Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 
DAY 1 (11.4.2019)     ရန်ကုန် - ထက်ယွဲင် - တိုင်ပေ
(-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တိုင်ပေမြို့သို့ CI 7916 (10:45-16:20) လေယာဉ်ဖြင့် ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆို၍ တိုင်ပေမြို့၏ အကြီးဆုံးနှင့်အကျော်ကြားဆုံးဖြစ်သော Shilin Night Market တွင် ထိုင်ဝမ်ဒေသထွက် ရိုးရာအစားအသောက်များကို များစွာသောFood stall များဖြင့်စွဲမက်ဖွယ် ခင်းကျင်း ပြသရောင်းချနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက် အိပ်စက်အနားယူပါမည်။
ညအိပ် - တိုင်ပေ

DAY 2  (12.4.2019)    တိုင်ပေ
(B/L/D)
taipae-01
taipae-02
taipae-03
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အိမ်(၉) အိမ်ဟု ထင်ရှားကျော်ကြားသော Jiufen ဈေးတန်းတွင်လည်း ဝင်ရောက်လည်ပတ်ပြီး တိုင်ပေမြို့၏ ရှေးအကျဆုံး တွေ့မြင်ကြရပါမည်။ ထို့နောက် တိုင်ပေရှိ Teresa Teng Memorial Park နှင့် Yehliu Geo Park များသို့ လည်ပတ်ရန်ပို့ဆောင်ပေးပါမည်။ ရာစုနှစ် တစုတိုင်အောင် ပင်လယ်၏ တိုက်စားမှုကြောင့် သဘာဝအတိုင်းဖြစ်တည်နေသော ကျောက်တောင်ပုံသဏ္ဍန်များကြောင့် ကျော်ကြားလာသော ပန်းခြံတခုဖြစ်ပါသည်။ Queen Head ဘုရင်မင်းခေါင်းပုံ၊ နတ်သမီးဖိနပ်၊ ဖယောင်းတိုင် ပုံစံကျောက်တုံးများ ကိုလည်း စိတ်ဝင်စားဖွယ် တွေ့မြင်ရမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် တိုင်ပေမြို့၏ သင်္ကတေတစ်ခုဖြစ်ပြီး အမြင့်ဆုံးအဆောက်အဦးဖြစ်သည့် 101 Building သို့ သွားရောက်လည်ပတ်ကြပါမည်။ ကမ္ဘာ့ဒုတိယအမြန်ဆုံးဓာတ်လှေကားဖြင့် ထိုအဆောက်အဦး၏ ၈၉ ထပ်ပေါ်မှ တိုင်ပေမြို့၏ရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။ ပြီးနောက် Xinyi Public Assembly Hall သို့လည်း လည်ပတ်နိုင်ရန်ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ကြပြီးနောက် Wufenpu Gament Wholesale Area သို့ လည်ပတ်ရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - တိုင်ပေ

DAY 3 (13.4.2019)    တိုင်ပေ
( B/L/D )
taipae-04
taipae-05
taipae-06
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ထိုင်ဝမ်ကျွန်း၏ကိုယ်စားပြုမုန့်ဖြစ်သော နာနတ်သီးမုန်ထုတ်လုပ်ရာ Vigor Kobo Castel သို့ သွားရောက် လည် ပတ်ကြပါမည်။ ထိုနောက် Longshan Temple သို့ သွားရောက်ဖူးမြော်ကြပြီး နေ့လည်စာသုံးဆောင်ကြမည်ဖြစ်သည်။ ဆက်လက်၍ သမ္မတကြီး Chiang Kai-shek ကို ကိုယ်စားပြုဆောက်လုပ်ထားသော CKS Memorial Hall သို့ သွားရောက်လေ့လာရင်း အမှတ်တရဓာတ်ပုံရိုက်ကူးကြမည်ဖြစ်သည်။ ထို့နောက် Ximending ညဈေးတန်းသို့ Shopping ထွက်ပြီးနောက် ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - တိုင်ပေ

DAY 4 (14.4.2019)     တိုင်ပေ - တိုင်ကျုံ
( B/L/D)
taipae-07
taipae-08
taipae-09
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် တိုင်မြို့သို့ ကားဖြင့်သွားရောက်ပါမည်။ ဆက်လက်ပြီး တစ်နှစ်လျှင်တစ်ကြိမ်သာကျင်းပသော Taichung Flower Festival သို့ သွားရောက်လေ့လာကြပါမည်။ နေ့လည်စာသုံးဆောင်ပီး တရွာလုံးနီးပါးနံ့ရံဆေးရေးပန်းချီများ ရေးဆွဲထားသော Taichung မြို့၏ Land Mark တစ်ခုဖြစ်သည့် Rainbow Village အား သွားရောက်ကြည့်ရှုရင်း မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ဂျပန်ဗိသုကာပညာရှင် ဒီဇိုင်းရေးဆွဲ၍ ဆောက်လုပ်ခဲ့သော National Taichung Theater သို့ သွားရောက်လေ့လာကြမည်ပြီးနောက် Yizhong Street Night Market တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ရန် ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ဝင်၍ အိပ်စက်အနားယူပါမည်။
ညအိပ် - တိုင်ကျုံး

DAY 5 (15.4.2019)    တိုင်ကျုံး - နန်ထို
( B/L/D)
taipae-10
taipae-11
taipae-12
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် နန်ထိုမြို့သို့ ကားဖြင့်သွားရောက်ပါမည်။ ထို့နောက် Chung Tai Monastery သို့ သွားရောက်ဖူးမျှော်ကြပါမည်။ နေ့လည်စာသုံးဆောင် ပြီးနောက် ထိုင်ဝမ်မြို့၏အကြီးမားဆုံးရေကန်ဖြစ်သော Sun Moon Lake သို့ ပို့ဆောင်ပေးပါမည်။ ကန်၏အရှေ့ဘက်ကို နေနှင့်တင်စား၍ အနောက်ဘက်ကို လနှင့်တင်စားထားသောကြောင့် နေလ (Sun Moon Lake) ဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်ပါသည်။ ရေကန်ကြီးအတွင်းတွင် သင်္ဘောဖြင့်လည်ပတ်ကြပြီးနောက် အနီးအနားတွင် တည်ရှိသော Xuanguang Temple နှင့် Wen Wu Temples များသို့ သွားရောက်ဖူးမြော်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - နန်ထို

DAY 6 (16.4.2019)    နန်ထို - ကောင်းရှုံ
( B/L/D)
taipae-13
taipae-14
taipae-15
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကောင်းမှုံမြို့သို့ ကားဖြင့်ထွက်ခွာကြပါမည်။ Lotus Lake ရှူခင်းသာဒေသသို့ ဝင်ရောက်ပြီး ၄င်းရှုခင်းသာရှိ Spring Houses on (Wout Poned) ရေအိုင်အတွင်းရှိ စေတီတိုက်များကိုလည်း ဖူးမြော် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အကြီးဆုံး Shopping Mall ဖြစ်သော Dream Mall တွင် စိတ်ကြိုက် ဈေးဝယ်ထွက်ကြပါမည်။ ဆက်လက်၍ Formosa Boulevard သို့ သွားရောက်လည်ပတ်ပြီး Liuohe Night Market တွင် ဈေးဝယ်ထွက်နိုင်ရန် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
ညအိပ် - ကောင်းရှုံ

DAY 7 (17.4.2019)      ကောင်းရှုံ - ထောက်ယွဲင်
( B/L/D)
taipae-16
taipae-17
taipae-18
 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Kaohsiung မြို့၏ ထင်ရှားကျော်ကြားသော Fo Guang San Buddha Memorial Center သို့သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံး ကြေးသွန်းထိုင်တော်မူ ဘုရားကြီးကိုသွားရောက် ဖူးမြော်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ကောင်းရှုံမှ ထောက်ယွဲင်သို့ သွားရောက်ပါမည်။ ထောက်ယွဲင်သို့သွားရောက်ပါမည်။ ထောက်ယွဲင်သို့ ရောက်လျှင် Branded အဝတ်အစားများ၊ လက်ကိုင်အိတ်များနှင့် Accessories များ ဝယ်ယူနိုင်ရန် Gloria Outlet Mall သို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ထောက်ယွဲင်

DAY 8 (18.4.2019)     ထောက်ယွဲင် - ရန်ကုန်
( B/-/-)

နံနက်စာကို ဟိုတယ်မှ Breakfast Box ဖြင့် ယူဆောင်ပြီးလျှင် check Out ထွက်ပါမည်။ ထို့နောက် ထောက်ယွင်လေဆိပ်သို့ ပို့ဆောင်ပေးပြီး CI7 915 (07:00-09:45) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ အေးချမ်းစွာပြန်လည်ရောက်ရှိပါမည်။


***ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဝန်ဆောင်မှုဈေးနှုန်း

ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 1385 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

ခရီးစဉ်ဝန်ဆောင်မှုတွင်ပါဝင်သောအရာမျာ:
  • အသွားအပြန်လေယာဉ်လက်မှတ်။
  • ခရီးစဉ်တလျှောက်တွင် ဖော်ပြထားသော 3 star အဆင့်ရှိ ဟိုတယ်ကြီးများတွင် (၇) ညတာ တည်းခိုစရိတ်များ။
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာများ မပျက်မကွက်တည်ခင်းဧည့်ခံခြင်းမျာ။
  • ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
  • ဗီဇာဝန်ဆောင်မှု ။
  • ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များ နှင့် ဝင်ကြေးလက်မှတ်များ။
  • ဧည်သည်တော်များ အမောပြေသောက်သုံးရန် နေ့စဉ်တစ်ဦးလျှင် သောက်ရေသန့်(၁)ပုလင်း။
  • Chinese Speaking Guide
  • Tour Leader
  • Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
ခရီးစဉ်ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန်ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
  • စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
  • ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပို နှင့် Mini Bar အသုံးပြုခများ။
  • ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု နှင့် ပျောက်ရှမှုများ။(အခန်းသော့၊ သဘက် အစရှိသည်)
  • ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
  • လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက်ဝန်ပိုသယ်ဆောင်ခများ။ (Overweight Charges)
 

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF