ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ချိန်တူးမြို့သို့ China Airlines CA-416 (12:15-18:35) လေယာဉ်ဖြင့် ပျံသန်းရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက် ကြိုဆိုပြီးနောက် ညနေစာသုံဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ချိန်တူး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် “Panda” ဌာနေသို့ Cable ကားဖြင့် သွားရောက်ပါမည်။ ထို့နောက် “Panda” ပြတိုက်၊ လိပ်ပြာပြတိုက်၊ “Panda” ၏ အပြင်လှုပ်ရှားရာဒေသ၊ “Panda” ၏မွေးဖွားသည့်နေရာ ပြခန်းများကို သွားရောက်ကြည့်ရှုကြပါမည်။ ဆက်လက်၍စည်ကားပြီး “CCTV” မှ အမြဲလာရောက်ရိုက်ကူးသည့် ရိုက်ကွင်းတစ်ခုဖြစ်သော Jinli Ancient Street “ကျင်လီ” ဈေးလမ်းမကြီးသို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အမြန်ရထား G8513 (16:18-18:01) ဖြင့် ချုံချင့်သို့ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ချုံချင့်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် (၁၉၉၉)ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်သတ်မှတ်ခြင်ခံရသည့် Dazu Rock Carvings သို့ သွားရောက်လေ့လာပါမည်။ (AD7)ရာစုနှစ် ဗုဒ္ဓဘာသာထွန်းကားခဲ့ရာ ဂူနံရံပေါ်တွင်ထွင်းထုခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာများစွာကို တွေ့မြင်နိုင်ပါသည်။ ဆက်လက်၍ တရုတ်ပြည်၏အကြီးဆုံးသော သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး လေ့လာမှုကိုပြသည့် Three Gorges Museum ပြတိုက်သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ချုံချင့်၏အချက်အချာကျသော Land Mark တစ်ခုလည်းဖြစ်သည့် Hong Ya Dong သို့ လည်ပတ်ပါမည်။ ၄င်းဟောင်ရာတုံးဧရိယာမှာ (46000)စတုရန်းမီတာ ကျယ်ဝန်းပြီး စွဲမက်ဖွယ် Hours Storolling များဖြင့် လက်ရာမြောက်သော စားသောက်ခန်းများ၊ အကြွေစေ့ကစားရုံများ၊ အမှတ်တရပစ္စည်းဆိုင်များ၊ High-class စားသောက်ဆိုင်များနှင့် Jialing မြစ်၏အလှကို ရှုစားနိုင်ပါသည်။ ပြီးနောက် ချုံချင်မြို့၏ စီးပွားရေးအချက်အချာကျသော၊ မိုးမျှော်အဆောက်အဦးများစွာ ဝန်းရံနေသည့် Jiefangbei Street လမ်းသို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ချုံချင်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် (Ciqikou Ancient Town) ချီကျစ်ကုပ်ရှေးဟောင်းသမိုင်းဝင်မြို့တော်သို့ လည်ပတ်ပါမည်။ Soung မင်းဆက် လက်ထက်ကစတင်တည်ထောင်ခဲ့သော ဆိပ်ကမ်းမြို့တော်ဖြစ်ပြီး၊ စီးပွားရေး၊ ဘာသာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ရိုးရာယဉ်ကျေးမှုဗိသုကာပညာများ ထွန်းကာခဲ့၍ နှစ်ပေါင်း(၁)ထောင်တိုင် သမိုင်းဝင်မြို့တော်အဖြစ် ထင်ရှားကျော်ကြားခဲ့ပါသည်။ မြို့တော်မှာယန်ဇီမြစ်၏ မြစ်လက်တက်ဖြစ်သော Jialing River မြစ်၏ကမ်းနဘေးတွင် တည်ရှိပြီး ရေမြေတောတောင်သဘာဝအလှများဖြင့် သာယာသည့်မြို့လေးတစ်မြို့ဖြစ်ပြီး ချုံချင်းမြို့၏ အရေးပါသောဆိပ်ကမ်းမြို့လည်း ဖြစ်ပါသည်။ မြို့တွင်းလမ်းများတွင် ကျောက်လမ်းများခင်းကျင်းထားပြီး ရှေးဟောင်းမြို့၏ ပြပုဂ်နှင့်ပြည့်စုံလှသဖြင့် ချုံချင်၏သင်္ကေတ “Little Chongqing” ဟုတင်စားခေါ်ဝေါ်ကြပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် အမြန်ရထား G8514 (14:03 – 15:46) ဖြင့် ချိန်တူးသို့ ထွက်ခွာပြီး Global Center သို့ ဈေးဝယ်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ချိန်တူး
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်ခွမ်းဂျိုင့်လမ်းမသို့ သွားရောက်လေ့လာမည်။ ၄င်းလမ်းမသည် ထူးခြားသော တရုတ်ပြည် ခေတ်ဟောင်းကာလ၏ ဗိသုကာလက်ရာနှင့် ခေတ်မီသောလူနေအိမ်ပုံစံများကို ရှု့မြင်ရပါမည်။ ကားဖြင့်(၁:၃၀)နာရီခန့် ဝေးကွာသော လော့စန်းသို့ ထွက်ခွာပါမည်။ ထိုမှတဆင့် သင်္ဘောဖြင့် မြစ်သုံးမြစ်ဆုံရာနေရာရှိ တောင်တစ်ခုလုံးကို ထွင်းထုထားသော လော့စန်းဘုရားကြီးကို သင်္ဘောပေါ်မှ ဖူးမြော်ကြည်ညိုပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် ကားဖြင့်(၁:၃၀)နာရီကြာမောင်းနှင်၍ အော့မေရှန်းမြို့သို့ ရောက်ရှိပါမည်။ ဆက်လက်ပြီး ဗုဒ္ဓဘာသာဗဟိုအစည်းအရုံးချုပ်လည်းဖြစ် အယ်မေတောင်ခြေရှိ အကြီးဆုံးဘုံကျောင်းဖြစ်သော Baoguo Temple သို့ လည်ပတ်ပြီးနောက် အယ်မေတောင်၏အခြေစိုက်စခန်းလည်းဖြစ် Jin မင်းဆက်ခေတ်က ပထမဦးဆုံးတည်ထားခဲ့သော Fuhu Temple ကျားဘုံကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ဘုန်းကြီးကျောင်းများတွင် အခန်းများစွာဖွဲ့စည်းထားပြီး ဗုဒ္ဓဘာသာဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့ပါသည်။ တောင်တန်းပေါ်တွင် တည်ထားသောကြောင့် သာယာလှပသော ဘုံကျောင်းတစ်ခုဖြစ်ပြီး ပတ်ပတ်လည်တွင် တောတောင်တို့၏သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - အဲန်းမေစန်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် အယ်မေတောင်ခြေမှ Cable Car ဖြင့် MT.EMEI တောင်ထိပ်သို့ သွားရောက်ပါမည်။ ၄င်းအယ်မေတောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်မှပေပေါင်း (၁၀ဝ၀ဝ)ကျော်မြင့်ပြီး ဗုဒ္ဓဘာသာနှင့်သဘာဝရှုခင်းသာဒေသကြီး တစ်ခုဖြစ်ပါသည်။ ၄င်းဘုရားတောင်သည် တရုတ်ပြည်၏အထွဋ်အမြတ်ထားကိုးကွယ်သော ဘုးရားတောင်(၄)တောင်ထဲမှ ဘုရားတောင်တစ်တောင်အပါအဝင်ဖြစ်ပါသည်။ တောင်ထိပ်တွင် ဖူလျှန်ရဟန္တာတောထွက်ခဲ့ရာနေရာဖြစ်သောကြောင့် တောင်ပေါ်တွင်တည်ထားပြီး လှပသောရှုခင်းတိမ်ပင်လယ်ကြီးနှင့် တိမ်ထက်မြင့်သောရွှေဘုရားကို ဖူးမြော်ရပါလိမ့်မည်။ တောင်ပေါ်ဘုရားတွင် နေ့လည်စာကို သတ်သတ်လွတ် သုံးဆောင်ပါမည်။ ဆက်လက်၍ ကားဖြင့် (၂:၃၀)နာရီခန့်ဝေးကွာသော ချိန်တူးမြို့သို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ချိန်တူး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၁)နာရီခန့် ဝေးကွာသော ကွမ်းဟန်မြို့သို့ သွားရောက်၍တရုတ်ပြည်၏ သမိုင်းဆိုင်ရာရှေးဟောင်း ယဉ်ကျေးမှုအနုပညာပြတိုက်ဖြစ်သော (Guanghan Sanxingdui Museum) သို့ သွားရောက်လေ့လာပါမည်။ ပြီးနောက် (၁)နာရီခန့်ကားစီး၍ ချိန်တူးမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် နာမည်ကြီးအမှတ်တံဆိပ်များစွာကို ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်မည့် ချွမ်းရှီဈေးဝယ်လမ်းကြီးဖြစ်သော Chunxi Road shopping Street သို့ ဈေးဝယ်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် မှော်ဆန်သောစီချွမ်အော်ပရာ ရုပ်ပြောင်းရုပ်လွှဲအနုပညာဖျော်ဖြေမှုပြပွဲ (Sichuan Opera Face Show Performance) ကို လည်းသွားရောက်ကြည့်ရှုပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ချိန်တူး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ချိန်တူးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်၍ CA415(07:40-11:15) လေယာဉ်ဖြင့် ရန်ကုန်သို့ စိတ်အေးချမ်းသာစွာ ပျံသန်းရောက်ရှိပါမည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 1550 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
- အသွားအပြန်လေယာဉ်လက်မှတ်။
- ခရီးစဉ် တစ်လျှောက်တွင် ကြယ်(၄)ပွင့် အဆင့်ရှိ ဟိုတယ်များတွင် တည်းခိုစရိတ်များ။
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊နေ့လည်စာ၊ ညစာများ မပျက်မကွက် တည်ခင်းဧည့်ခံခြင်းမျာ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို ပြုလုပ်ခြင်း။
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များ နှင့် ဝင်ကြေးလက်မှတ်များ။
- ဧည်သည်တော်များ အမောပြေသောက်သုံးရန် နေ့စဉ်တစ်ဦးလျှင် သောက်ရေသန့်(၁)ပုလင်း။
- Visa ဝန်ဆောင်မှု။
- အမြန်ရထားလက်မှတ် (ချုံချင့် - ချိန်တူး)
- Chinese Speaking Guide
- Tour Leader
- Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
- ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန်ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပို နှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု နှင့် ပျောက်ရှမှုများ။(အခန်းသော့၊ သဘက် အစရှိသည်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက်ဝန်ပိုသယ်ဆောင်ခများ။ (Overweight Charges)