


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖွဲ့ ခေါင်းဆောင်နှင့်တွေ့ဆုံပြီးနောက် Vietnam လေကြောင်းလိုင်း VN 942 (12:10 - 15:00) လေယာဉ်ဖြင့် ဟိုချီမင်း(ဆိုင်ဂုံ)မြို့၏ Tan Son Nhat (တန်ဆုန်နပ်) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် ဧည့်လမ်းညွှန်၏ ဦးဆောင်မှုနှင့်အတူ ဗီယက်နန်နိုင်ငံ၏ ရှေးအကျဆုံးဘုရားကျောင်းအဆောက်အဦးတစ်ခုဖြစ်သော Notre Dame Cathedral နှင့် အကြီးဆုံး စာတိုက်ကြီးဖြစ်သည့် Central Post Office, City Hall, Opera House များသို့ အပြင်ဘက်မှ သွားရောက်လည်ပတ်မည်။ဆက်လက်ပြီး China Town နှင့် Hard Rock Cafe သို့ သွားရောက်ပါမည်။ ညနေစာအား Saigon မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် လည်ပတ်ရင်းဖျော်ဖြေမှုများနှင့်အတူ ဟိုချီမင်းမြို့၏အလှကို ကြည့်ရှုခံစားရင်း သင်္ဘောပေါ်တွင် သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ဟိုချီမင်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့မှ မူးနဲသို့ကားဖြင့် (၅) နာရီကြာမောင်းနှင်၍ သွားရောက်ပါမည်။ သဲကန္တာရပုံစံ အဖြူရောင်၊ အနီရောင်၊ သဲတောင်ကုန်း နှင့် အခြားတဖက်တွင် စိမ်းစိုနေသော စိုက်ခင်းများနှင့် သာယာလှပသော ပင်လယ်ကမ်းခြေတို့၏ ထူးဆန်းသောသဘာဝအလှတရားကို တွေ့မြင်ခံစားနိုင်မည် ဖြစ်ပါသည်။ အီဂျစ်၊ ဒူဘိုင်း သဲကန္တာရထဲကို ရောက်သွားသလိုခံစားကြရမည့် သဲကန္တာရ Red & White Sand Dune, Lotus Lake များအား အပန်းဖြေလည်ပတ်နိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ပါမည်။ ထို့နောက် အဲရီဇိုးနားဒေသရှိ Grand Canyon ချောက်ကမ်းပါးကြီး၏ အသေးစားပုံစံငယ်ဟု ထင်ရသော Fairy Stream or (Suoi Tien) တံငါရွာများသို့ သွားရောက်လည်ပတ်ကြပါမည်။ ဆက်လက်၍ မူးနဲညဈေးသို့ ပျော်ပျော်ပါးပါးဈေးဝယ်ထွက်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။
ညအိပ် - မူးနဲ



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပြင်သစ်မြို့လေးအဖြစ် ကမ္ဘာကျော်လူသိများသော ဒါးလက်မြို့သို့ (၃:၃၀)နာရီကြာ မောင်းနှင်ပြီး ကမ္ဘာလှည့် ခရီးသွားအများစု စိတ်ဝင်စား Truc Lam Pagoda သို့သွားရောက်ကြပါမည်။ ထို့နောက် Cable Car ဖြင့်တက်ရောက်ပြီး Phoenix တောင်ထိပ်မှ အလွန်သာယာလှပသော Tuyen Lam Lake အလှကိုတွေ့မြင် ခံစားနိုင်မည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံသားတို့၏ နောက်ဆုံးမင်းဆက် Bao Dai ဘုရင်စံမြန်းခဲ့သော နွေရာသီနန်းတော်တွင် မင်းဆက်ဘုရင်များ၏ နန်းဝတ်နန်းစားတွေကို ဝတ်ဆင်ပြီး ဓါတ်ပုံလှလှလေးတွေ ရိုက်ကူးကြပါမည်။ ထို့နောက် ၁၉၉၀ ခုနှစ်တွင် တစ်မူထူးခြားတဲ့အံ့သြဖွယ် အနုပညာလက်ရာမြောက်စွာနဲ့ တည်ဆောက်ထားသော The Crazy House တွင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးနိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ဒါးလက်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အလွန်သာယာလှပသော နာမည်ကျော် နှစ်ထပ်ရေတံခွန်ဖြစ်သည့် Dalanta ရေတံခွန် သို့ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော Roller Coaster များစီး၍ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Romantic ဆန်ဆန် ဖွဲ့စည်းတည်ဆောက်ထားသော The Valley of Love Dalat ဥယျာဉ် နှင့် ဒါးလက်မြို့၏ အကြီးဆုံးရေကန် Xuan Huong Lake သို့ လည်ပတ်နိုင်ရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် ဒါးလက်မှ ဟိုချီမင်းမြို့သို့ကားဖြင့် (၆ နာရီခွဲခန့်) ကြာမောင်းနှင်ပြီး ပြန်လည်ထွက်ခွာပါမည်။ ဟိုချီမင်းမြို့သို့ ရောက်ရှိရာ အချိန်ရလျှင်ရသလို ဈေးဝယ်လည်နိုင်ရန် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ညအိပ် - ဟိုချီမင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ပါမည်။ ထိုနောက် ဟိုချီမင်းလေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ Tan Son Nhat (တန်ဆုန်နပ်) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Vietnam လေကြောင်းလိုင်း VN 943 (09:35 - 11:10) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည် ဖြစ်ပါသည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 615 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
- အသွား၊ အပြန်လေယာဉ်လက်မှတ်။
- ခရီးစဉ်တလျှောက် အဆင့်မြင့်ဟိုတယ်ကြီးများတွင် (၄) ညတာ တည်းခိုစရိတ်များ။
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
- ဧည့်သည်တော်များ အမောပြေသောက်သုံးရန် နေ့စဉ်တစ်ဦးလျှင် သောက်ရေသန်. (၁) ပုလင်း။
- Roller Coaster
- Cable Car
- English Speaking Guide
- Tour Leader
- တစ်ဖက်နိုင်ငံမှ Local Guide နှင့် Bus Captain တို့၏ ခရီးစဉ်တစ်လျောက် လိုက်ပါဝန်ဆောင်မှု။
- Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
- ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပိုနှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။ (အခန်းသော့ ၊ သဘက်အစရှိသည်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခများ။ (Overweight charges)