာလာမျိုးစုံကျောက်စရစ်များ ဒေါင်လိုက်မျဉ်းကြောင်းများဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရောင်စဉ်တောတန်းများမှာ ပန်းချီကားတစ်ချပ်အလား တရုတ်ပြည၏တစ်ခုတည်းသော Colorful City ဟုတင်စားခေါ်ဝေါ်ကြသည်။ ထို့နောက် ကားဖြင့် (၂:၃၀)နာရီခန့် ဝေးကွာသော ကျားရိကွမ်းမြို့သို့ ထွက်ခွာလာရာ ကမ္ဘာကျော်ဂရိတဝေါလ်၏ အနောက်ဘက်ဆုံး၊ အဆုံးအမှတ်အသားဖြစ်သည့် (၃၃၅၀ဝ)စတုရန်းမီတာရှိသော (JiayuguanTower)သို့ လေ့လာလည်ပတ်ပြီးနောက် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကျားရိကွမ်း
ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးလျှင် ကျားကွမ်းမှထွက်ခွာ၍ ကားဖြင့်(၄:၃၀)နာရီခန့် ဝေးကွာသောဒုံဟွမ်မြို့သို့ ခရီးဆက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဂန်ဆူးပြည်နယ်၏ The Silk Road Tour အနေဖြင့် သဲကန္တာရတောင်တန်းများရှိရာ အသံကျယ်သဲ(သို့)ပလွေကဲ့သို့ အသံဟုထင်ရှားကျော်ကြားသော Singing Sands Mountain သဲကန္တာရသို့ အပန်းဖြေလည်ပတ်နိုင်ရန် ပို့ဆောင်ပေးပါမည်။ သဲတောင်ကုန်းနှင့်အခြားတဘက်တွင် သာယာလှပသော(Crescent Lake)လခြမ်းရေအိုင်၏ ထူးဆန်းသောသဘာဝအလှကို တွေ့မြင်ခံစားနိုင်ပါမည်။ အီဂျစ်နှင့်ဒူဘိုင်းကဲ့သို့ သဲကန္တာရထဲကို ရောက်သွားသလိုခံစားကြရမည့် ဘက်ထရီကားစီးခြင်း၊ သဲလျောစီးခြင်းနှင့် ကုလားအုပ်များစီးခြင်းဖြင့် အမှတ်တရဓါတ်ပုံရိုက်ကူးကြပါမည်။ ညစာ သုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဒုံဟွမ်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင်ဒုံဟမ်မြို့၏ အရှေ့တောင်ဘက်ရှိ (1987)ခုနှစ်က ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် (Mogao Grottoes) ဗုဒ္ဓရုပ်ပွားတော်လိုဏ်ဂူသို့ သွားရောက်ဖူးမြော်ပါမည်။ (AD366) ခုနှစ်က တူးဖော်ခဲ့ပြီးနှစ်ပေါင်း (1000)ခန့်ရှိ (Thousand Buddhas Cave) ဟုလူသိများထင်ရှားကျော်ကြားသည့် လှပသောနံရံဆေးပန်းချီ ရောင်စုံဗုဒ္ဓရုပ်ပွားတော်ပေါင်း( 2415) ဆူနှင့် ဂူပေါင်း(735)ဂူ၊ အကျယ်မှာ စတုရန်း ကီလိုမီတာ(45000)ရှိပါသည်။ ကမ္ဘာ့အကြီးဆုံးနှင့် ဗိသုကာလက်မှုပညာ လက်ရာအမြောက်ဆုံး နေရာတစ်ခုဖြစ်ပါသည်။ ထို့နောက်(၂ဝဝ)နာရီခန့် ဝေးကွာသော ကျိုယမ်Railway Station သို့ သွားရောက်၍ ကျည်ဆံရထားစီးပါမည်။ ကျိုယမ်မှ ကျည်ဆံရထား D2703(14:58 - 18:31) ဖြင့် ထုလုဖန်းသို့ ရောက်ရှိမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ် - ထုလုဖန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နာမည်ကြီးငူခန်းဇာတ်ကားမှ ဇာတ်ဝင်ခန်းဖြစ်သောအနီရောင်ရှိသော မီးတောင် Flaming Mountain သို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ ရှန်းကျန်းပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်များ အထဋ်အမြတ်ထားကိုးကွယ်သော Ruins of Jiaohe City ရှေးဟောင်းဗလီသသွားရောက်လေ့လာပါမည်။ ထူးခြားသော ရှေးဟောင်းရေပေးတူးမြောင်း The Karez system ကို တွေ့မြင်နိုင်ပါသည်။ ပြီးနောက် (1778)ခုနှစ်က အစ္စလာမ်ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရှန်းကျန်းပြည်နယ်၏ အကြီးဆုံးနှင့်ရှေးဟောင်းသမိုင်းဝင် Emin Minaret (SugongMinaret) မျှော်စင်နှင့် ၄င်းဒေသရှိ လူမျိုးတို့၏ နှစ်ပေါင်း(၄၀ဝ)အတွင်း လူ့သမိုင်းနှင့်ဖွံ့ဖြိုးတိုးတက်ပအဆင့်ဆင့်တို့ကို သွားရောက်လေ့လာပါမည်။ ထို့နောက် ကားဖြင့်(၃၃၀)နာရီခန့် ဝေးကွာသော ဝူလုမုချိသို့ ထွက်ခွာ၍ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဝူလုမုချိ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၁:၃၀)နာရီခန့်ဝေးကွာသော လျန်စန်းရခင်းသာဒေသသို့ သွားရောက်၍ ကျောက်တံတား၊ရေတံခွန် နှင့် လှပသောကျန်စီအိုင်တွင်သင်္ဘောစီးရင်း အပန်းဖြေပါမည်။ ထို့နောက် ဂူလုမုချိသို့ ပြန်လည်ထွက်ခွာ၍ (2004)ခုနှစ်ကမ္ဘာ့အကြီးဆုံးအဆောက်အဦး Top Ten စာရင်းဝင် အစ္စလာမ်ဗိသုကာလက်ရာဖြစ်သော The International Grand Bazaar သွားရောက်၍ Shopping လည်ပတ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဂူလုမုချိလေဆိပ်သို့ပို့ဆောင်၍ 3U-8588 (22:35 - 01:40) လေယာဉ်ဖြင့် စီအန်းသို့ ရောက်ရှိကာ ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ်- စီအန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်လေဆိပ်သို့ ပို့ဆောင်၍ 3U-8867 (08:35 - 11:05) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း - 1600 USD
*လေယာဉ်လက်မှတ်နှင့်လူဦးရေပေါ်မူတည်၍ ဈေးနှုန်းပြောင်းလည်းနိုင်ပါသည်။
- ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်။
- ခရီးစဉ် တလျှောက်တွင် အဆင့်မြင့် ဟိုတယ်ကြီးများတွင် တည်းခိုစရိတ်များ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ မပျက်မကွက် တည်းခင်းဧည့်ခံခြင်းများ။
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့် အစီအစဉ်၏ အလည်အပတ်များ နှင့် ဝင်ကြေးလက်မှတ်များ။
- Visa ဝန်ဆောင်မှု။
- အမြန်ရထားလက်မှတ်(လျိုယမ်- ထုလုဖန်း)
- Chinese Speaking Guide
- Tour Leader
- Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
- ခရီးစဉ်တွင် ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ ၊ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့် အပိုနှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။ (အခန်းသော့၊ သဘက်အစရှိသည့်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခများ။ (Overweight Charges)