Hot Line: (+959) 42 10 130 85
enzh-CNfrjakoth
 
 
DAY 1 (12.04.2019)   ရန်ကုန် - ပီကင်း 
(On Flight)

ရန်ကုန်လေဆိပ်သို့ ည(၁၀)နာရီ အချိန်တွင်checkin ဝင်၍ CA906 (23:50-05:50) လေယာဉ်ဖြင့် ပီကင်းမြို့သို့ ပျံသန်းရောက်ရှိပါမည်။

 
DAY 2 (13.04.2019) ပီကင်း
(-/L/D)

beijing-02

နံနက်(05:50)နာရီတွင် ပီကင်းလေဆိပ်သို့ ရောက်ရှိရာလေဆိပ်အတွင်းတွင် ဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီးနောက် “ထျန်အမ်မှိန်ရင်ပြင်တော်ကြီး”ကို သွားရောက်ကြည့်ရှုပါမည်။ ထျန်အမ်မှိန်ရင်ပြတော်ကြီးသည်ကမ္ဘာပေါ်တွင် ဧရိယာအကျယ်ဆုံးရင်ပြင်တော်ဖြစ်ပြီး ရင်ပြင်တော်၌ တရုတ်ပြည်၏ အရေးကြီးသောအစည်းအဝေးခန်းမနှင့် ကြီးကျယ်ခမ်းနားသောအဆောက်အဦးများကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် “ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီး” သို့ သွားရောက်လည်ပတ်ရာရှေးခေတ်လက်ရာဖြင့် တည်ဆောက်ထားသော အဆောက်အဦးပေါင်း ကိုးရာကျော်ကတော့မြင်ရပါလိမ့်မည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်ပါမည်။
ညအိပ် - ပီကင်း

 
DAY 3 (14.04.2019) ပီကင်း
( B/L/D )

beijing-03

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကမ္ဘာ့အံ့ဖွယ်(၇)ပါးစာရင်းဝင်ဂရိတ်ဝေါမဟာတံတိုင်းကြီး သို့ Cable Car ဖြင့် တက်ရောက်ပါမည်။ ၄င်းတံတိုင်းကြီးသည် တရုတ်နိုင်ငံ၏ ဂုဏ်ထူးဆောင်သော အဆောက်အဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ “Land Mark” လည်းဖြစ်ပါသည်။ နိုင်ငံတကာခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ရာနေရာလည်းဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ၂၀ဝ၈ ခုနှစ်တွင် ကျင်းပခဲ့သော အိုလံပစ်အားကစားငှက်သိုက်ရုံကြီးကို ဝင်ရောက်ကြည့်ရှုလေ့လာပြီးနောက် Water Cube ကိုအပြင်ဘက်မှ လှည့်ပတ်ကြည့်ရှုပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့အိပ်စက်ပါမည်။
ညအိပ် - ပီကင်း

 
DAY 4 (15.04.2019) ပီကင်း
( B/L/D)

beijing-04

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ထျန်စေတီတော်ကြီးကို သွားရောက်ဖူးမြော်ရာ ရှေးခေတ်အဆက်ဆက်သောဘုရင်များက “မိုးနတ်မင်းကိုပူဇော်ကန်တော့ရန်နှင့် တိုင်းပြည်သာယာဝဖြိုးရေးအတွက် ဆုတောင်းရန်” နေရာလည်းဖြစ်ပါသည်။ ထို့နောက် “Summer Palace” နွေရာသီနန်းတော်ကြီးကို သွားရောက်လေ့လာမည်။ နွေရာသီနန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များ သွားရောက်အပန်းဖြေရာ နေရာဖြစ်၍ လှပသောရေအိုင်များ၊ ပန်းခြံအဆောက်အဦးများ၊ ဘုရားကျောင်းများ၊ တံတားများ၊ ကမ္ဘာ့အရှည်ဆုံးစောင်းတန်းများကို တွေ့မြင်ရလိမ့်မည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ပီကင်း

 
DAY 5 (16.04.2019) ပီကင်း - နန်ကျင်း
( B/L/D)

beijing-05

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ပီကင်းမြို့မှကမ္ဘာ့အမြန်ဆုံးရထား G111 (08:40-12:57) ဖြင့် နန်ကျင်းမြို့သို့ ထွက်ခွာ၍ ဒေါက်တာဆွန်ယက်ဆင်ဂူဗိမာန်ဖြစ်သည့် Sun Yat Sen Mausoleum သို့ သွားရောက်လည်ပတ်ပြီးနောက် သမ္မတအိမ်တော်ရာကိုလည်း သွားရောက်လေ့လာပါမည်။ ရှေးခေတ်အခါက နာမည်ကျော်ကြားခဲ့သော ကွန်ဖြူးရှပ်ဘုရားကျောင်းသို့ သွားရောက်၍ တရုတ်ပြည်၏ ရှေးဟောင်းအဆောက်အဦးများကို လေ့လာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - နန်ကျင်း

 
DAY 6 (17.04.2019) နန်ကျင်း - ဝူစည်
( B/L/D)

beijing-06

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၂:၃၀)ခန့် ဝေးကွာသော စည်မြို့ကြီးကို သွားရောက်ပါမည်။ ဝူစည်မြို့သို့ ရောက်ရှိလျှင်နာမည်ကျော်ကြားသော CCTV ရုပ်ရှင်ရိုက်ကွင်းကြီးထဲသို့ ဝင်ရောက်ကြည့်ရှူလေ့လာမည်။ ထို့နောက် ထိုကဟူရေအိုင်ကြီးထဲတွင် သင်္ဘောစီး၍လည်ပတ်မည်။ ပြီးနောက် ဉာဏ်တော်အမြင့်ဆုံး(Lingshan) ကြေးသွန်းဘုရားကြီး ကိုသွားရောက် ဖူးမြော်ပါမည်။ မြတ်စွာဘုရားပွင့်တော်မူသော အခါနဂါးကိုးကောင်၏ရေသပ္ပာယ်နေပုံ သရုပ်ဖော်ပြခန်းများကိုလည်း တွေ့မြင်ရလိမ့်မည်။ ပြီးနောက် Qingming Bridge Water Lane Street သို့သွားရောက်လည်ပတ်၍ တူးမြောင်းပေါ်တွင် တည်ဆောက်ထားသော ရှေးဟောင်းတံတား၊ အဆောက်အဦးများနှင့် လူနေမှုစရိုက်သဘာဝများကို လေ့လာနိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက်ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနား အနားယူပါမည်။
ညအိပ် - ဝူစည်

 
DAY 7 (18.04.2019) ဝူစည် - ဟန်ဂျိုး
( B/L/D)

beijing-07

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၂၃၀)ခန့်ဝေးကွာသော ဟန်းမြို့သို့ ထွက်ခွာပါမည်။ ဟန်ဂျိုမြို့သို့ရောက်လျှင် နာမည်ကြီးရှေးဟောင်းအမွေအနှစ် ရေကန်ဖြစ်သော (West Lake) အနောက်ရေကန်သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ရေမြေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာသော 168 မီတာမြင်မားသော Jiufeng ထုံးကျောက်တောင်ဟု လူသိများထင်ရှားသော Klippe Ling Yin သို့သွားရောက်လည်ပတ်ပါမည်။ ထိုထုံးကျောက်တောင်တွင် ဂူများစွာဖွဲ့စည်းတည်ဆောက်ထားပြီး ရုပ်ပွားတော်ပေါင်း၃၄၀ဆူ ထွင်းထုတည်ထားပါသည်။ ရှေးခေတ်အခါကနာမည်ကျော်ကြားခဲ့သော Ling Yin Temple လင်ယင်စီဘုရားကျောင်းကြီးကို သွားရောက်ဖူးမြော်ပါမည်။ ပြီးနောက် Southern Song မင်းဆက်ခေတ်(112 -1279 AD)မှ၍ ယဉ်ကျေးမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်ပြီးသာယာဝဖြိုးသော စီးပွားရေဧရိယာဖြစ်သည့် (Qing Ming Hefang Street) ရှေးဟောင်းလမ်းမသို့ သွားရောက်လည်ပတ်ပါမည်။ Qing နှင့် Ming မင်းဆက်လက်ထက်သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများကို တွေ့မြင်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဟန်ဂျိုး

 
DAY 8 (19.04.2019) ဟန်ဂျိုး - ရှန်ဟဲ
( B/L/D)

beijing-08

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၂၃၀)ခန့်ဝေးကွာသော ရှန်ဟဲမြို့သို့ ထွက်ခွာပါမည်။ ရှန်ဟဲမြို့သို့  ရောက်လျှင် 2010 Shanghai Expo ဥယျာဉ်ကြီးထဲတွင် နိုင်ငံပေါင်းစုံ၏ ဗိသုကာလက်ရာများကို သွားရောက်လေ့လာပါမည်။ ထို့နောက် (Jade Budda Temple) ကျောက်စိမ်းဘုရားကို ဝင်ရောက်ဖူးမြော်ပါမည်။ ထို့နောက် ချိန်ဟွမ်မော်မြို့ဟောင်းကြီးထဲတွင် Chenghuang Temple သို့ သွားရောက်လည်ပတ်ပြီးလျှင် ညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူမည်။
ညအိပ် - ရှန်ဟဲ

 
DAY 9 (20.04.2019) ရှန်ဟဲ
( B/L/D)

beijing-09

ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးလျှင် ရှန်ဟဲမြို့၏နာမည်ကြီး အဆောက်အအုံဖြစ်သည့် “အရှေ့တိုင်းနှင်းပုလဲတာပါ” သို့သွားရောက်လေ့လာပါမည်။ နေ့လည်စာကို ရှန်ဟဲမြို့၏အမြင့်ဆုံး “အရှေ့တိုင်းနှင်းပုလဲတာဝါ” ပေါ်တွင် ဘူဖေးသုံးဆောင်ရင်း ရှန်ဟဲမြို့အလှကိုစားပြီးနောက် ရေနံပန်းချီ၊ ပန်းပု ပန်းချီစသည့် လက်မှုပညာများနှင့်ပြခန်းများ၊ ကဖေး၊ ဖက်ရှင်ဆိုင်များနှင့် ဓာတ်ပုံစတူဒီယိုဆိုင်ခန်းများ စသည့်စုံလင်စွာတည်ရှိသည့် TianziFang သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ရှန်ဟဲမြို့၏အလယ်ပိုင်းရှိ ဟွမ်ဖမြစ်၏ ကမ်းနားဧရိယာရှိအဆောက်အဦးများဖြင့်စည်ကားလှသော The Bund သို့ သွားရောက်လည်ပတ်ပြီးနောက် နန်ကျင်းဈေးလမ်းမကြီးသို့ ဈေးဝယ်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ရှန်ဟဲ

 
DAY 10 (21.04.2019) ရှန်ဟဲ - ပီကင်း - ရန်ကုန်
( B/-/-)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရှန်ဟဲလေဆိပ်သို့ ပို့ဆောင်၍ CA1520 (12:5515:10) လေယာဉ်ဖြင့် ပီကင်းလေဆိပ်သို့ ပျံသန်းပါမည်။ ထိုမှတဆင့် ဆက်လက်၍ CA905 (19:30-22:50) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပျံသန်းရောက်ရှိပါမည်။


***ဧည့်သည်တော်များ  ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဝန်ဆောင်မှုဈေးနှုန်း

တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း - 2040 USD
*လေယာဉ်လက်မှတ်နှင့်လူဦးရေပေါ်မူတည်၍ ဈေးနှုန်းပြောင်းလည်းနိုင်ပါသည်။

ခရီးစဉ်ဝန်ဆောင်မှုတွင်ပါဝင်သောအရာမျာ:
  • ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်။
  • အဆင့်မြင့်ဟိုတယ်များတွင် တည်းခိုစရိတ်များ။
  • ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ မပျက်မကွက် တည်းခင်းဧည့်ခံခြင်းများ။
  • ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
  • Visa ဝန်ဆောင်မှု။
  • အမြန်ရထားလက်မှတ်
  • တစ်ဖက်နိုင်ငံမှ Local Guide နှင့် Bus Captain တို.၏ခရီးစဉ်တစ်လျောက် လိုက်ပါဝန်ဆောင်မှု။
  • Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
  • Fully Light မှနွေးထွေးပျူငှာသော Tour Leader တစ်ဦး၏လိုက်ပါဝန်ဆောင်မှု။
ခရီးစဉ်ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်တွင် ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများ နှင့် ထိုဝင်ကြေးများ။
  • စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အခြားအဖျော်ယမကာများ။
  • ဟိုတယ်တွင် သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့် အပိုနှင့် Mini Bar အသုံးပြုခများ။
  • ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။ (အခန်းသော့၊ သဘက်အစရှိသည့်)
  • ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
 

ADDRESS INFORMATION

B-801, Dagon Center (1), Bargayar Road, Myaynigone, Sanchaung Township, Yangon, Myanmar.
(+959) 421013085, (+959) 33377782
(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
09 – 4210 13085
Fully Light Travels & Tours Co.Ltd.
844 769380

MEMBER OF